backup og meta

မကူးစက်နိုင်သော ရောဂါရှိသူများ နှင့် ကူးစက်ရောဂါဆိုးကြီး COVID-19 တို့အကြောင်း

မကူးစက်နိုင်သော ရောဂါရှိသူများ နှင့် ကူးစက်ရောဂါဆိုးကြီး COVID-19 တို့အကြောင်း

မကူးစက်နိုင်သောရောဂါများ (Non-communicable diseases) ဆိုတာကတော့ နှလုံး၊ သွေးတိုး၊ ဆီးချို အစရှိတဲ့ရောဂါတွေပါ။ COVID-19 ကပ်ရောဂါဆိုးကြီးဖြစ်ပွားနေချိန်မှာ လူတိုင်းဟာ မိမိကိုကူးစက်သွားမှာ ကြောက်ကြပါတယ်။ ကူးစက်ပြီးချိန်မှာ ကျန်းမာရေးအခြေအနေဟာ ဘယ်လိုရှိမလဲ၊ ပြန်ကောင်း လာနိုင်မှာလား စသဖြင့်ပါ။ ပုံမှန်သာမန်လူတွေဟာ ဗိုင်းရပ်စ်ကူးစက်ခြင်းခံရတာနဲ့ ဆိုးရွားတဲ့အလား အလာရှိဖို့ နည်းပါတယ်။ ကိုယ်ခံအားစနစ်ကောင်းကောင်းကို ပိုင်ဆိုင်ထားတာကြောင့် ပြန်လည် ကောင်းမွန်သွားနိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။

ဒါဆိုရင်တော့ ဒီလိုကပ်ရောဂါဆိုးကြီးမှာ အထိအနာဆုံးဟာ ဘယ်သူတွေလဲ။

ကမ္ဘာမှာ COVID-19 ကြောင့် သေဆုံးနေရတဲ့သူတွေထဲမှာဘယ်လိုလူမျိုးတွေ အများဆုံးလဲ။

  • အသက် (၆၀) ကျော်တွေ
  • နှလုံးသွေးကြောကျဉ်းရောဂါခံစားနေရသူတွေ
  • လေဖြတ်ဖို့ရန် အလားအလာရှိသူတွေ
  • သွေးတိုးရှိသူတွေ
  • ဆီးချိုရှိသူတွေ
  • ကင်ဆာဝေဒနာရှင်တွေ
  • ခုခံအားကျဆင်းနေသူတွေ (HIV ဝေဒနာရှင်တွေ)
  • အသက်ရှူလမ်းကြောင်းရောဂါ (COPD) နဲ့ ရင်ကျပ်ပန်းနာ (Asthma) ရောဂါသည်တွေ
  • ကလေးတွေပါဝင်ပါတယ်။

ဆေးလိပ်သောက်လွန်းသူတွေဟာလည်း ဗိုင်းရပ်စ်ကူးစက်နိုင်မှုနှုန်း မြင့်ပါတယ်။ ဆေးလိပ်ကို လက်နဲ့ကိုင်ကာ နှုတ်ခမ်းနဲ့ ထိကပ် သောက်သုံးမှုကြောင့် ဗိုင်းရပ်စ်ကူးစက်ဖို့ လွယ်ကူပါတယ်။ ဆေးလိပ်သောက်သုံးမှုကြောင့် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ဟာလည်း ပုံမှန်လူတွေရဲ့ အဆုတ်နဲ့မတူဘဲ ရောဂါရှိကောင်း ရှိနေနိုင်ပါတယ်။

COVID-19 ရောဂါကို လူတိုင်း ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ အထက်ဖော်ပြပါလူတွေကတော့ ဗိုင်းရပ်စ်ကူးစက်ခံရတာနဲ့ ရောဂါ ပြင်းပြင်းထန်ထန် ခံစားရနိုင်ချေရှိသူတွေပါ။

ဒီလိုလူတွေအတွက် နည်းလမ်းကောင်းအချို့ကို ပြောပြပေးပါမယ်။

(၁) ခုလိုကပ်ရောဂါကြီးဖြစ်ပွားနေချိန်မှာ ကပ်ရောဂါကိုပဲ အာရုံစိုက်နေလို့ မဖြစ်ပါဘူး။ နှလုံး၊သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာဝေဒနာရှင်တွေဟာ မိမိရဲ့ဆေးကို မေ့လျော့ပြီးမသောက်သုံးမိပါက ရောဂါအခြေအနေ ဆိုးရွားလာနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်းပဲ ဆေးဝါးတွေကို ဆက်လက်မှီဝဲပါ။ ဆရာဝန်ရဲ့ ဆေးကုသမှုကို ပုံမှန်အတိုင်းဆက်လက်ခံယူပေးပါ။

(၂)  ဆေးရုံဆေးခန်းလို နေရာမျိုးဟာ ဗိုင်းရပ်စ်ရောဂါပိုးကူးစက်နိုင်ဖို့ အများဆုံးနေရာပါ။ ဒါကြောင့် ဆေးကုသမှုခံယူရာမှာ အရင်ကလို ပုံမှန်ရက်ချိန်းနဲ့သွားနေတဲ့ ပုံစံမျိုးတော့ မပြုလုပ်သင့်တော့ပါဘူး။ မိမိဆရာဝန်နဲ့တိုင်ပင်ညှိနှိုင်းပြီး တစ်လစာဆေး (သို့မဟုတ်) နှစ်လစာ၊ ဒီထက်ခြားနိုင်ရင်လည်း ခြားနိုင်သလောက် ဆေးဝါးတွေကို ဝယ်ယူသွားသင့်ပါတယ်။ ဆေးရုံဆေးခန်းလာပြရမယ့် ရက်တွေကို နည်းနိုင်သမျှနည်းအောင် ပြုလုပ်ထားသင့်ပါတယ်။ ရောဂါဝေဒနာမသက်သာလို့ ဆေးရုံသွားပြတာမျိုးကတော့ ခြွင်းချက်ပါ။

(၃) နှလုံး၊ သွေးတိုး၊ ဆီချိုရောဂါဝေဒနာရှင်တွေဟာ သာမန်လူတွေလောက် ကိုယ်ခံအားမကောင်း နိုင်တဲ့အတွက် တခြားသူတွေထက် သတိကြီးကြီးထားဖို့လည်း လိုအပ်ပါတယ်။ နှာချေ၊ ချောင်းဆိုး၊ အအေးမိနေသူတွေနဲ့ တတ်နိုင်သမျှဝေးဝေးနေပါ။ အနည်းဆုံး (၁) မီတာ အကွာမှာနေပါ။ မိသားစုဝင် တွေထဲမှာ ဒီလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်လည်း နီးစပ်ရာ ဆေးရုံဆေးခန်းကိုသွားခိုင်းပါ။https://hellosayarwon.com/

(၄) ရေနဲ့ ဆပ်ပြာကို အသုံးပြုပြီး မကြာခဏ လက်ဆေးတဲ့ အကျင့်ကိုပြုလုပ်ပါ။ သတိကြီးစွာနေပါ။ မမေ့မလျော့ပါနဲ့။ မပျင်းပါနဲ့။ မိမိမှာ နဂိုရောဂါအခံရှိနေတာကို တွေးတော ကြည့်ပေးပါ။

(၅) ဆေးလိပ်ဖြတ်ပါ။  စိတ်ဖိစီးမှုတွေကို အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းတွေနဲ့ မလျှော့ချပါနဲ့။ ဆေးလိပ်သောက်ခြင်းကြောင့် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်မားနိုင်တယ်ဆိုတာကို သတိရပေးပါ။

(၆) ကပ်ရောဂါ အခြေအနေမှာ လူတိုင်းဆိုသလို စိတ်ဖိစီးခြင်း၊ စိတ်ထိခိုက်ခြင်းတွေ ခံစားနေရမှာပါ။ အနည်းနဲ့အများပဲကွာပါတယ်။ သွေးတိုး၊ ဆီးချို၊ ကင်ဆာနဲ့ နှလုံးရောဂါ ဝေဒနာရှင်တွေအနေနဲ့ စိတ်ဖိစီးမှုကို ပိုမိုခံစားရနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့စိတ်ကျန်းမာရေးအခြေအနေကိုလည်း လျစ်လျူမရှုဘဲ ဂရုစိုက်ပေးပါ။ မိမိရဲ့ ကျန်းမာရေးအတွက်ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာကို Hello Sayarwon Website မှာ ဖတ်ရှုနိုင်ပါတယ်။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

08/07/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Mask တွေ လက်အိတ်တွေကို စွန့်ပစ်မယ်ဆိုရင်

ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement