backup og meta

နှမ်းနက်စေ့ ရဲ့ အစွမ်းထက်အာနိသင် (၇) မျိုး

ပေါင်မုန့်တွေမှာ နှမ်းကပ်ထားတာ၊ ဂျပန်အစားအစာ ဆူရှီတွေမှာ ပါတတ်တာ နှမ်းနက်လေးတွေ တွေ့နေကျပါ။ မြန်မာမုန့်မှာလည်း နှမ်းနက်ယိုဆို လူကြိုက်များတယ်၊ ဆေးဖက်ဝင်တယ်လို့ပြောကြတယ်။ နှမ်းနက်စေ့ မှာ ဆေးဖက်ဝင်အာနိသင်တွေရှိနေတာတော့ အမှန်ပါပဲ။

နှမ်းနက်စေ့ ရဲ့ အစွမ်းထက်အာနိသင် (၇) မျိုး

(၁) ကိုလက်စထရောကို ကျစေတယ်

နှမ်းနက်စေ့မှာပါတဲ့ အမျှင်ဓာတ်က lignans ဆိုတဲ့ အမျိုးအစားပါ။ ဒီအမျှင်ဓာတ်အုပ်စုက သွေးတွင်းကိုလက်စထရောပမာဏကို လျော့ကျစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ နှမ်းနက်စေ့မှာ phytosterols ဆိုတဲ့ ကိုလက်စထရောကျစေတဲ့ အပင်ထွက်ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။

နှမ်းနက်စေ့ ရဲ့ အစွမ်းထက်အာနိသင် (၇) မျိုး

(၂) ကင်ဆာဖြစ်နိုင်ခြေ နည်းစေတယ်

lignans နဲ့ phytosterols တို့ဟာ ကင်ဆာကာကွယ်နိုင်စွမ်းရှိတဲ့နေရာမှာလည်း အာနိသင်တူပါတယ်။ ဒါ့အပြင် နှမ်းနက်စေ့မှာပါတဲ့ sesamin ဒြပ်ပေါင်းကြောင့် အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းစေပြီး အသည်းရဲ့လုပ်ဆောင်ချက်ကိုကောင်းမွန်စေတာကြောင့် ကိုယ်တွင်းသန့်စင်စေတဲ့ အကျိုးကျေးဇူးရှိပါတယ်။

(၃) အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ သက်သာစေတယ်

နှမ်းနက်စေ့ရဲ့ အဆီက ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။ အမျှင်ဓာတ်ကြောင့် ဝမ်းမှန်စေတယ်။ နှမ်းနက်စေ့က အစာမကြေခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

(၄) ဆံပင်ကို နက်မှောင်စေတယ်

နှမ်းနက်စေ့မှာပါတဲ့ အာဟာရဓာတ်တချို့က ခန္ဓာကိုယ်တွင်း melanin ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ melanin ဆိုတာ သဘာဝဆံပင်အရောင်ထိန်းသိမ်းမှုမှာ လုပ်ဆောင်ချက်ပါဝင်တဲ့ ရောင်ခြယ်ဖြစ်ပါတယ်။ ဆံပင်ပိုနက်စေပြီး အရွယ်တင်စေပါလိမ့်မယ်။

(၅) ဗီတာမင် ဘီ တွေအစုံပါတယ်

နှမ်းနက်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ thiamine ၊ niacin နဲ့ ဗီတာမင်B6 တို့ပါဝင်လို့ ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်နဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေအတွက် အကျိုးကျေးဇူးများပါတယ်။

(၆) ကိုယ်ခံအားကို ထောက်ပံ့ပေးတယ်

နှမ်းနက်စေ့ က ဇင့်၊ ဆယ်လီနီယမ်၊ ကော့ပါး၊ သံဓာတ်၊ ဗီတာမင် B6 နဲ့ ဗီတာမင် E တို့ အပါအဝင် ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။

နှမ်းနက်စေ့ ရဲ့ အစွမ်းထက်အာနိသင် (၇) မျိုး

(၇) သွေးဖိအားကို ထိန်းတယ်

နှမ်းနက်စေ့ မှာ မဂ္ဂနီဆီယမ်ကြွယ်ဝလို့ သွေးဖိအားကို ကျစေနိုင်ပါတယ်။ ဒါ့အပြင် lignans ၊ ဗီတာမင် E နဲ့ တခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးကြောတွင်း အဆီချေးတွေ ကပ်ငြိမှုကို ကာကွယ်ပေးပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.organicfacts.net/black-sesame-seeds.html

Accessed May 29, 2019.

https://www.healthline.com/nutrition/sesame-seeds

Accessed May 29, 2019.

https://www.naturalfoodseries.com/11-benefits-sesame-seeds/

Accessed May 29, 2019.

ယခုပုံစံ

24/02/2021

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်္ဘောစေ့ရဲ့ အကျိုးပြုအာနိသင် (၅) မျိုး

ဒန့်သလွန်စေ့ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/02/2021 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement