backup og meta

ရယ်မောခြင်းက တကယ်ပဲ အသက်ကို ရှည်စေပါတယ်

ရယ်မောခြင်းက တကယ်ပဲ အသက်ကို ရှည်စေပါတယ်

အရင်တုန်းကတော့ “ပျော်ပျော်နေ သေခဲ” လို့ စကားပုံအဖြစ် ပြောခဲ့ကြပေမဲ့ ဒီနေ့ခေတ်မှာတော့ ရယ်မောခြင်းရဲ့ လက်တွေ့ကောင်းကျိုးတွေကို သိပ္ပံနည်းစနစ်ကျကျ ဖော်ထုတ်နိုင်ခဲ့ပါပြီ။ ရယ်မောခြင်းက ကျန်းမာရေးကို ဘယ်လိုတွေ အကျိုးပြုနေတာလဲ။

၁။ သွေးဖိအားကို လျော့နည်းစေပါတယ်

စိတ်ဆိုးရင် သွေးတိုးတယ်ဆိုတာ သိပြီးသားဟုတ်။ ဒီလိုပဲပေါ့။ ရယ်မောခြင်းက သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။ သွေးတိုးဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေရဲ့ အစမို့ အန္တရာယ်များတဲ့ ရောဂါစာရင်းထဲ ပါနေတာ အားလုံးသိမှာပါ။ ဒါပေမဲ့ လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေတဲ့ အချိန်မှာ စိတ်ဖိစီးမှု ဖြစ်ဖို့က အတော်လေး ခဲယဉ်းပါတယ်။ ဒီလိုဆို သွေးတိုးဖို့လည်း ဝေးပြီပေါ့။ စမ်းသပ်မှုတွေအရ ရယ်မောပြီးတဲ့နောက် သွေးဖိအားကို 7mmHg ထိ လျှော့ချပေးနိုင်ပြီး ဂီတကုထုံးတောင်မှ 6mmHg ထိပဲ လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။

၂။ နေလို့ကောင်းစေတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်

ရယ်မောလိုက်တာနဲ့ ကော်တီဇောလ်၊ epinephrine (adrenaline) နဲ့ dopamine တို့လို စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးပြီး endorphins လိုမျိုး နေလို့ကောင်းတယ်ဆိုတဲ့ ခံစားမှုကို ဖြစ်စေတဲ့ ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။ ဒါတင်မက ရယ်မောခြင်းဟာ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်းတွေ ထုတ်ပေးပြီး T cell တွေရဲ့ ထိရောက်မှုကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ ဆိုတော့ ခြုံပြီးပြောရရင် ကျွန်တော်တို့ကို ကိုယ်ခံအား ကောင်းစေပြီး စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ရယ်မောခြင်းဟာ လေ့ကျင့်ခန်းကို ကိုယ်တွင်းက လုပ်တာနဲ့ အတူတူပါပဲ

ဟက်ဟက်ပက်ပက် ရယ်မောခြင်းဟာ ရင်ဝမ်းခြား ကြွက်သားကို လေ့ကျင့်ပေးသလို ဖြစ်ပြီး ဗိုက်သားတွေကိုလည်း ကျုံ့ပေးလိုက်ပါတယ်။ ပုခုံးတွေ လှုပ်အောင် ရယ်မိတဲ့အခါ ပုခုံးလေ့ကျင့်ခန်းလုပ်သလိုလည်း ဖြစ်စေပြီး ရယ်မောပြီးတဲ့နောက် ဒီကြွက်သားတွေကို အနားရစေပါတယ်။

၄။ နှလုံး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ရယ်မောခြင်းဟာ Cardio Workout (နှလုံးသန်မာစေတဲ့ လေ့ကျင့်ခန်း) ပါပဲ။ အထူးသဖြင့်တော့ ဒဏ်ရာ တစ်ခုခု ဒါမှမဟုတ် နာမကျန်းဖြစ်မှုတွေကြောင့် လှုပ်လှုပ်ရှားရှား မလုပ်နိုင်တဲ့သူတွေအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်း တစ်ခုပါ။

ရယ်မောခြင်းဟာ နှလုံးကို မြန်မြန်ခုန်စေပြီး တစ်နာရီလောက် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ရင် လောင်ကျွမ်းတဲ့ ကယ်လ်လိုရီ ပမာဏနီးနီး လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် များများရယ်ပါ။ လွတ်လွတ်လပ်လပ် ရယ်ပါ။ နှလုံးသားကို ဖွင့်ရယ်ပါ။

၅။ ရယ်မောခြင်းဟာ သဘာဝ စိတ်ကျဝေဒနာ ကုထုံးပါပဲ

စိတ်ကျဝေဒနာကို ကုသဖို့ တစ်ချိန်လုံး ရယ်နေခိုင်းရမယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမဲ့ ရယ်မောခြင်းက ကျဆင်းနေတဲ့ စိတ်ဓါတ်တွေကို ပြန်ဆွဲတင်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ရယ်မောခြင်း ကုထုံးဆိုပြီး စိတ်ပညာရှင်တွေက ဖန်တီးလာကြသလို စိတ်ကျဝေဒနာ ခံစားနေရတဲ့သူတွေအတွက် မိနစ် ၄၀ ကြာတဲ့ ကုသမှု တစ်ပတ် ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

လေ့လာမှုအရ သိရတာက သူတို့တွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ကြတာကို တွေ့ရပြီး ကင်ဆာဝေဒနာရှင်တွေအတွက် မိနစ် ၆၀ ကြာတဲ့ ရယ်မောခြင်း ကုထုံးကို ၃ ကြိမ် ပြုလုပ်ကုသတဲ့အခါမှာ သူတို့ရဲ့ ကျဆင်းနေတဲ့ စိတ်ဓာတ်နဲ့ ညစ်ညူးဝမ်းနည်းမှုတွေကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရယ်မောခြင်းနဲ့ လောကကို အလှဆင်နိုင်ကြပါစေ။

ရေးသားသူ – Wathun Myet Chal

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mentalfloss.com/article/539632/scientific-benefits-having-laugh

https://www.verywellmind.com/the-stress-management-and-health-benefits-of-laughter-3145084

https://www.mayoclinic.org/healthy-lifestyle/stress-management/in-depth/stress-relief/art-20044456

ယခုပုံစံ

25/08/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရယ်မောခြင်းက သင့်ကို ပိုကျန်းမာစေသလား

ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement