စားစရာတွေကို ရေသေချာဆေးလိုက်တာနဲ့တင် သန့်ရှင်းပြီလား။ အခြားပိုးမွှားတွေ ကပ်နိုင်တဲ့ နည်းတွေရှိတာရော သိရဲ့လား။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဈေးကဝယ်လာတဲ့ အသီးအရွက်တွေ အသားငါးတွေကို ရေစင်အောင်ဆေးလိုက်မယ်၊ ဒိတ်ကုန်သွားတဲ့ နို့ဘူးတွေကို လွှင့်ပစ်လိုက်တာနဲ့တင် အစားအသောက်တွေ စိတ်ချရမှုကို သင်ကောင်းကောင်းနားလည်နေတယ်ဆိုရင် မှားသွားပါလိမ့်မယ်။ ရေဆေးရုံ မကောင်းတာကို လွှင့်ပစ်လိုက်ရုံနဲ့ အစားအသောက်တွေအားလုံး သန့်စင်သွားမယ်၊ စိတ်ချရမယ်လို့ မဆိုလိုပါဘူး။ ဒီတော့ ဘယ်နေရာမှာ မှားနေလဲ ဆိုတာကြည့်ရအောင်။ ။ ချက်တဲ့နေရာမှာလား သန့်စင်တဲ့နေရာမှာလား သိမ်းတဲ့နေရာမှာလား။

အသားစိမ်းတွေနဲ့ အခြား အသင့်စား အစားအစာတွေ ကို တစ်ပန်းကန်ထဲ ထားမိတဲ့အခါ။

ကိုယ်စားနေတဲ့အစားအသောက်တွေ မသန့်ရှင်းတာ၊ ပိုးဝင်တာတွေ အများဆုံးကို ဖြစ်နိုင်တာက အသားစိမ်းတွေနဲ့ ချက်ပြီးသား အသားတွေ တူတူသိမ်းထားမိတာမျိုးဖြစ်ပါတယ်။ ဒီလို တစ်ပန်းကန်ထဲ တူတူထားမိတဲ့အခါ အသားစိမ်းတွေမှာရှိတဲ့ ဘက်တီးရီးယားတွေ ချက်ပြီးသားအသားတွေထဲ အလွယ်တကူ ရောက်သွားနိုင်လို့ အစာအဆိပ်သင့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ကို တစ်ပန်းကန်ထဲ မဟုတ်ဘဲ ခွဲထားဖို့ လိုတာပါ။

ခဲနေတဲ့ အသားတွေကို အခန်းအပူချိန်မှာ အရည်ပျော်အောင် ဒီတိုင်းထားလိုက်တဲ့အခါ။ ။

Defrosting လို့ခေါ်တဲ့ အအေးခံထားတဲ့အသားတွေကို 4.44°C ကနေ 60°C အတွင်း အခန်းအပူချိန်မှာပြန်ပျော်အောင် ဒီတိုင်း မီးဖိုချောင်ထဲမှာ ထားလိုက်တဲအခါ မိနစ် ၂၀ အတွင်း ဘက်တီးရီးယားပေါက်ပွားမှု အဆ ၂၀ ဖြစ်သွားနိုင်ပါတယ်။ ဒ့ါကြောင့် အအေးခံထားတဲ့အသားတွေ ပြန်နွေးစေဖို့ အခန်းအပူချိန်မှာဒီတိုင်းရေထဲ နှစ်မထားဘဲ ရေခဲရေနဲ့ အသားကြားထဲက ရေခဲတုံးတွေ ပျော်အောင်လုပ်တာ၊ microwave ထဲ ထည့်ပြီး ခဲနေတာကို အရည်ပျော်အောင်လုပ်တာမျိုးတွေ လုပ်ပေးပါ။ ပျော်အောင်လုပ်ပြီးသား အသားတွေကို အေးခဲအောင်လုပ်ပြီး ပြန်မသိမ်းသင့်ပါဘူး။

ချက်ပြီးသား ပူနွေးနွေးဟင်းတွေကို ရေခဲသေတ္တာထဲ မသိမ်းခင် အပြင်မှာ အအေးအရင်ခံလိုက်တဲ့အခါ။

ချက်ပြီးသား ဟင်းတွေကို အခန်းအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ရှိတဲ့ နေရာမှာ ၂ နာရီထက်ကြာအောင် မထားသင့်ပါဘူး။ 4.44°C ကနေ 60°C အပူချိန်မှာဆို ဘက်တီးရီ်းယားတွေ အလျင်အမြန်ပေါက်နိုင်တယ်မလား။ ဒါ့ကြောင့် ချက်ပြီးသားဟင်းတွေကို ရေခဲ့သေတ္တာထဲ မထည့်ခင် အပြင်မှာ နာရီဝက် တစ်နာရီလောက်ပဲ ထားသင့်ပါတယ်။ ပြီးတာနဲ့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။

မကျက်တကျက် အစားအစာတွေ ဟင်းထဲ ပါလာတဲ့အခါ ။။

မကျက်တကျက် ပြုတ်ထား၊ ကြော်ထားတဲ့ ဥတွေ အသားတွေမှာ Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါလာတတ်ပြီး ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ ေသွးဝမ်းသွားတာ၊ ချမ်းတုန်ပြီးဖျားတာ၊ ခေါင်းကိုက် ပျို့အန်ချင်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် မကျက်တကျက်ချက်ထားတဲ့ အသားတွေမှာ E.coli လို့ခေါ်တဲ့ ဘက်တီးယားတွေ၊ သန်ကောင်ဖြစ်စေမယ့် ဥတွေ ပါလာတတ်တာကြောင့် အသားတွေ အားလုံးကို ကျက်အောင် ချက်ဖို့ အရေးကြီးပါတယ်။

နှပ်ပြီးသား အသားတွေကို ဒီတိုင်း ခုံပေါ်မှာ တင်ထားလိုက်တဲ့အခါ

နှပ်ပြီးသား အသားတွေကို အခန်းအပူချိန် မှာ ဒီတိုင်းထားလိုက်ရင် ရောဂါပိုးမွှားတွေ အလွယ်တကူပေါက်ပွားတာ၊ ကပ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အသားတွေ နှပ်ထားပြီးတဲ့အခါတိုင် းရေခဲသေတ္တာထဲ လုံလုံခြုံခြုံဖုံးပြီး ခဏပြန်ထည့်ထားပါ

လက်ကို သေချာသန့်စင်အောင် မဆေးတဲ့အခါ။

ပန်းကန်တွေ၊ အသားတွေမှာပဲ ရောဂါပိုးမွှားတွေ ကပ်နေတယ်လို့ မထင်လိုက်ပါနဲ့။ သေချာသန့်စင်အောင် မဆေးထားတဲ့သင့်ရဲ့ လက်တွေမှာလည်း ရောဂါပိုးတွေ အများကြီး ကပ်တွယ်နေနိုင်ပါသေးတယ်။ ဒါ့ကြောင့် အစားအစာတွေကို မကိုင်ခင် စက္ကန့် ၂၀ အလိုနဲ့ ကိုင်ပြီး စက္ကန့် ၂၀ နောက်ပိုင်းမှာ လက်ကိုသေချာဆေးပါ။ လက်ကိုဆပ်ပြာသုံးပြီးဆေးဖို့လည်း မမေ့ပါနဲ့။

ပန်ကန်ဆေးတဲ့အဖတ်တွေ ဖော့တွေကို မှန်မှန် မလဲတဲ့အခါ။

ဘယ်လောက်ပဲ သန့်ချင်လို့ ပန်းကန်တွေကို ဆေးနေပါစေ သူတို့ကို ဆေးတဲ့ ဖော့တို့ အဖတ်တို့က မသန့်တဲ့အခါ ရောဂါပိုးတွေ ပြန်ပြန်ကပ်နေတာနဲ့တင် ဘာမှ ထူးမှာ မဟုတ်ပါဘူး။ ဒ့ါကြောင့် ပန်းကန်ဆေးြပီးတိုင်း အဖတ်တွေကို သေချာပြန်သန့်ရှင်းပါ။ ရေကို သေချာညှစ်ပြီး နေရောင်အောက်မှာ အခြောက်ခံပါ။ ၁ လတစ်ခါ မှန်မှန် လဲပေးပါ။

ဒါတွေကတော့ ဘယ်လောက်ပဲ ကိုယ်ကသန့်နေတယ်လို့ ထင်နေပါစေ။ မထင်ထားမိတဲ့နည်းတွေကနေ အစားအသောက်ထဲ ဘက်တီးရီးယားတွေ ရောက်နိုင်တာတွေ ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစားအစာတွေကို ရေဆေးရုံ၊ ဒိတ်ကုန်နေတဲ့ အစားအသောက်တွေကို လွှင့်ပစ်လိုက်ရုံနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဖန်တီးနိုင်တယ်လို့ မဆိုလိုပါဘူး။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

အစားအသောက်ကနေ  ပိုးကူးစက်ပြီး အစာအဆိပ်သင့်တာက အဖြစ်များပါတယ်။ ဝယ်ယူတာကစပြီး စားတာအထိ သန့်သန့်ရှင်းရှင်း လုပ်မယ်ဆိုရင် ပိုးကူးစက်မှုကို လျှော့ချနိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ

အထက်လန်အောက်လျှော က အဖြစ်များတဲ့ရောဂါပါ။ အများစုက အလိုလို သက်သာပေမယ့် အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာတော့ ဆရာဝန်နဲ့ ပြသလို့ လိုအပ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)

အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များလာခြင်းက ရေရှည်မှာ လူနာကို ဘာဖြစ်စေနိုင်သလဲ။ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲဆိုတာ လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အိမ်သာမဝင်ခင် လက်ဆေးသင့်လား…………………

ဟုတ်ပါတယ်။  အိမ်သာမဝင်ခင်မှာ လက်ဆေးသင့်ပါတယ်။ အကြောင်းကတော့ လက်ချောင်းတွေမှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်လို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ကူးစက်နိုင်သည့် အရေပြားရောဂါများ

ကူးစက်နိုင်သည့် အရေပြားရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 3 mins read