ခုတလော ကိုဗစ်ကာလဖြစ်တဲ့အတွက် ဖြည့်စွက်အားဆေးတွေကို အရင်ကထက် ပိုပြီးသောက်လာကြ၊ အားကိုးလာကြပါတယ်။ ဒါတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေကို တူတူစဉ်းစားကြည့်ရအောင်။
ခုတလော ကိုဗစ်ကာလဖြစ်တဲ့အတွက် ဖြည့်စွက်အားဆေးတွေကို အရင်ကထက် ပိုပြီးသောက်လာကြ၊ အားကိုးလာကြပါတယ်။ ဒါတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေကို တူတူစဉ်းစားကြည့်ရအောင်။
ဖြည့်စွက်အားဆေးဆိုတာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အဓိကပါဝင်ပါတယ်။ ဒီနှစ်မျိုးက micronutrientsလို့ခေါ်တဲ့ ခန္ဓာကိုယ်မှာ ပမာဏနည်းနည်းပဲ လိုအပ်တဲ့ အာဟာရတွေပါ။ သဘာဝအစားအစာတွေကနေလည်း ရနိုင်သလို ဖြည့်စွက်အားဆေးတွေကလည်း ရနိုင်ပါတယ်။
ဖြည့်စွက်ဖို့လိုရင် ပေးကြတာပေါ့။ ဥပမာ
သာမန်လူအနေနဲ့ ဖြည့်စွက်အားဆေးသောက်မယ်ဆိုရင် စဉ်းစားသင့်တာက
ဘာကြောင့်လည်းဆိုတော့ ဖြည့်စွက်အားဆေးတွေကို ဝယ်ယူဖို့ ဆရာဝန်လက်မှတ်မလိုပါဘူး။ လွတ်လွတ်လပ်လပ် ဝယ်လို့ရနေတဲ့အတွက် ကိုယ့်ဟာကိုယ်ဝယ်ပြီး ကိုယ့်ဟာကို သောက်မယ်ဆို ဒါတွေကို အရင်စဉ်းစားပါ။ လူတိုင်းအတွက် အဆင်ပြေချင်မှ ပြေမှာမို့လို့ပါ။
ပြည့်နေတဲ့အိုးကို ရေထပ်ဖြည့်နေသလိုပါပဲ။ မလိုဘဲ သောက်တဲ့အခါ
ကိုဗစ်ကာလမှာ ဖြည့်စွက်အားဆေးတွေကို အမျိုးအစား အဖုံဖုံသောက်လာကြတာကို တွေ့ရပါတယ်။ ကိုယ့်အနေအထားနဲ့ လိုအပ်လို့၊ ချို့တဲ့လို့ သောက်တာက ပြဿနာ မရှိပေမယ့် ခုနကပြောတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားစေချင်ပါတယ်။
ဥပမာ ခုခံအားတက်အောင် ဗီတာမင် စီသောက်ကြတယ်။ သင့်တင့်တဲ့ ပမာဏဆို သောက်လို့ရပါတယ်။ မဖြစ်မနေတော့ မဟုတ်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ကိုဗစ်ကို ဗီတာမင်စီသောက်ပြီး မကာကွယ်နိုင်ပါဘူး။ ဆေးရုံမှာ ကိုဗစ်လူနာတွေကို ပေးတယ်ဆိုတာက ရောဂါဝင်လာလို့ ခုခံအား ကျနေမှာစိုးလို့ ပေးတာပါ။လက္ခဏာတွေ မြန်မြန်သက်သာပြီး မြန်မြန်နာလန်ထူအောင် ထောက်ပံ့ပေးတဲ့သဘောပါ။
စားနိုင်သောက်နိုင်ရင်တော့ အစားအသောက်က ယူတာ အန္တရာယ်အကင်းဆုံးပါ။ ကိုယ်က လူကြားထဲလည်း သွားနေရတယ်။ အစားအသောက်လည်း သေချာ မစားနိုင်ဘူးဆိုရင်တော့ ဆေးသောက်ချင်သောက်လို့ရပါတယ်။ ခုနကပြောသလို သင့်တင့်တဲ့ ပမာဏ (ဗီတာမင်စီဆို တစ်နေ့ ၁၀၀၀မီလီဂရမ်ထက် မပိုဘဲ)နဲ့ ရေရှည်မဟုတ်ဘူးဆိုရင် ပြီးတာပါပဲ။
ဗီတာမင် ဒီလည်း ဒီလိုပါပဲ။ မြန်မာနိုင်ငံမှာဆိုရင်တော့ နေရောင်ခြည်ကနေ ဖောဖောသီသီရနေတော့ သာာမန်ဆို သိပ်မလိုပါဘူး။ သောက်မယ်ဆိုရင်တောင် သွေးစစ်ပြီး လိုမှ သောက်စေချင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူက အဆီမှာပျော်တဲ့ ဗီတာမင်ပါ။ ပိုရင် ကိုယ်ထဲမှာ စုနေမှာပါ။ ဖြစ်သင့်တာက သွေးစစ်၊ လိုရင်သောက်၊ လုံလောက်တဲ့ ပမာဏ ရောက်ရင်ရပ် ဒီလိုဆို အန္တရာယ် ကင်းပါတယ်။
ပြန်ခြုံပြီး ပြောရရင် ဖြည့်စွက်အားဆေးတွေက ကိုဗစ်ကာကွယ်ရေးမှာ ဇာတ်ဆောင်နေရာက မဟုတ်ပါဘူး။ ဇာတ်ပို့နေရာပါ။ မဖြစ်မနေသောက်ဖို့လိုတာတွေ မဟုတ်ပါဘူး။ အာဟာရပြည့်အောင် စားရုံနဲ့တင် လုံလောက်ပါတယ်။ သောက်ချင်သပဆိုရင်လည်း ပမာဏ မလွန်ဖို့၊ ရေရှည်မသောက်ဖို့ လိုပါတယ်။ ရောဂါအခံတွေ၊ သောက်လက်စဆေးတွေ ရှိရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ အဆီမှာ ပျော်တဲ့ ဗီတာမင်တွေ သောက်မယ်ဆိုရင် ကိုယ်ထဲမှာ ချို့တဲ့နေသလား အရင် စစ်ဆေးပြီး လိုမှသောက်ပါ။
ကိုဗစ်ကာကွယ်ရေးမှာ ဇာတ်ဆောင်နေရာက ဖြစ်တဲ့ လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ အိမ်မှာနေတာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာတွေကို အဓိက လိုက်နာပေးကြပါ။
[covid_19]
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။