backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပန်းသစ်ခွ နဲ့ ကျန်းမာရေး
အလှဆင်ဖို့ဖြစ်ဖြစ် အလှကြည့်ဖို့ ဖြစ်ဖြစ် အမြတ်တနိုး စိုက်ပျိုးထားကြတဲ့ ပန်းသစ်ခွ လေးက အဆင်းတင်လှတာ မဟုတ်ဘဲ ကျန်းမာရေး အတွက်လည်း တော်တော်လေး အထောက်အကူ ပြုပေးပါတယ်။

ပန်းသစ်ခွဆိုတာ

သစ်ခွက မျိုးစိတ် အမျိုးမျိုး ရှိသလို အရောင်အသွေး သွင်ပြင် အမျိုးမျိုးပါ။ သစ်ခွက ထိုင်းနိုင်ငံ၊ ဘရာဇီး၊ ဟာဝိုင်ယီ၊ အိန္ဒိယ၊ မလေးရှား၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ဂျပန်၊ ပီရူး တို့မှာ သဘာဝအတိုင်း ပေါက်ရောက်ကြပါသည်။ သစ်ခွတွေက တောတောင်တွေထဲမှာ ပေါက်ရောက်ကြပြီး စိုထိုင်းဆ မြင့်ပြီး ခြောက်သွေ့တဲ့ ရာသီဥတုမှာ အကောင်းဆုံး ဖူးပွင့်ကြပါတယ်။

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

အသွင်လှပတဲ့ ပန်းသစ်ခွ လေးတွေက

စိတ်ဖိစီးမှု ပြေလျော့စေတယ်

စိတ်ဖိစီးမှုက လူတိုင်း လိုလိုမှာ ရှိတတ်ကြပါတယ်။ အသက်အရွယ်မရွေး ကြုံတွေ့ရနိုင်တဲ့ အရာတစ်ခုပါ။ စိတ်ဖိစီးမှုက နည်းည်းဆိုရင် ကိစ္စမရှိပေမယ့် အရမ်းများလာတဲ့အခါ စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်ပါတယ်။

သစ်ခွက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်သလို ရှေးယခင်ကာလတွေကတည်းက စိတ်ပိုင်းဆိုင်ရာကုသမှုဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ သစ်ခွပန်း ကို အလှတင် ထားရုံမဟုတ်ဘဲ စားလို့ရသလို ဖျော်ရည်လည်း ဖျော်သောက်လို့ရပါတယ်။

အရိုးတွေ သန်မာစေတယ်

သွားတွေ အရိုးတွေ သန်မာကြံ့ခိုင်စေဖို့လည်း သစ်ခွကို အသုံးပြုလို့ ရပါတယ်။ ပြုံးလိုက်တိုင်းလှတဲ့ သွားတွေကို ပိုင်ဆိုင်နိုင်စေဖို့နဲ့ စိတ်သွားတိုင်းကိုယ်ပါ သွားလာနိုင်စေဖို့အတွက် ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တွေ ပြည့်ဝဖို့လိုပါမယ်။ သစ်ခွမှာ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးနဲ့သွားတွေ သန်မာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အရိုးပွရောဂါကို ကာကွယ်ဖို့နဲ့ သွားတွေ ကြံ့ခိုင်နေစေဖို့ သစ်ခွပန်း က အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

သစ်ခွပန်း မှာပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်ပျက်စီးတာ ကင်ဆာ လိုမျိုး နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျက်စီးသွားတဲ့ ဆဲလ်တွေကို အထိရောက်ဆုံး ပြုပြင်ပေးပါတယ်။

အစာကြေစေနိုင်တယ်

အစာမကြေတာက လူတော်တော်များများ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ အိမ်တွင်းကုထုံးတွေနဲ့ သက်သာသွားလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ သစ်ခွပန်း မှာပါတဲ့ အမျှင်ဓာတ် နဲ့ ရေဓာတ်က အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းချုပ်တာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံး ကျန်းမာစေတယ်

သစ်ခွပန်း ၊ သစ်ခွပင်အရွက်တွေမှာ ဗီတာမင် C နဲ့ ဗီတာမင် E တို့ ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် မျက်လုံးကို ကျန်းမာစေနိုင်ပါတယ်။ သစ်ခွက အမြင်အာရုံကို ကောင်းစေပြီး မျက်လုံးပြဿနာ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

ပါးစပ်ထဲက အနာကို သက်သာစေတယ်

သစ်ခွပန်း ရဲ့ သတ္တုရည်က ခံတွင်းထဲက အနာကို သက်သာစေတယ်။ ခံတွင်းအနာက အစာခြေအက်ဆစ်ကြောင့် ဖြစ်တာဖြစ်ပြီး သစ်ခွမှာပါတဲ့ ဒြပ်ပေါင်းက အစာခြေအက်ဆစ်ကြောင့်ဖြစ်တဲ့ ခံတွင်းအနာကို သက်သာစေနိုင်ပါတယ်။

အရေပြား ကျန်းမာစေတယ်

လူတိုင်းက ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြပါတယ်။ ကျန်းမာနုပျိုတဲ့ အသားအရေကို ရရှိစေဖို့ သစ်ခွပန်း က ကူညီပေးနိုင်ပါတယ်။ သစ်ခွမှာ အသားအရေကို ကျန်းမာနုပျိုစေနိုင်တဲ့ ဗီတာမင် A နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါပြီ။ အရေးအကြောင်း ကင်းပြီး ကျန်းမာတဲ့ အသားအရေ ပိုင်ဆိုင်နိုင်စေဖို့ သစ်ခွသတ္တုရည်ကို အသုံးပြုပေးလို့ရပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

သစ်ခွပန်း မှာ ​ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက ကိုယ်ခံအား ကောင်းစေပြီး ရောဂါတွေကို ကာကွယ်ပေးသလို ကိုယ်တွင်းမှာ သွေးဖြူဥဆဲလ်အရေအတွက် တိုးစေပြီး ကိုယ်ခံအား ကောင်းစေပါတယ်။

ဘာတွေ သိထားရမလဲ!

သစ်ခွပန်းက ဆေးဖက်ဝင်တာ မှန်ပေမယ့် ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement