brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးတိုးရောဂါ မဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ

သွေးတိုးရောဂါ ဟာ အဖြစ်များပြီး လူတိုင်းမှာဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ အမေရိကန်နှလုံးရောဂါအသင်းကြီးရဲ့ အဆိုအရ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုး မဖြစ် စေဖို့အတွက် အသက် ၃၀ မတိုင်ခင်ကာလ နေထိုင်စားသောက်ပုံက အရေးကြီးတယ်လို့ဆိုပါတယ်။

သွေးတိုးရောဂါ မဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ

သွေးတိုးရောဂါ မဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ

သွေးတိုးရောဂါ မဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ စနစ်ကျတဲ့နေထိုင်စားသောက်ပုံရှိခဲ့မယ်ဆိုရင် အသက်ကြီးလာချိန်မှာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်တဲ့။ ကျန်းမာရေးနဲ့ကိုက်ညီစွာမ နေထိုင်ဘူးဆိုရင်တော့ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုးဖြစ်နိုင်ခြေ ၄၂% ရှိတယ်လို့ဆိုပါတယ်။

American Heart Association ဟာ ဒီလိုသွေးတိုးဝေဒနာကို ရှောင်လွှဲနိုင်ဖို့ဆိုရင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကို လမ်းညွှန်ချက်လည်း ထုတ်ပြန်ထားပါတယ်။

Life’s Simple 7 နဲ့ကိုက်ညီအောင်နေပါ

“Life’s Simple 7″ လို့ခေါ်ဆိုတဲ့ AHA ရဲ့ ဒီလမ်းညွှန်ချက်မှာတော့ နေထိုင်ပုံဆိုင်ရာ အကြံပြုချက်တွေ ပါဝင်နေပါတယ်။ ဒီအချက် ၇ ချက်ကတော့ အောက်ပါအတိုင်းပါပဲ။

ဒီအချက် ၇ ချက်ကို လိုက်နာမယ်ဆိုရင် သင့်ရဲ့ သွေးတိုးရောဂါဖြစ်ပေါ်နိုင်ခြေကို ၄၂% အထိလျှော့ချနိုင်မှာဖြစ်တယ်လို့ လေ့လာချက်တွေအရ သိထားရပါတယ်။

ဒါပေမယ့် ဒီအချက်တွေတိုင်းကို တိတိကျကျလိုက်နာဖို့အတွက် အရေးပါတဲ့အချက်တစ်ခုကိုလည်း အာရုံစိုက်သတိထားထိမ်းကွပ်ဖို့ လိုအပ်တယ်လို့ AHA က သတိပေးပါတယ်။ ဒါကတော့ စိတ်ဖိစီးမှုဖြစ်ပါတယ်။

အထက်ပါ ၇ ချက်လုံးကို လိုက်နာနိုင်ဖို့ဆိုရင် စိတ်ဖိစီးမှုကင်းဝေးအောင်နေထိုင်ဖို့ လိုအပ်တယ်လို့ AHA က ဆိုခဲ့သလို ဒီအချက် ၇ ချက်ကို လိုက်နာခြင်းကြောင့်လည်း စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေနိုင်တာမို့ အပြန်အလှန်ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီအခြေအနေတစ်ရပ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် “Life’s Simple 7″ ကို လိုက်နာတဲ့အခါမှာ သွေးတိုးရောဂါ တင်မက သွေးတိုးရောဂါ နဲ့ ဆက်စပ်ဝေဒနာတွေဖြစ်ကြတဲ့ လေဖြတ်ခြင်း၊ နှလုံးဖောက်ပြန်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်းနဲ့ နှလုံးပျက်စီးခြင်းတွေဖြစ်မလာနိုင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။

DASH နဲ့ စားပါ

ဒါ့အပြင် သွေးတိုးကို ကာကွယ်နိုင်ဖို့ သားသောက်သင့်တဲ့ ပုံစံကိုလည်း AHA က ထုတ်ပြန်ထားပါတယ်။ ဒါကိုတော့ DASH diet (Dietary Approaches to Stop Hypertension) လို့ ခေါ်ပါတယ်။ သွေးတိုးကို ရပ်တန်နိုင်စေဖို့ အထောက်အကူဖြစ်စေမယ့် အစားအစာတွေပေါ့။

DASH အစားအစာတွေဆိုတာကတော့ အောက်ပါ အစားအစာတွေကိုဆိုလိုတာပါ။

ဒီအစားအစာတွေကို အဓိက မှီဝဲပဲပြီး အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အသားတွေ၊ အချိုတွေ၊ အငန်တွေကို ရှောင်ကြဉ်မယ်ဆိုရင် သင် အသက် ၄၀ ကျော်မှာ သွေးတိုးရောဂါ နဲ့ ခပ်ဝေးဝေးနေရာမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်ရှင်သန်ခွင့် ရနေမှာဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/08/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။