အဓိပ္ပါယ်ဖွင့်ဆိုချက်
Aortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ) ကဘာလဲ။
ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါဆိုတာ နှလုံးကနေ သွေးကိုအဓိကတွန်းအားပေးတဲ့အခန်းနဲ့ ပင်မသွေးလွှတ်ကြောကြားက အဆို့ရှင် ကောင်းစွာ အလုပ်မလုပ်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ထွက်မှာ သေချာပြီလား။
ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါဆိုတာ နှလုံးကနေ သွေးကိုအဓိကတွန်းအားပေးတဲ့အခန်းနဲ့ ပင်မသွေးလွှတ်ကြောကြားက အဆို့ရှင် ကောင်းစွာ အလုပ်မလုပ်တဲ့ အခြေအနေ ဖြစ်ပါတယ်။
အောက်ပါအတိုင်း ၂မျိုး ခွဲခြားနိုင်ပါတယ်။
သွေးလွှတ်ကြောအဆို့ရှင် မလုံခြင်း။ အဆို့ရှင်ဟာ လုံအောင်မပိတ်နိုင်တော့တဲ့အတွက် သွေးအချို့ဟာ ညှစ်အားပေးတဲ့အခန်းထဲ ပြန်ရောက်သွားပါတယ်။
တွေ့ရများပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အဆို့ရှင်ရောဂါပုံစံ ၂မျိုးစလုံးဟာ တူညီတဲ့လက္ခဏာတွေ ဥပမာ လေ့ကျင့်ခန်းလုပ်စဉ် ရင်ဘတ်အောင့်ပြီး အနားယူစဉ် သက်သာသွားခြင်း၊ မောပန်းခြင်း၊ အသက်ရှူမြန်ခြင်း တွေ့နိုင်ပါတယ်။ ဒါ့အပြင် ကွဲပြားတဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။
အဆို့ရှင်ကျဉ်းခြင်းအတွက် တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အဆို့ရှင်မလုံခြင်းမှာ အောက်ပါလက္ခဏာတွေ တွေ့ရပါတယ်။
အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
အဆို့ရှင်ရဲ့ပွင့်ချပ်လေးတွေမှာ ကယ်လ်ဆီယမ်များ စုပုံလာခြင်းဟာ အဆို့ရှင်ကျဉ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ နှလုံးကို သွေးဖြတ်ပြီး စီးဆင်းသွားတာနဲ့အမျှ ကယ်လ်ဆီယမ်တွေဟာ စုပဲအနည်ကျတာ ပိုများလာပြီး အဆို့ရှင်ကို ကျဉ်းမြောင်းသွားစေပါတယ်။ ဒါ့အပြင် လေးဖက်နာဖျားနာခြင်းနဲ့ စကားလက်ဖျားနာခြင်းဟာ အဆို့ရှင် ကျဉ်းမြောင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။
အဆို့ရှင်မလုံခြင်းရဲ့ တချို့အကြောင်းအရင်းတွေဟာ အသက်အရွယ်ကြီးခြင်း၊ သွေးတိုးခြင်း၊ နှလုံးတွင် ဘက်တီးရီးယားပိုးဝင်ခြင်း၊ ကာလသားရောဂါ၊ ဒဏ်ရာရခြင်း စတတဲ့ အဆို့ရှင်တစ်သျှူးကို အားနည်းစေခြင်းကြောင့် ဖြစ်ပါတယ်။ တခြားအကြောင်းအရင်းကတော့ မွေးရာပါ နှလုံး ချို့ယွင်းချက်ကြောင့် ဖြစ်ပါတယ်။ တချို့လက္ခဏာတွေဟာ အရွယ်ရောက်လာတဲ့အထိ မတွေ့ရဘဲ မလုံတဲ့လက္ခဏာ ပြလာတတ်ပါတယ်။
အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဒီရောဂါရှိတယ်လို့ သတ်မှတ်နိုင်ဖို့ ရောဂါရာဇဝင် မေးပါလိမ့်မယ်။ အောက်ပါစစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။
နှလုံးကို သံလိုက်ဖြင့် ပုံရိပ်ဖော်ခြင်း။ သံလိုက်နဲ့ ရေဒီယိုလှိုင်းတွေကတဆင့် နှလုံးရဲ့ အသေးစိတ်အခြေအနေကို သိနိုင်ပါတယ်။
ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ ၂မျိုးစလုံးအတွက် ဆေးဝါးနဲ့ ကုသမှု မရှိသေးပါဘူး။ ဒါပေမယ့် ရောဂါရဲ့ သက်ရောက်မှုတွေကို လျှော့ချကုသနိုင်ပါတယ်။
အဆို့ရှင်ကျဉ်းခြင်းအတွက် နှလုံးစည်းချက်ကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို ဆေးနဲ့ထိန်းချုပ်ပေးပါတယ်။ ဘီတာနဲ့ ကယ်ယလ်ဆီယမ် လမ်းကြောင်းပိတ်ဆေးဝါးများဟာ ရင်ဘတ်အောင့်ခြင်းကို သက်သာစေနိုင်ပါတယ်။ စတေတင်ဟာ သွေးတွင်း ကိုလက်စထရောကို လျော့ကျစေပါတယ်။ ဖြစ်နိုင်ခြေကုသမှုမှာ အဆို့ရှင်ပြင်ဆင်ခြင်းနဲ့ အစားထိုးခြင်း ပါဝင်ပါတယ်။
အဆို့ရှင်မလုံခြင်းအတွက် သွေးတိုးကျစေတဲ့ ဆေးဝါးတွေ ရှိပါတယ်။ သိပ်မပြင်းထန်ရင် သွေးခဲမှုလျော့ကျခြင်း၊ လေဖြတ်နိုင်ခြေကို လျှော့ချခြင်း စတာတွေကို ဖြစ်စေတဲ့ ဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် ခွဲစိတ်ပြုပြင်ခြင်း၊ အစားထိုးခြင်းတွေပါ လိုအပ်နိုင်ပါတယ်။
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါအတွက် အထောက်အကူ ပြုသလဲ
အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။
အမျိုးသား
အမျိုးသမီး
မည်သူ့အတွက် စစ်ဆေးမည်နည်း။
နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Aortic valve disease. http://www.mayoclinic.org/diseases-conditions/aortic-valve-disease/basics/definition/con-20032612 Accessed January 08, 2017
Aortic valve disease. http://www.healthline.com/health/aortic-valve-disease#CausesandRisks3 Accessed January 08, 2017
Problem: Aortic Valve Stenosis. http://www.heart.org/HEARTORG/Conditions/More/HeartValveProblemsandDisease/Problem-Aortic-Valve-Stenosis_UCM_450437_Article.jsp#.WHH6F9T0HQg Accessed January 08, 2017
Problem: Aortic Valve Regurgitation. http://www.heart.org/HEARTORG/Conditions/More/HeartValveProblemsandDisease/Problem-Aortic-Valve-Regurgitation_UCM_450611_Article.jsp#.WHH8ENT0HQg Accessed January 08, 2017