backup og meta

လူငယ် များနဲ့ COVID-19

လူငယ် များနဲ့ COVID-19

ဧပြီ ၁၃ရက်နေ့တုန်းက စာရင်းတွေအရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြု လူနာ ၂၂ယောက် တွေ့ခဲ့တဲ့ထဲမှာ ၃ယောက် သေဆုံးသွားခဲ့ပါတယ်။ ဒီထဲက ၂ယောက်က သက်ကြီးပိုင်း၊ နဂို ရောဂါအခံရှိတဲ့သူတွေပါ။ နောက်ဆုံးတစ်ယောက်က လူငယ် သက်လတ်ပိုင်း အမျိုးသား တစ်ဦးပါ။ ဘာရောဂါအခံလည်း မပြောနိုင်ပေမယ့် ရုတ်တရက် သန်သန်မာမာ သွားနိုင်လာနိုင်ကနေ ရုတ်တရက် သေဆုံးသွားခဲ့တဲ့ အတွက် လူတွေစိတ်ထဲမှာ အတော်ပဲ ကြောက်လန့်သွားခဲ့ကြပါတယ်။

ခု စက်တင်ဘာ ၃ရက်နေ့မှာလည်း ၄၆နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြန်ပါတယ်။ သူကတော့ အရေပြားလေးဖက်နာနဲ့ ကျောက်ကပ်ရောဂါအခံရှိသူလို့ဆိုပါတယ်။ လက်ရှိစာရင်းတွေ (၉.၄.၂၀၂၀)အရတော့ သေဆုံးသူ ၇ဦးထိရှိသွားပါပြီ။

ကိုယ့်တစ်နိုင်ငံထဲလား ဆိုတော့ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း အလားတူ ဖြစ်ရပ်တွေ ရှိပါတယ်။ အမေရိကန်မှာဆိုရင် မှတ်မှတ်ရရ အသက်၃၀အရွယ် အမျိုးသား တစ်ဦးက ရောဂါကူးစက်ခံရပါတယ်။ သူ့မိန်းမ အပါအဝင်ပေါ့။ ဒါပေမယ့် သူတို့က ပေါ့ပေါ့ပါးပါးပါပဲ။ ဒါက လူကြီးပိုင်းတွေ၊ ရောဂါအခံရှိတဲ့သူတွေမှာပဲ အသေအပျာက်များတယ်ဆိုတာ သိထားတာကိုး။ ဒါပေမယ့် မထင်ရက်စရာ ကောင်းလောက်အောင် ဒီသန်သန်မာမာ အမျိုးသားက ရုတ်တရက်  အိပ်ရာထဲမှာ သေဆုံးသွားပါတယ်။ ဒါဟာ ဖြစ်ရပ်ပေါင်းများစွာထဲက တစ်ခုပါ။

အားလုံးသိထားကြတာ ဒီရောဂါက သက်ကြီးပိုင်းတွေ၊ နဂိုရောဂါအခံရှိတဲ့ သူတွေမှာ အဖြစ်များတယ်။ အသက်အန္တရာယ်ရှိတယ်ပေါ့။ လူငယ်ချင်း တူရင်တောင် တချို့က ဘာမှမဖြစ်သလို ပြန်ကောင်းလာပြီး တချို့က ဘာလို့ သေဆုံးသွားရတာလဲ။

ဒီအတိုင်းဆိုရင် လူငယ်တွေရဲ့ အသက်ကိုရော ခြိမ်းခြောက်နေပြီလားလို့ မေးစရာရှိပါတယ်။ ဒါတွေနဲ့ ပတ်သတ်ပြီး ပညာရှင်တွေက ဘာပြောထားလဲ ဆိုတာ ကြည့်ကြည့်ရအောင်။

ဘာကြောင့် လူငယ်တွေမှာ အန္တရာယ်ရှိနိုင်တာလဲ။

အောက်က အချက်တွေကတော့ ပညာရှင်တွေရဲ့ ယူဆချက် သက်သက်သာဖြစ်ပါတယ်။ ပိုပြီး တိတိကျကျပြောနိုင်ဖို့ လေ့လာစမ်းသပ်မှုတွေ လုပ်ရဦးမှာပါ။

  • မျိုးဗီဇပြောင်းလဲတာ

COVID-19 ဗိုင်းရပ်စ်ဟာ အဆုတ်ထဲကို ဝင်ဖို့ဆိုရင် ACE2 receptorကို ပေါင်းပြီး ဝင်ရပါတယ်။ ဒီ receptorက အသက်ရှူလမ်းကြောင်းအပြင် နှလုံး၊ အစာအိမ်နဲ့ အူလမ်းကြောင်းမှာလည်း ရှိနေပါတယ်။ ဒီreceptorဟာ ပရိုတင်း အမျိုးအစား ဖြစ်တဲ့ အတွက် မျိုးဗီဇပြောင်းနိုင်ပါတယ်။ တချို့သူတွေမှာ ဒီreceptor ဗီဇပြောင်းလဲပြီး ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်ထဲကို ဝင်ရလွယ်တာ ဝင်ရခက်တာမျိုးတွေ ရှိနိုင်တာကြောင့်လားလို့ ယူဆကြပါတယ်။

  • Surfactant ပျက်စီးတာ

Surfactant ဆိုတာ အဆုတ်ထဲကို လေဝင်လာရင် ဖောင်းလာအောင်၊ လေထွက်သွားရင် ပိန်သွားအောင်၊ နောက်တစ်ခါ လေဝင်လာရင် ပြန်ဖောင်းနိုင်အောင် လုပ်ပေးတဲ့ ပစ္စည်းပါ။ အဆုတ်အိတ်ငယ်လေးတွမှာ ရှိပါတယ်။ မွေးစမှာ ကလေးတွေကို တဝါးဝါး အော်ငိုခိုင်းလိုက်တာက စပြီး Surfactant တွေ စအလုပ်လုပ်ပါတယ်။

ဒီCOVID-19က အဆုတ်အိတ်ငယ်လေးတွေကို ဖျက်ဆီးပစ်လို့ လူနာက မောလာတာပါ။ အဆုတ်အိတ်ငယ်တွေမှာရှိတဲ့ ဒီSurfactant တွေကို ဖျက်ဆီးလိုက်လို့များ လူနာတွေ အပြင်းအထန်မောနေတာလားပေါ့။

အထူးသဖြင့် တချို့လူနာတွေမှာ အသက်ရှူစက်တပ်ထားတာတောင် အသက်ရှူဖို့ ခက်ခဲနေတာကို တွေ့ရတော့ ဒီပစ္စည်းတွေ ပျက်ဆီးသွားလို့ အဆုတ်က လေဝင်တာတောင် မဖောင်းနိုင်ပဲ အောက်ဆီဂျင်နည်းသွားတာလားဆိုပြီး ပြောနေကြပါတယ်။

  • ခုခံအား အလွန်အကျွံ တုံ့ပြန်ခြင်း

ခန္ဓာကိုယ်ထဲကို ရောဂါပိုး တစ်ခုဝင်လာရင် ခုခံအားက ပြန်တိုက်ပါတယ်။ ခုလည်း COVID-19က ပိုးအသစ်ဖြစ်လို့ ကိုယ်ထဲရောက်လာရင် ခုခံအားတွေက ဝိုင်းတိုက်မှာပါပဲ။ ဒါက ပုံမှန်ပါ။ ဒါပေမယ့် တချို့သူတွေရဲ့ ခုခံအားက လိုတာထက်ပိုပြီး တုံ့ပြန်ပါတယ်။ Overactive ဖြစ်တယ်ပေါ့။

တကယ်တော့ ရောဂါကို တိုက်ထုတ်တယ်ဆိုတာ နှစ်ဖက်စစ်ဖြစ်သလိုပါပဲ။ သူ့ဘက်က ထိတာရှိသလို ကိုယ့်ဘက်မှာလည်း ထိတာရှိပါတယ်။ ကြားထဲက ပြည်သူတွေလည်း ထိနိုင်တာပါပဲ။

ရောဂါ ၁၀ဖိုး ဝင်လာရင် ကိုယ့်ဘက်က ၁၀ဖိုးနဲ့ တိုက်ထုတ်ရင် ရပါပြီ။ ၁၀ဖိုး ဝင်လာတာကို ၁၀၀ဖိုး တိုက်ထုတ်ရင် ဘေးမှာ ရှိတဲ့ ဆဲလ်အကောင်းတွေပါ ပျက်စီးကုန်တာပေါ့။ ဒါ့ပြင် ဒီလို ရောဂါပိုးကို သွေးဖြူဥဆဲလ်တွေက တိုက်ထုတ်တဲ့အခါမှာ cytokineတွေ ထွက်လာပါတယ်။ စစ်သားတွေရဲ့ လက်နက်တွေလိုပေါ့။

ဒီဓာတ်ပစ္စည်းတွေ မလိုအပ်ဘဲ အများကြီး ထွက်တဲ့အခါ ကိုယ်ထဲက တခြားဆဲလ်တွေ ထိခိုက်ကုန်ပါတယ်။ ဒါကို  cytokine storm လို့ခေါ်ပါတယ်။ ဒါကြောင့်များ ဆဲလ်တွေပျက်စီးပြီး ရောဂါဒဏ်ကို ပိုခံရတာလားလို့ ပြောကြတာမျိုးလည်း ရှိပါတယ်။

  • ဗိုင်းရပ်စ်ပမာဏ

ဘယ်လောက်ပဲ ကိုယ်ခံအား ကောင်းနေပါစေ။ ပိုးက ခုခံအားထက် များနေရင် ဒုက္ခရောက်မှာပါပဲ။ လူငယ်တွေက ကိုယ့်မှာ မဖြစ်နိုင်ဘူးလို့ ယူဆပြီး social distancingကို ကောင်းကောင်းမလုပ်တာကလည်း ပိုးတွေ အများကြီးဝင်ဖို့ အခွင့်အရေးပေးသလို ဖြစ်နေတယ်လို့လဲ ဆိုကြပါတယ်။

ဒါတွေကတော့ ပညာရှင်တွေရဲ့ အမြင်သက်သက်ပါ။ ဒါတွေကြောင့်များ တချို့လူငယ်တွေမှာ အန္တရာယ်ဖြစ်သွားတာလားဆိုပြီး ယူဆထားတာတွေပါ။

နောက်တစ်ချက် ပြောချင်တာက လူငယ်တွေမှာလည်း ရောဂါအခံ တစ်ခုခုရှိနေနိုင်ပါတယ်။ လက္ခဏာမပြလို့ မစစ်ဆေးမိလို့ မသိတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရောဂါအခံ မရှိပါဘူးလို့ တရားသေ မသတ်မှတ်ပါနဲ့။

နောက်ပြီး ရောဂါအခံမရှိဘူးဆိုရင်တောင် ခုခံအား ထိခိုက်နိုင်တဲ့ အပြုအမူမျိုးတွေ ရှိနေနိုင်တာပဲ။ ဥပမာ ဆေးလိပ်သောက်လို့ အဆုတ်ပျက်စီးနေတာမျိုး၊ အရက်ကြောင့် ခုခံအား ထိခိုက်နေတာမျိုး။ ဒါကြောင့် ဒီကာလမှာတော့ ဒီအမူအကျင့်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်နေဖို့ လိုပါတယ်။

လူငယ် တွေ ဘယ်လို ကာကွယ်ကြမလဲ။

လူငယ်တွေအနေနဲ့လည်း ဘယ်လိုပဲ ခုခံအား ကောင်းတယ်ပြောပြော ကာကွယ်နည်းတွေကိုတော့ အတိအကျ လိုက်နာရမှာပါ။ ဒါကြောင့်

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://edition.cnn.com/2020/04/05/health/young-people-dying-coronavirus-sanjay-gupta/index.html

https://www.theguardian.com/world/2020/apr/05/severe-covid-19-illness-in-young-down-to-genes-or-viral-load-scientists-say

https://www.livescience.com/genes-for-covid19-coronavirus-severity.html

ယခုပုံစံ

14/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Chan Myae မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

COVID-19 ကပ်ဘေးကာလမှာ ဘာတွေစားသောက်ပြီး ကိုယ်ခံအားကို မြှင့်တင်မလဲ

COVID-19 ကာလမှာ ဘယ်လို ပိုးသတ် သန့်စင်ကြမလဲ။



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement