Favipiravirကို ဘယ်ရောဂါတွေအတွက် သုံးနိုင်သလဲ။
Favipiravirကို တုပ်ကွေးအတွက် ထုတ်ထားတယ်ဆိုပေမယ့် လေ့လာချက်တွေအရ
-တုပ်ကွေးဗိုင်းရပ်စ်ပေါင်း ၅၃မျိုးလောက်မှာ သုံးလို့ရနိုင်တယ်လို့ ပြောထားပါတယ်။ ဒါ့ပြင်
-အီဘိုလာ ဖြစ်တုန်းကလည်း သူ့ကို သုံးဖို့ ရည်ရွယ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
-တိရိစ္ဆာန်တွေနဲ့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်ချက်အရ တခြား RNAဗိုင်းရပ်စ်တွေကို ကုသတဲ့နေရာမှာ အစွမ်းထက်တာကိုလည်း တွေ့ရပါတယ်။ လူမှာကတော့ တိကျတဲ့ အဖြေမရသေးပါဘူး။
Favipiravirက ကိုဗစ်ကုသဆေးလား။
Favipiravirကို ကိုဗစ်ကုသတဲ့ နေရာမှာ သုံးဖို့ WHOက တရားဝင် ကြေညာထားခြင်း မရှိပါဘူး။ နိုင်ငံအလိုက် စမ်းသပ်ပြီး သုံးစွဲနေတာမျိုး၊ အရေးပေါ်အသုံးပြုခွင့် ပေးထားတာမျိုးလောက်ပဲ ရှိပါတယ်။ တရုတ်၊ ဂျပန်၊ ရုရှား၊ အမေရိကန်၊ အိန္ဒိယ၊ ဆော်ဒီ စတဲ့ နိုင်ငံတွေနဲ့ တခြားနိုင်ငံလေးတွေမှာ စမ်းသပ်သုံးစွဲဆဲအဆင့်ပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာတော့ အလားတူ Remdesivir ထိုးဆေးကို သုံးပါတယ်။
WHOကတော့ Chloroquineအုပ်စု၊ Remdesivir၊ Favipiravir အပါအဝင် ဗိုင်းရပ်စ်ဆေး အုပ်စု၊ ခုခံအားထိန်းညှိပေးတဲ့ ဆေးတွေ၊ သွေးရည်ကြည်ကုထုံး စတာတွေကို ကိုဗစ်ကုသ၊ ကာကွယ်ရေးမှာ သုံးဖို့ တိုက်တွန်းထားခြင်း မရှိပါဘူး။ နိုင်ငံအလိုက် ကောင်းနိုးရာရာ ကုထုံးတွေကိုသာ စမ်းသပ်ကုသပေးနေတာ ဖြစ်ပါတယ်။ သက်သာသွားတဲ့သူတွေလည်း ရှိပါတယ်။ ဆေးပညာအရ ကျယ်ကျယ်ပြန့်ပြန့် မစမ်းသပ်နိုင်လို့ တိတိကျကျသက်သေပြလို့ မရတာမျိုးပါပဲ။
Favipiravirနဲ့ ကောင်းကျိုး ဆိုးကျိုး
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။