COVID-19 နဲ့ ဗီတာမင် D ရဲ့ အခန်းကဏ္ဍ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 25, 2020 . 3 mins read
Share now

COVID-19 ရောဂါပိုးကူးစက်မှုကို ရှောင်လွှဲနိုင်ရေးမှာ ဗီတာမင် D က ဘယ်လို အခန်းကဏ္ဍမျိုးကနေ ပါဝင်နေသလဲ? သွေးထဲက ဗီတာမင် D ပမာဏဟာ ကိုဗစ်ရောဂါဟန့်တားရေးမှာ အရေးပါနေသလား?

နိုင်ငံအသီးသီးမှာ မတူကွဲပြားစွာပြုလုပ်ထားတဲ့ အမျိုးမျိုးသော သုတေသနရလဒ်တွေက ညွှန်ပြနေကြတာကတော့ ကိုဗစ်ဝေဒနာ ခံစားနေရတဲ့ လူနာအများမှာ သွေးတွင်း ဗီတာမင် D ပမာဏ နည်းပါးနေတယ်ဆိုတာပါပဲ။

ဒါ့အပြင် ဗီတာမင် D ချို့တဲ့မှု ဝေဒနာခံစားရတဲ့ တိုင်းပြည်တွေက လူနာတွေဟာ ဗီတာမင် D ပမာဏပိုများတဲ့ တိုင်းပြည်တွေက လူနာတွေထက် သေဆုံးနှုန်းပိုများပါသေးတယ်တဲ့။ ဗြိတိန်မှာဆိုရင် ကိုဗစ်လူနာတွေရဲ့ ၁၇% ဟာ ဗီတာမင် D ချို့တဲ့နေသူတွေပါ။

ကျွမ်းကျင်သူတွေကတော့ သွေးတွင်း ဗီတာမင် D ပမာဏဟာ ကိုဗစ်ကို တိုက်ထုတ်ရာမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အကူအညီဖြစ်စေတဲ့ အရာတစ်ခုဖြစ်ပြီး ကိုယ်တွင်း ခုခံအားစနစ်က အလွန်အမင်းတုံ့ပြန်တာ၊ မိမိခန္တာကိုယ်အတွင်းက ဆဲလ်တွေနဲ့ တစ်ရှူးတွေကို ပြန်လည်တိုက်ခိုက်စေတဲ့ Cytokine Storm ဖြစ်ပေါ်တာတွေကို တားဆီးပေးနိုင်တယ်လို့ ဆိုထားပါတယ်။

အမေရိကန်၊ အင်္ဂလန်၊ အိုင်ယာလန်၊ အင်ဒိုနီးရှားနဲ့ ကနေဒါတို့မှာ နောက်ဆုံးပြုလုပ်ထားတဲ့ သုတေသန ၈ ခုရဲ့ ရလဒ်တွေအရ ဗီတာမင် D ဟာ ကိုဗစ်ရောဂါတားဆီးရေးနဲ့ တိုက်ထုတ်ရေးမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အကူအညီပေးနိုင်တယ်ဆိုတဲ့ အချက်ကို ခိုင်မာစေခဲ့ပြီဖြစ်ပါတယ်။

နေပူရင် ပိုးသေတာလား

ဗီတာမင် D လို့ ဆိုလိုက်ရင် နေရောင်ခြည်ကနေရတယ်လို့ လူတိုင်းနီးပါး သိကြပါတယ်။ မနက်ခင်းနေခြည် နွေးနွေးလေးက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပြီး စိတ်ခံစားမှု ကောင်းစေဖို့အကောင်းဆုံး ပံ့ပိုးပေးတဲ့ ဗီတာမင် တစ်မျိုးပေါ့။

ဒီမှာ မေးခွန်းထုတ်စရာရှိလာတာက ကိုဗစ်တားဆီးရေးမှာ ဗီတာမင် D လိုအပ်တယ်ဆိုရင် နေရောင်ခြည်ခံယူရုံနဲ့ ကိုဗစ်ကို မတားဆီးနိုင်ဘူးလားဆိုတာပါပဲ။
မရဘူးလို့ ဆိုရမှာပါ။ ကိုဗစ်ကို တိုက်ထုတ်ရာမှာ ဗီတာမင် D က အရေးပါတာမှန်ပေမယ့် နေရောင်ခြည်မှာပါဝင်နေတဲ့ တခြားအရာတွေဖြစ်ကြတဲ့ ခရမ်းလွန်ရောင်ခြည် (UVA ၊ UVB နဲ့ UVC) ကတော့ ဗီတာမင် D လို အကျိုးကျေးဇူးမျိုး ပေးမှာမဟုတ်ပါဘူး။

နေရောင်ခြည်မှာ အများဆုံးပါဝင်နေတဲ့ ခရမ်းလွန်ရောင်ခြည် UVA နဲ့ UVB တို့ဟာဆိုရင် အရေပြားအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အရေးအကြောင်းတွေဖြစ်တာ၊ အရွယ်မတိုင်ခင် အိုမင်းတာတွေ၊ အသားအရေထိခိုက်မှုတွေ၊ အရေပြားထဲကDNA ကို ထိခိုက်စေတာတွေ၊ နေလောင်တာတွေနဲ့ အရေပြားကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဗီတာမင် D သီးသန့် အလိုရှိတယ်ဆိုရင် တခြားနည်းလမ်းကို အသုံးပြုဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ ဗီတာမင် D ဟာ နေရောင်ခြည်တစ်မျိုးတည်းကနေ ရရှိတဲ့ အာဟာရဓာတ်မဟုတ်ပါဘူး။ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။

အဆီဓာတ်ပါဝင်တဲ့ တူနာ၊ မာကရီယယ်၊ ဆာလ်မွန်စတဲ့ ငါးတွေ၊ နို့ထွက်ပစ္စည်းတွေ၊ လိမ္မော်ရည်၊ ပဲနို့၊ စီရီယယ်၊ အမဲသာ၊ ကလီစာ၊ ဒိန်ခဲနဲ့ ဥတွေကနေလည်း ရရှိနိုင်ပါတယ်။

ဗီတာမင် D ရဲ့ ဆိုတာ

ဗီတာမင် D ဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် D ဟာ ကိုယ်ခံအားစနစ်၊ အရိုး၊ ကြွက်သားစတာတွေကို ပံ့ပိုးပေးတဲ့ အာဟာရဓာတ်ဖြစ်တာမို့ ဒီအရာတွေနဲ့ ဆက်နွယ်တဲ့ ဝေဒနာတွေကို ကုစားရာမှာ အသုံးဝင်ပါတယ်။

  • မွေးရာပါ Phosphate ဓါတ်နည်းသောရောဂါ
  • ကျောက်ကပ်အားနည်းသောရောဂါ
  • Hypothyroid (ဟိုက်ပိုသိုက်ရိုက်ရောဂါ)
  • Pseudohypothyroid (ဆူဒိုဟိုက်ပိုသိုက်ရိုက်ရောဂါ)
  • ကိုယ်ခံအားစနစ် လွန်ကဲမှုကြောင့်ဖြစ်သော အရေပြားရောဂါ
  • အရိုးပျော့ရောဂါ
  • အရိုးပွရောဂါ
  • ကလေးငယ်များတွင်ဖြစ်သော အရိုးခွင်ခြင်း
  • ကျောက်ကပ်ကြောင့်ဖြစ်သော အရိုးအားနည်းခြင်း
  • ကိုယ်ခံအားစနစ်မူမမှန်ခြင်းနဲ့
  • ကင်ဆာရောဂါတစ်ချို့ကို ကုစားရာမှာ အထောက်အကူဖြစ်စေပါတယ်။

တစ်ခုသတိထားရမှာက ဗီတာမင် D ဟာ ဓာတ်မတည့်ခြင်းဖြစ်စေနိုင်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်တွေအနေနဲ့လည်း ဗီတာမင် D လွန်ကဲမှုမဖြစ်ဖို့ လိုအပ်ပါတယ်။ ဗီတာမင် D ပမာဏလွန်ကဲမယ်ဆိုရင် အောက်ပါ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

  • သွေးတိုးခြင်း
  • အဖျားတက်ခြင်း
  • နှလုံးခုန်မမှန်ခြင်း
  • ဗိုက်အောင့်ခြင်း
  • အရိုး/ကြွက်သားများနာကျင်ခြင်း
  • ဝမ်းချုပ်/လျှောခြင်း
  • မူးဝေခြင်း/ခေါင်းကိုက်ခြင်း/ပျို့အန်ခြင်း (ကလေးများနှင့်အရွယ်ရောက်သူများတွင်)
  • မောပန်းနွမ်းနယ်ခြင်း
  • အာခေါင်ခြောက်ခြင်း
  • ရေဆာခြင်း
  • ညဘက်တွင်ဆီးခဏခဏသွားခြင်း၊ဆီးများခြင်း
  • အစားစားချင်စိတ်လျော့နည်းခြင်း
  • ခံတွင်းပျက်ခြင်း၊ စတာတွေပါပဲ။

ဒါကြောင့် ဗီတာမင် D ဟာ ကိုဗစ်ကို တွန်းလှန်ရာမှာ အသုံးတည့်တယ်ဆိုပေမယ့် တခြားဘေးအန္တရာယ်တွေကိုလည်း သတိထားရမှာမို့ ဗီတာမင် D လွန်ကဲမှုမဖြစ်အောင် သတိထားဖို့ လိုအပ်ပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် ဗီတာမင် D ဟာ ကိုရိုနာရောဂါကို သေချာပေါက် ပျောက်ကင်းစေမှာမဟုတ်သလို ရောဂါပိုးကူးစက်မလာအောင်လည်း အလုံးစုံကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။

ဒါပေမယ့် ဗီတာမင် D ပြည့်ဝနေတာဟာ ကိုဗစ်အပါအဝင် ကူးစက်ရောဂါတွေ အလွယ်တကူ မကူးစက်လာအောင်၊ ရှိနေရင်လည်း ပြန်လည်တိုက်ထုတ်နိုင်အောင်တော့ တစ်စိတ်တစ်ပိုင်းအားဖြင့် ကူညီပေးနိုင်တာအမှန်ပဲဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ်ရောဂါပိုးကူးစက်မှုကို ကာကွယ်ရာမှာ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်အောင်နေတာ၊ အာဟာရဓာတ်ပြည့်ဝစွာ မှီဝဲစားသောက်တာအပြင် ဗီတာမင် D ကိုလည်း ပြည့်ဝနေအောင် ဖြည့်တင်းထားတာဟာ အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

အိပ်ရေးဝဝ အိပ်တာ၊ မလိုအပ်ဘဲ အပြင်မသွားတာ၊ လူစုလူဝေးရှောင်တာ၊ လက်ဆေးတာ၊ မဖြစ်မနေ အပြင်သွားရမယ်ဆိုရင် နှာခေါင်းစည်းတပ်တာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာတွေက COVID-19 ကို ကာကွယ်ရေးမှာ အရေးအကြီးဆုံး နည်းလမ်းတွေပါပဲ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

ကျောက်ကပ် မှာ ဖြစ်တဲ့ ရောဂါတွေက ဘာတွေများလဲ။ ဒီရောဂါတွေကို ဘာတွေက ဖြစ်တာလဲ။ မဖြစ်အောင် ကာကွယ်လို့ရလား။ ဘယ်လိုကုသနိုင်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

စိတ်ဖိစီးမှု ကြောင့် သွေးတက်နိုင်ပါသလား။ တကယ်လို့ သွေးတက်ခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုရမလဲ။ သွေးပေါင်မြန်မြန်ချတာက အန္တရာယ်ကင်းရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

COVID-19 အရှိန်ကျလာနေပြီဆိုပေမယ့် သတိထားဖို့ လိုအပ်နေပါသေးတယ်။ အခြေအနေအရ လူစုလူဝေးအကြားမှာ ပါဝင်ပတ်သက်ရဖို့ရှိလာရင် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

စိတ်ဖိစီးမှုကြောင့် သွေးတက် တာလား။ သွေးတိုးရောဂါကြောင့် သွေးတက်တာလား။ စိတ်ဖိစီးမှုကြောင့် သွေးတက်ရင် ဘာတွေလုပ်ကြမလဲ။ ဘာတွေ မလုပ်ရဘူးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
how-hope-affects-your-health မျှော်လင့်ချက်ထား

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
စိတ်ပူပင်လို့ ရင်တုန်လာတာလား... နှလုံးရောဂါလား....

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read