brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ကိုဗစ်က သက်သာလာရင်ရော ဘာတွေခံစားရနိုင်မလဲ………

ကိုဗစ်ကူးစက်ခံရသူ အများစုဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဖြည်းဖြည်းချင်း ပြန်လည် ကျန်းမာလာကြတယ် ဆိုပေမယ့် အချို့သူတွေမှာတော့ ကိုဗစ်အလွန်ဝေဒနာတွေကို ခံစားရတတ်ပါတယ်။

ကိုဗစ်က သက်သာလာရင်ရော ဘာတွေခံစားရနိုင်မလဲ………

ကိုဗစ်အလွန်ဝေဒနာတွေဆိုတဲ့နေရာမှာ မျိုးစိတ်အသစ် ထပ်မံ ကူးစက်ခံရတာမျိုး ဖြစ်နိုင်သလို ခံစားခဲ့ရတဲ့ ကိုဗစ်ဗိုင်းရပ်စ် အမျိုးအစားကို တကျော့ပြန် ပြန်ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုဗစ်ကူးစက်ခံရပြီး ၄ ပတ်ကနေ ၄ ပတ်အထက် ကာလအတွင်းမှာလည်း အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

ကိုဗစ်ကူးစက်ခံရပေမယ့် လက္ခဏာ မပြတဲ့သူတွေမှာလည်း ကိုဗစ်အလွန် ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက အမျိုးအစား ကွဲပြားနိုင်သလို ခံစားရတဲ့အချိန်ကာလလည်း ကွာခြားနိုင်ပါတယ်။ တစ်မျိုးမက ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။

ကိုဗစ်က သက်သာလာရင်ရော ဘာတွေခံစားရနိုင်မလဲ………

ကိုဗစ်က သက်သာလာပြီဆိုရင်တောင်မှ ကိုဗစ်အလွန် ဝေဒနာကို ရက်သတ္တပတ်နဲ့ချီပြီး ခံစားရတာမျိုး ရှိနိုင်သလို လနဲ့ချီပြီး ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။

ဒီလက္ခဏာတွေက ပြင်းထန်စွာခံစားရသူတွေမှာမှ ခံစားရတာ မဟုတ်ပါဘူး။ သိပ်မပြင်းထန်သူတွေမှာရော ရောဂါလက္ခဏာ မပြသူတွေမှာပါ ခံစားရနိုင်ပါတယ်။ ကိုဗစ်အလွန်မှာ အခုလို ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။

  • အသက်ရှူရ ခက်ခဲတာ
  • အသက်ရှူတာ ပြတ်တောင်းပြတ်တောင်းဖြစ်တာ
  • ခြေကုန်လက်ပမ်းကျတာ
  • ပင်ပန်းနွမ်းနယ်တာ
  • ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်တိုင်းမှာ ခံစားနေရတဲ့ လက္ခဏာတွေ ပိုဆိုးလာတာ
  • တွေးဖို့ ခက်ခဲတာ၊ အာရုံစိုက်ဖို့ ခက်တာ
  • ချောင်းဆိုးတာ
  • ရင်ဘတ်အောင့်တာ
  • ဗိုက်အောင့်တာ
  • ခေါင်းကိုက်တာ
  • နှလုံးခုန်မြန်တာ
  • အရိုးအဆစ် နဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ
  • တဆစ်ဆစ် နာကျင်တာ
  • ဝမ်းသွားတာ
  • အိပ်မပျော်တာ
  • အဖျားတက်တာ
  • မတ်တတ်ရပ်တဲ့အခါ မိုက်ခနဲ မူးတာ
  • အဖုအပိမ့်တွေ ထွက်တာ
  • စိတ်ခံစားမှု ပြောင်းလဲတာ
  • အနံ့အရသာ ပြောင်းတာ
  • လေဒီလေးတွေမှာ ရာသီစက်ဝန်း ပြောင်းတာမျိုးတွေ ရှိနိုင်ပါတယ်။

ကိုဗစ်ကြောင့် ခံစားရနိုင်တဲ့ Multiorgan Effects

ကိုဗစ်ရောဂါခံစားရဖူးသူတွေ အထူးသဖြင့် ရောဂါပြင်းထန်သူတွေမှာ multiorgan effects ဒါမှမဟုတ် autoimmune conditions ကို ရက်သတ္တပတ်နဲ့ ချီပြီးဖြစ်ဖြစ်၊ လနဲ့ချီပြီးပဲ ဖြစ်ဖြစ် ခံစားရနိုင်ပါတယ်။

multiorgan effects ကို အဓိက ခံစားရနိုင်တဲ့ အစိတ်အပိုင်းတွေကတော့ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အရေပြား၊ ဦးနှောက်တို့ပါ။ Autoimmune conditions ကို ခံစားရတဲ့အခါမှာတော့ ကိုယ်ခံအားစနစ်က ကျန်းမာတဲ့ ကိုယ်ခံအားဆဲလ် တွေကို မှားယွင်းစွာ တိုက်ခိုက်မိတာကြောင့် ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်သလို နာကျင်တဲ့ ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ တစ်သျှူး ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။

ကလေးတွေမှာတော့ multisystem inflammatory syndrome (MIS) ကို ခံစားရနိုင်ပါတယ်။ MIS က ခန္ဓာကိုယ်ရဲ့ အမျိုးမျိုးသော အစိတ်အပိုင်းတွေကို ရောင်ရမ်းစေနိုင်ပါတယ်။

ဒီလက္ခဏာတွေကို ခံစားရပြီဆိုရင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကိုဗစ်က ပြန်လည် ကျန်းမာလာချိန်မှာ ပြည့်ပြည့်ဝဝ အနားယူဖို့ လိုသလို အာဟာရပြည့်ဝအောင် စားဖို့လည်း လိုပါမယ်။ အစားစားချိန်မှန်ဖို့လည်း မေ့ထားလို့ မရပါဘူး။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 09/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။