backup og meta

မျက်တောင်ထူထူလေးနဲ့ လှချင်လား


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်တောင်ထူထူလေးနဲ့ လှချင်လား

    မိန်းကလေးတစ်ယောက်က မျက်ခုံး၊မျက်လုံး၊မျက်တောင်လေးလှမှ ကြည့်ရလှတာနော်။ မျက်ခုံးလေးနဲ့ မျက်တောင်လေးတွေကို သဘာဝအတိုင်းလျအောင်လုပ်ပေးလို့ရပါတယ်နော်။ အရုပ်မလေးလိုမျိုး မျက်တောင်ထူထူကော့ကော့လေးနဲ့ လှချင်တဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။

    ဘာတွေကြောင့်မျက်တောင် ပါးရတာလဲ

    မျက်တောင်ပါးရတဲ့အကြောင်းအရင်း

    • မျိုးရိုးလိုက်တာ
    • အသက်အရွယ်ရလာတာ
    • ဆေးဝါးတွေသောက်သုံးနေရတာ
    • ဓါတုကုထုံးခံယူနေရတာ
    • အာဟာရချို့တဲ့တာ
    • မျက်လုံးမှာ ပိုးဝင်ကူးစက်ခံရတာ
    • ဟော်မုန်းအပြောင်းအလဲဖြစ်တာတွေကြောင့် မျက်တောင်ပါးနိုင်ပါတယ်။

    မျက်တောင်မကျွတ်အောင် ဒါတွေရှောင်

    မျက်တောင်ကျွတ်တာကနေ ကင်းဝေးပြီး မျက်တောင်ရှည်ရှည်ကော့ကော့လေးနဲ့လှပစေဖို့အတွက် လိုက်နာသင့်တဲ့ အချက်ကလေး ၆ ချက်ရှိပါတယ်နော်။

    (၁) မျက်လုံးမပွတ်ပါနဲ့။ မျက်တောင်တွေကျွတ်စေနိုင်တာကြောင့်ပါ။

    (၂) မျက်တောင်ကော့ကိရိယာသုံးတဲ့အခါ မျက်တောင်တွေကို မဆွဲပါနဲ့။

    (၃) ညအိပ်ရာမဝင်ခင် မျက်တောင့်ကော့ဆေးတွေဖယ်ပါ။

    (၄) မျက်တောင့်ကော့ဆေးတွေ မခြောက်ခင်မှာသုတ်ပါ။ ခြောက်သွားမှ သုတ်တာမျိုးမလုပ်ပါနဲ့။

    (၅) မျက်တောင်ကော့ဆေးကို ၆ လထက်ပိုမသုံးပါနဲ့။

    (၆) မျက်လုံးတဝိုက်မှာသုံးတဲ့ မိတ်ကပ်တွေကို သတိထားရွေးချယ်ပါ။ မျက်လုံးနီလာတာမျိုးဖြစ်ရင် ဆက်မသုံးပါနဲ့။

    မျက်တောင်သန်စေတဲ့ သဘာဝပစ္စည်းတွေက

    ကြက်ဆူဆီ

    ကြက်ဆူဆီ ၂ စက်လောက်ကို လာဗင်ဒါဆီတစ်စက် ဒါမှမဟုတ် တမာဆီ တစ်စက် ဒါမှမဟုတ် လက်ဖက်ဆီ တစ်စက်လောက်နဲ့ရောပါ။ပြီးရင် သန့်စင်ထားတဲ့ မျက်တောင်ပေါ်မှာ လက်ချောင်းလေးတွေ သုံးပြီး လူးပေးပါ။ ညမအိပ်ခင်လူးအိပ်ပေးပါ။ ညတိုင်းလူးအိပ်ပေးမယ်ဆိုရင် သိသာတဲ့ရလဒ်ကိုရရှိစေမှာပါ။

    သံလွင်ဆီနဲ့ကြက်ဆူဆီ

    သံလွင်ဆီ ၁ စက် ၂ စက်လောက်ကို ကြက်ဆူဆီ ၁ စက် ၂ စက်ခန့်နဲ့ရောပါ။ပြီးရင် ညမအိပ်ခင်လူးပေးပါ။ မနက်မျက်နှာသစ်တဲ့အခါသေချာသန့်စင်ပေးပါ။ ဒီနည်းလေးက ရိုးစင်းပြီး မျက်တောင်လေးကို ထူထူထဲထဲနဲ့လှစေမှာပါနော်။ ညတိုင်းလူးပေးဖို့တော့ မမေ့ပါနဲ့နော်။

    Petroleum Jelly

    ဒါကလည်းမျက်တောင်လေးတွေ ကော့ညွတ်ရှည်လျားဖို့ အတော်လေးထိရောက်ပါတယ်နော်။ လူးတဲ့အခါ မျက်လုံးထဲမဝင်အောင်တော့သေချာလေးသတ်ထားပေးဖို့လိုပါမယ်။ ညတိုင်းလူးအိပ်ပေးပါ။ မနက်လင်းရင်တော့သေချာလေးသန့်စင်ပေးပါနော်။

    သံပရိုသီးခွံကို သံလွင်ဆီ ဒါမှမဟုတ် ကြက်ဆူဆီထဲထည့်စိမ်ပေးပါ

    သံပရိုသီးတစ်လုံးစာအခွံကို ခွက်တစ်ခုထဲထည့်ပါ ခွက်ရဲ့လေးပုံတစ်ပုံစာလောက် သံလွင်ဆီ ဒါမှမဟုတ် ကြက်ဆူဆီထည့်ပါ။ သံပရိုသီးခွံလေးတွေကို သေးသေးလေးတွေလှီးပြီးစိမ်ပေးတာက အဆင်ပြေဆုံးပါ။ ၂ ရက်ကနေ ၃ရက်အထိစိမ်ပေးပါ။ပြီးရင်တော့ ညအိပ်ရာမဝင်ခင်တိုင်း သတိလေးထားပြီး လူးပေးပါ။ ညတိုင်းပုံမှန်လုပ်ပေးမယ်ဆိုရင် မျက်တောင်လှလှလေးတွေ ပိုင်ဆိုင်နိုင်မှာပါနော်။ သံပရိုခွံမှာပါတဲ့ ဗီတာမင် A က မျက်တောင်တွေသန်စွမ်းအောင် အထောက်အကူပြုပေးနိုင်မှာပါ။

    လက်ဖက်စိမ်းရေနွေးကြမ်း

    လက်ဖက်စိမ်း လက်ဖက်ခြောက် လက်ဖက်ရည်ဇာန်းတစ်ဇွန်းစာကိုရေနွေးပူပူတစ်ခွက်ထဲထည့်လိုက်ပါ။ မိနစ်နည်းနည်းလောက်စိမ်ထားပေးပါ။ အအေးခံပြီးအေးသွားပြီဆိုရင်မျက်တောင်မှာ လူးပေးပါ။ အိပ်ရာမဝင်ခင်လူးပေးပြီး မနက်မှ မျက်နှာသစ်ချပါ။ တစ်နေ့တစ်ကြိမ်ပုံမှန်လိမ်းပေးပါ။

    ဗီတာမင် E

    ဆံသားတွေကိုတင် သန်စွမ်းစေတာမဟုတ်ပါဘူး။ မျက်တောင်လေးတွေကိုပါ သန်စွမ်းစေနိုင်တာပါနော်။ ဗီတာမင် E ကိုမျက်တောင်လေးတွေမှာလူးပေးပါ။ ၃ နာရီ ဒါမှမဟုတ် ၄ နာရီကြာထားပြီးရေဆေးချလို့ရပါတယ်။ တစ်ညလုံးလူးထားပြီး မနက်ခင်းမှာ မျက်နှာသစ်ချပစ်လို့လည်းရပါတယ်နော်။နေ့တိုင်းတော့လုပ်ပေးဖို့ လိုပါမယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement