backup og meta

COVID-19 Positive လူနာတစ်ယောက်က ဘယ်လိုနေထိုင် စားသောက်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 14/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 Positive လူနာတစ်ယောက်က ဘယ်လိုနေထိုင် စားသောက်ရမလဲ

    အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်ဆေးမှုတွေကို သေသေချာချာလုပ်လာနိုင်တော့ လူနာတိုးနှုန်းကလည်း တစ်နေ့ကို ၁၀၀၀ ဝန်းကျင်အထိ ရှိလာပါတယ်။ ၁၁ရက်ကျော်ရင် ရောဂါမကူးနိုင်တော့တာကြောင့် ပိုးရှိရှိ မရှိရှိ လူနာတွေကို ဆေးရုံပေးဆင်းပြီး နေအိမ်မှာပဲ ဆက်ပြီး Quarantine လုပ်ခိုင်းထားတာကြောင့် မှာ ဘယ်လိုနေထိုင် စားသောက်ရမလဲဆိုတာက အရေးပါတဲ့ မေးခွန်းတစ်ခုဖြစ်လာနေပါတယ်။

    ဒီလိုအခြေအနေမျိုးမှာ နေအိမ်မှာနေရတယ်ဆိုပြီး နေချင်သလိုနေတာ၊ စားချင်သလိုစားတာတွေ ပြုလုပ်လို့မရပါဘူး။ သတ်မှတ်ချက်တွေနဲ့ ညီညွတ်စွာ နေထိုင်ဖို့ လိုအပ်သလို ကျန်းမာရေးနဲ့ကိုက်ညီစွာ စားသောက်ဖို့ကလည်း အထူးအရေးကြီးပါတယ်။

    ကွာရန်တင်းဝင်တယ်ဆိုတာဟာ မိမိမှာ ပိုးမကူးအောင်၊ မိမိပတ်ဝန်းကျင်ကလူတွေကို ပိုးမကူးစက်အောင် ခေတ္တကာကွယ်နေထိုင်တာဖြစ်တာကြောင့် ကိုယ်တိုင်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ့်ကို ဂရုစိုက်ပြီး ကျန်းမာအောင်နေထိုင်မှ ကိုယ်လည်း ရောဂါကင်းရှင်းပြီး တခြားသူတွေကိုလည်း ကာကွယ်ပေးနိုင်မှာမို့ ကုသိုလ်လည်းရ ကိုယ်လည်းအကျိုးရှိတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။

    နေအိမ်မှာ Home Quarantine ဝင်သူတွေရဲ့ နေထိုင်၊ စားသောက်မှုပုံစံနဲ့ပတ်သက်ပြီး နိုင်ငံတကာက ကျန်းမာရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေရှိပါတယ်။ ဒီလမ်းညွှန်ချက်တွေကို ပြန်လည်ပြောပြလိုပါတယ်။

    Home Q နေချိန်မှာ ဘယ်လို နေထိုင်ရမလဲ

    နေအိမ်ကွာရန်တင်းဝင်ချိန်မှာ ပုံမှန်လူတစ်ယောက်လို ပြန်နေထိုင်လို့မရသေးပါဘူး။ COVID-19 ဟာ ကူးစက်နှုန်းမြန်ဆန်တာကြောင့် အောက်ပါ လမ်းညွှန်ချက်တွေကို လိုက်နာပြီးနေထိုင်ဖို့ လိုအပ်ပါတယ်။

    • နေအိမ်ရှိလူတိုင်းနဲ့ ၆ ပေ အကွာမှာနေပါ
    • နေအိမ်မှာ ပိုးကူးစက်ခံထားရခြင်းမရှိသူတွေ ရှိနေတယ်ဆိုရင် သီးခြားနေထိုင်ပါ၊
    • မိသားစုဝင်တွေနဲ့ ထိတွေ့မှုကို လျှော့ချပါ၊
    • ပုံမှန် မျက်နှာဖုံးတပ်ဆင်ထားပါ၊
    • လက်ကို ပုံမှန်ဆေးကျောပါ
    • အသုံးအဆောင်တွေကို သီးသန့်အသုံးပြုပါ၊
    • ပုံမှန် ဆေးဝါး မှီဝဲပါ၊
    • ရောဂါလက္ခဏာတွေကို မပြတ်ဆန်းစစ်နေပါ၊
    • အွန်လိုင်းက မှာယူထားတဲ့ အစားအစာနဲ့ ပစ္စည်းတွေကို ကိုယ်တိုင် မယူပါနဲ့၊ မိသားစုဝင်တစ်ဦးဦးကို အကူအညီတောင်းပါ၊
    • အိမ်ပြင်ထွက်ပြီး လေ့ကျင့်ခန်းမလုပ်ပါနဲ့၊ နေအိမ်အတွင်းမှာ မိမိသီးခြားရှိနေတဲ့ နေရာမှာသာ ပြုလုပ်ပါ၊
    • ကိုယ်တိုင်လည်း အိမ်မှာနေပါ၊ ဧည့်သည်လည်း မလာစေပါနဲ့၊
    • စိတ်ကျန်းမာရေးအတွက် အကူအညီလိုအပ်လာရင် တောင်းဆိုဖို့ တွန့်ဆုတ်မနေပါနဲ့။

    Home Q နေချိန်မှာ ဘယ်လိုစားသောက်မလဲ

  • အစီအစဉ်ချပါ – ကိုယ်ဘာစားမယ်။ ဘယ်အချိန်တွေစားမယ်။ ဘယ်လို အစားအစားမျိုးကို ရွေးချယ်မှီဝဲမယ်ဆိုတာကို ကြိုတင်အစီအစဉ်ချပြီး ဖြည့်တင်းထားဖို့ လိုအပ်ပါတယ်။ Home Q ဝင်နေပါတယ်ဆိုမှ လမ်းထဲဝင်လာသမျှ အသည်တွေကို ခေါ်ပြီးစားနေလို့မဖြစ်ဘူးလေ။
  • လတ်ဆတ်တဲ့ အစားအစာတွေစားပါ – လတ်ဆတ်တဲ့ အသားငါး၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပြီး နေ့စဉ်မှီဝဲတာမျိုးပြုလုပ်ပါ။ တတ်နိုင်သမျှ အသင့်စားအစားအစာတွေနဲ့ အေးခဲထုပ်ပိုးစာတွေကို မစားဖြစ်အောင် ရှောင်ပါ။
  • အိမ်ချက်လက်ရာတွေကို စမ်းသပ်မှီဝဲပါ – နေအိမ်မှာနေထိုင်ပြီး ခေါက်ဆွဲပြုတ်စားလိုက် ကြက်ဥကြော်စားလိုက်ချည်းလုပ်နေလို့ မဖြစ်ပါဘူး။ မိမိတတ်သလောက် မှတ်သလောက် ဟင်းချက်နည်းတွေေ လေ့လာပြီး ချက်ပြုတ်စားသောက်တာက စိတ်ပင်ပန်းမှုကိုလည်း ပြေလျော့စေပါလိမ့်မယ်။
  • စားမယ့် ပမာဏကို ဂရုစိုက်ပါ – များများစားမှာလား၊ နည်းနည်းစားမှာလား သေချာစဉ်းစားပြီးမှ ချက်ပြုတ်စီမံပါ။ ဒီကာလတွေမှာ အပြင်ထွက်ဖြစ်မှာမဟုတ်တာကြောင့် မိမိမှာရှိနေတဲ့ အစားအစာတွေကို စနစ်တကျ စီမံချက်ပြုတ်နိုင်ဖို့ အရေးကြီးပါတယ်။ Home Q စဝင်တဲ့နေ့ကတည်းက ရှိသမျှ တထိုင်တည်းစားလိုက်မိတာမျိုးဆိုရင် နောက်ရက်တွေမှာ ဒုက္ခများပါလိမ့်မယ်။
  • ဆားလျော့စားပါ – ဆားဟာ သွေးတိုးသမားတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။ ဆိုဒီယမ်ကို လိုအပ်တာထက် ပိုပြီးမှီဝဲမိရင် လူ့ကျန်းမာရေးကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ တစ်နေ့ကို ၅ ဂရမ်ထက်ပိုမစားမိဖို့ ဂရုစိုက်သင့်ပါတယ်။
  • သကြားစားသုံးမှုကိုလည်း လျော့ချပါ – ဆားတင်မကပါဘူး သကြားကလည်း သင့်ကို အန္တရာယ်ပေးနိုင်ပါတယ်။ ခွန်အားဖြည့်အချိုရည်တွေ သောက်သုံးတာမျိုး၊ အချိုတွေလွန်လွန်ကဲကဲစားတာမျိုးတွေကို ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ အချိုစားချင်စိတ်ပေါ်လာရင်တောင် တော်ရုံသင့်ရုံပဲ မှီဝဲဖို့ လိုအပ်ပါတယ်။
  • အဆီလျော့စားပါ – Quarantine ကာလမှာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးတတ်ကြတာမို့ အဆီအလွန်အကျွံမှီဝဲမိတယ်ဆိုရင် ကိုယ်အလေးချိန်မြင့်တက်တာမျိုး ကျန်းမာရေးနဲ့ မညီညွတ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အဆီဓာတ်ကို နေ့စဉ် Energy လိုအပ်ချက်ရဲ့ ၃၀% အောက်သာ မှီဝဲဖို့ WHO က တိုက်တွန်းထားပါတယ်။
  • ဖိုက်ဘာဓာတ်ကို ပြည့်ဝအောင် မှီဝဲပါ – အမျှင်ဓာတ်လို့ခေါ်တဲ့ ဖိုက်ဘာဓာတ်ဟာ အစာခြေစနစ်ကို အကျိုးပြုတဲ့ ဓာတ်တစ်မျိုးပါ။ ဗိုက်ပြည့်စေတဲ့ ခံစားချက်လည်း ရစေပါတယ်။ အလွန်အကျူးစားသောက်မိတာတွေ မဖြစ်အောင် ဖိုက်ဘာဓာတ်က ကူညီနိုင်ပါတယ်။ ဖိုက်ဘာဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုမှီဝဲရင် ပိုကျန်းမာစေမှာပါ။
  • ရေဓာတ် ပြည့်ဝနေပါစေ – ရေများများသောက်တာက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အလေ့အထတစ်ခုပါ။ ရေဓာတ်ဆုံးရှုံးရင် ကိုယ်ခံအားစနစ် ထိခိုက်နိုင်တာမို့ ရေဓာတ်မဆုံးရှုံးအောင် နေဖို့ လိုအပ်ပါတယ်။ ရေချည်းမသောက်ချင်ရင် ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးလေးတွေ မှီဝဲပေးနိုင်ပါတယ်။
  • ဆေးလိပ်၊ အရက်ရှောင်ပါ – အိမ်မှာပဲဆိုပြီး တစ်ခွက်တဖလား ကစ်တာမျိုးတွေ မလုပ်ပါနဲ့။ အရက် ဆေးလိပ် အလွန်အကျွံမှီဝဲသူတွေမှာ COVID-19 ပိုးဒဏ်ကို ပိုခံရလေ့ရှိပါတယ်။
  • [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 14/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement