backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

သင်ဆီးချိုနဲ့သွေးတိုးရောဂါအတွက် ဒီစားသောက်မှုစနစ် ၉ချက်ကိုသိပါသလား

သင်ဆီးချိုနဲ့သွေးတိုးရောဂါအတွက် ဒီစားသောက်မှုစနစ် ၉ချက်ကိုသိပါသလား

ဆီးချိုရှိတဲ့လူသုံးယောက်မှာနှစ်ယောက်က သွေးတိုးရှိပါတယ်။ သင့်စားသောက်မှုပုံစံမှာကာဘွန်ဟိုက်ဒရိတ်(Carbohydrate)ပါဝင်မှု တွက်ချက်ခြင်း၊သကြားကိုကန့်သတ်စားခြင်း၊ဆားလျှော့စားခြင်းစတဲ့ဂရုတစိုက်ပြုလုပ်မှုတွေကအဓိကဖြစ်ပါတယ်။ သင့်အနေနဲ့ဆီးချို ၊သွေးတိုးရှိနေပေမယ့် အောက်ကအချက်တွေကိုဂရုစိုက်မယ်ဆိုရင်သင့်အနေနဲ့ ကောင်းကောင်းစားနိုင်မယ့်အပြင်သင့်ရောဂါကိုလည်းထိန်းညှိပြီးသားဖြစ်သွားမှာပါ။

၁.ဆားအစားထိုး ကျန်းမာရေးနဲ့ညီညွတ်သောအရသာမှုန့်များသုံးပါ။

သင့်မှာ သွေးတိုးရှိနေပြီဆိုတည်းကသင်တစ်နေ့ကို ဆား(sodium)၁၅၀၀ မီလီဂရမ် ထက်ပိုမစားသင့်ပါဘူး။

လျှာကိုအလိုမလိုက်ပါနဲ့။ ဆားဘူးကိုလက်လှမ်းယူနေမယ့်အစားအစားအစာတွေကိုရှောက်သီးခွံမှုန့်၊ကြက်သွန်ဖြူ၊ Rosemaryရွက်၊ဂျင်း၊ငရုတ်ကောင်းဒါမှမဟုတ်ဇီယာမှုန့်စတာတွေနဲ့အမွှေးခတ်အရသာသွင်းပါ။

အိမ်မှာမိမိဘာသာချက်ခြင်းကပိုအဆင်ပြေပါတယ်။ သွေးတိုးကျနည်းဆိုတဲ့စာအုပ်ကိုရေးသောစာရေးဆရာ Janet Bond Brill က “သင်ဟာဆိုင်ကနေစားစရာတစ်ခုခုမှာစားပြီဆိုရင်သင့်ကိုယ်မှာ sodium ပါဝင်မှုများလာပြီ” လို့ဆိုထားပါတယ်။

၂.အစားအစာများကိုနာရီပုံစံမှတ်ယူပါ။

မျှတတဲ့အစားအစာအသောက်အကျင့်ရဖို့က “သင့်ပန်းကန်ပြားကိုနာရီလိုပုံဖော်ပါ” လို့Baltimore မှာရှိတဲ့ Mercy Medical Center ကဆီးချိုဌာနကိုညွှန်ကြားတဲ့Amber L. Taylorကဆိုထားပါတယ်။

သင့်ပန်းကန်ပြားရဲ့တစ်စိတ်ကိုအသီးအရွက်တွေထည့်ပါ။ ကျန်တဲ့တစ်ဝက်ရဲ့တစ်ဝက်ကိုအသားဓါတ်ကြွယ်ဝတဲ့ငါး၊ပဲဒါမှမဟုတ်ကြက်သားကိုထည့်ပါ။ နောက်ဆုံးတစ်စိတ်ကိုတော့ဆန်ကဲ့သို့ သီးနှံအစေ့( whole grain) တွေကိုထည့်ပါ။

သင့်အနေနဲ့ကာဘွန်ဟိုက်ဒရိတ်ပါဝင်မှုနှုန်းကို ရေတွက်ဖို့လိုဦးမှာဖြစ်ပြီးsodium တွေအလွန်အကျွံမစားဖို့လည်းသတိပြုပါ။

၃.Coffee ကိုလည်းချင့်ချိန်သောက်ပါ။

Coffee မှာပါတဲ့ကဖိန်းဓါတ်သင့်သွေးထဲကသကြားဓါတ်ကိုမြင့်တက်စေရုံသာမက သွေးတိုးလည်းတက်စေပါတယ်။ အာဟာရနဲ့ဆီးချိုအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Torey Jones Armul ကကဖိန်းဓါတ်ကိုတစ်ရက်၂၀၀ မီလီဂရမ် အထိပဲကန့်သတ်ထားဖို့ပြောပါတယ်။ ဒီပမာဏက ကော်ဖီ နှစ်ခွက်စာပမာဏပါ။

၄.အစေ့အဆံနဲ့ဆန်ညိုကဲ့သို့ Whole grain တွေများများစားပါ။

Whole grain တွေက ဗီတာမင် နဲ့ သတ္တုဓါတ် ကြွယ်ဝပြီး အမျှင်ဓါတ် လည်းပါဝင်တဲ့အတွက်သင့်ကိုဗိုက်ပြည့်စေတဲ့အပြင် သွေးထဲကသကြားပါဝင်မှုနှုန်းကိုလည်းထိန်းညှိပေးပါတယ်။Whole grain တွေကိုတစ်ရက်၃ကြိမ်မှ၅ကြိမ်အထိစားပါ။

၅.ငှက်ပျောသီးစားပါ။

ငှက်ပျောသီးတွေက ပိုတက်ဆီယမ် ပါဝင်မှုမြင့်မားပါတယ်။ ငှက်ပျော်သီးသားမကဘဲသခွားမွှေးသီး၊ broccoli ၊မုန်လာဥနီ၊ပဲနီလေး၊ဂျူံပေါင်မုန့်များနဲ့အစေ့အဆံတွေကလည်း ပိုတက်ဆီယမ် ပါဝင်မှုများပါတယ်။

Marina Del Rey ဆေးရုံက အစားအသောက်ဒါရိုက်တာ Lauren Elkins ကလည်း “ပိုတက်ဆီယမ် က sodium ရဲ့ဆိုးကျိုးတွေကို လျှော့ချပေးတဲ့အပြင် သွေးတိုးကိုလည်းထိန်းချုပ်ပေးတယ်” လို့ပြောပါတယ်။

တကယ်လို့သင့်မှာ ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါရှိနေရင်တော့ ပိုတက်ဆီယမ်များများစားတာကမကောင်းပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီးကန့်သတ်ပါ။

၆.အရက်လျှော့သောက်ပါ။

သင်ဟာသင့်မိသားစုနဲ့ဖြစ်ဖြစ်အပေါင်းအသင်းတွေနဲ့ဖြစ်ဖြစ်တွေ့ဆုံတဲ့အခါ ပျော်ပျော်နေပါ၊ဒါပေမယ့်အရက်မသောက်ပါနဲ့။

Elkins က “ဘီယာ၊ဝိုင်နဲ့ကော့တေး တွေမှာသကြားပါဝင်ပြီး သင့်သွေးထဲကသကြားဓါတ်ကိုမြင့်လာစေတဲ့အတွက် သွေးတိုးပါတက်လာစေပါတယ်။ ဒါ့အပြင်အရက်ကအစားအစားချင်စိတ်ကိုဖြစ်လာစေတဲ့အပြင်သင့်ကိုယ်ရဲ့အပူချိန်ပါတက်လာစေတယ်” လို့ဆိုပါတယ်။

ယောက်ျားလေးတွေကတစ်ရက်ကိုအရက်နှစ်ခွက်ပဲ သောက်သင့်ပြီးမိန်းမတွေကလည်းတစ်ရက်ကိုအရက်တစ်ခွက်ပဲ သောက်သင့်တယ်လို့ဆိုပါသေးတယ်။

၇.သင့်ကိုယ့်အတွက်အဆီတွေကိုချင့်ချိန်ပါ။

ဟင်းသီးဟင်းရွက်တွေကရတဲ့အဆီကိုသာသုံးပါ။

အရေခွံမခွာထားတဲ့ကြက်သား၊ဒိန်ခဲနဲ့ ထောပဲတွေမှာ တွေ့ရတဲ့ အဆီ (Saturated fats) တွေကသင့်ကိုယ်ရဲ့နေ့စဉ်ကယ်လိုရီ တွေရဲ့၁၀ရာခိုင်နှုန်းကို နေရာယူထားပါတယ်။

ဆီကြော်တွေမှာပါဝင်တဲ့ဆီ (trans fats) တွေကိုတတ်နိုင်သမျှရှောင်ကြဉ်ပါ။ အသားနဲ့နို့ထွက်ထုတ်ကုန်တွေမှာလည်း Trans fats ပါဝင်တဲ့အတွက်ကန့်သတ်ပြီးစားသင့်ပါတယ်။

ဒီအဆီနှစ်မျိုးလုံးကကိုလက်စထရောကိုမြင့်လာစေပြီးနှလုံးရောဂါကိုဦးတည်စေပါတယ်လို့ Armul ကဆိုပါတယ်။

၈.ပမာဏနည်းနည်းပဲစားသုံးပါ။

တကယ်လို့ သွေးတိုးတက်စေမယ့်အရာတွေကိုစားမယ်ဆိုရင်ပမာဏကိုထိန်းပါ။ဥပမာရေခဲမုန့်စားချင်တယ်ဆိုရင်ကလေးစားတဲ့ပမာဏလောက်ပဲမှာစားပါ။

တကယ်လို့ဆိုင်မှာ ဘာဂါ စားမယ်ဆိုလည်းအာလူးကြော်နဲ့တွဲစားမယ့်အစား အရွက်သုပ်တစ်ခုခုနဲ့စားပါ။

၉.သင့်တိုးတက်မှုကိုသင်မှတ်ထားပါ။

“စားသောက်မှုပုံစံပြောင်းလဲဖို့ကမှတ်သားတွက်ချက်တတ်ဖို့ပဲ” လို့ Brill ကပြောခဲ့ပါတယ်။ ကိုယ်စားသောက်တာတွေကို ဒိုင်ယာရီ စာအုပ်နဲ့ပဲဖြစ်ဖြစ် ဖုန်း ဆော့ဝဲ (Smart phone food tracking application) တစ်ခုခုနဲ့ပဲဖြစ်ဖြစ်မှတ်သားထားပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

webmd.com/diabetes/features/diet-tips- diabetes-hypertension

 

ယခုပုံစံ

12/05/2020

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Wilson Chan မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement