ခေါင်းမူးခြင်း
ခေါင်းမူးခြင်းကို ဖြစ်စေတဲ့ အကြောင်းများစွာ ရှိပါတယ်။၎င်းတို့မှာ သွေးအားနည်းခြင်း(သွေးပမာဏ နည်းခြင်း) နှင့် အခြား သွေးရောဂါများ၊ ရေဓါတ်ခမ်းခြောက်ခြင်း၊ ဗိုင်းရပ်စ်ရောဂါများ၊ ကြာရှည်စွာ အိပ်စက်အနားယူခြင်း၊ဆီးချိုသွေးချို၊သိုင်းရွိုက် ရောဂါ၊အစာအိမ် အူလမ်းကြောင်းရောဂါများ၊အသည်းရောဂါ၊ကျောက်ကပ် ရောဂါ၊သွေးကြောရောဂါများ၊ဦးနှောက်နှင့် အာရုံကြောရောဂါများ၊ dysautonomias၊ vasovagal episodes၊ နှလုံးစွမ်းရည်ကျဆင်းခြင်း နှင့် နှလုံးစည်းချက်မမှန်ခြင်း တို့ဖြစ်ကြပါတယ်။ ခေါင်းမူးခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများစွာရှိတာကြောင့် သမားတော်တစ်ယောက်ရဲ့ တိကျပြည့်စုံတဲ့ စမ်းသပ်မှုခံယူဖို့လိုအပ်ပါတယ်။ ခန္ဓါကိုယ်အနှံ့မှ ရောဂါတွေက ဒီလက္ခဏာကို ပေးနိုင်တာကြောင့် အထွေထွေသမားတော် သို့ မိသားစုဆရာဝန်တစ်ယောက်ယောက်နှင့် စပြလိုက်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။
မူးမေ့လဲခြင်း
မူးမေ့လဲခြင်း ဆိုတာဟာ ရုတ်တရက် (သို့) ယာယီ သတိလစ်ခြင်း သို့ မူးလဲခြင်းဖြစ်ပါတယ်။ ဒါဟာဖြစ်တတ်တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး လူတော်တော်များများတွင် ဘဝမှာ တစ်ခါတော့ မူးလဲတတ်ကြပါတယ်။ သို့သော် များသောအားဖြင့်ရောဂါကြီးကြီးမားမား ပြလေ့မရှိပေမယ့် တစ်ခါတစ်ရံမှာတော့ အန္တရာယ်များပြီး အသက်ဆုံးရှူံးနိုင်ပါတယ်။ ထို့ကြောင့် မူးလဲခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရာကို ရှာဖို့အရေးကြီးပါတယ်။
မူးလဲခြင်း ဖြစ်စဉ်တွေကို အုပ်စုကြီး ၄ စုခွဲနိုင်ပါတယ်။၎င်းတို့မှာ နှလုံး၊ အာရုံကြော၊ ဇီဝကမ္မ၊ သွေးကြောဆိုင်ရာ တို့ဖြစ်ကြပါတယ်။ ယင်းအုပ်စု ၄ ခုထဲမှာမှ နှလုံး ကြောင့်သာ အသက်ဆုံးရှူံးရနိုင်ပါတယ်။
ပင်ပန်းနွမ်းနယ်ခြင်း၊ နူံးခြင်း သို့ နေ့ဘက် အိပ်ငိုက်ခြင်း
ပင်ပန်းနွမ်းနယ်ခြင်း၊ နူံးခြင်း သို့ နေ့ဘက် အိပ်ငိုက်ခြင်း တို့ဟာလည်း အဖြစ်များတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်း နှင့် နူံးခြင်းဆိုသည်မှာ ပုံမှန်လုပ်ငန်းဆောင်တာတို့ကို မလုပ်ဆောင်နိုင်ခြင်းလို့ မှတ်ယူလို့ရပါတယ်။ နေ့ဘက် အိပ်ငိုက်ခြင်းကိုတော့ အအိပ်ပဲ မက်လွန်းတာလား သို့ narcolepsy လို့ခေါ်တဲ့ နေ့ဘက်မှာ ရုတ်တရက်အိပ်တတ်တဲ့ အခြေအနေဆိုးတစ်ခုလားဆိုတာ ခွဲခြားသိရန်လိုအပ်ပါတယ်။
ပင်ပန်းခြင်း နှင့် နူံးခြင်းတို့ဟာ နှလုံးရောဂါ (အထူးသဖြင့် နှလုံးစွမ်းရည် ကျဆင်းခြင်း) ၏လက္ခဏာတွေ ဖြစ်သော်လည်း တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ မသေချာမရေရာသော လက္ခဏာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ခေါင်းမူးခြင်း ကဲ့သို့ ဒီ ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာဟာလည်း ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးစမ်းသပ်မှုတွေ လုပ်ပြီး အဓိက တကယ်ဖြစ်စေတဲ့ အကြောင်းအရာကို ရှာနိင်ဖို့လိုအပ်ပါတယ်။
နေ့ဘက်အိပ်ခြင်းဟာ တစ်ခါတရံ ညအိပ်မပျော်တဲ့ ရောဂါတွေ ဖြစ်တဲ့ အိပ်ပျော်နေစဉ် အသက်ရှူမမှန်ဖြစ်ခြင်း၊ ညအိပ်မပျော်သော ရောဂါ နဲ့ ခြေဂဏှာမငြိမ်သောရောဂါ တို့ကြောင့်လဲ ဖြစ်တတ်ပါတယ်။ သို့သော်လည်း ဒီ အိပ်စက်မှု ဆိုင်ရာရောဂါတော်တော်များများ ဟာ နှလုံးရောဂါဝေဒနာသည်များမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။
အသက်ရှူမဝခြင်း၊ မောခြင်း
အသက်ရှူမဝခြင်း၊ မောခြင်းဟာ နှလုံး နှင့် အဆုတ်ရောဂါတော်တော်များများမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာပဲဖြစ်ပါတယ်။ နှလုံးစွမ်းရည်ကျဆင်းခြင်းနှင့် နှလုံးသွေးကြောရောဂါတွေကြောင့် အသက်ရှူမဝဘဲ မောနေတတ်ပါတယ်။ နှလုံးစွမ်းရည်ကျဆင်းမှုခံစားနေရတဲ့ လူနာတွေမှာ ရှူထုတ်တဲ့ အခါ သို့ လဲလျောင်းတဲ့ အချိန်မှာ မောတတ်ပါတယ်။ တစ်ခါတရံ ညဘက်ရုတ်တရက်ထပြီး အသက်ရှူမဝဖြစ်တဲ့ အခြေအနေတွေလည်း ဖြစ်တတ်ပါတယ်။ တခြား နှလုံးပြသနာတွေဖြစ်တဲ့ နှလုံးအဆို့ရှင် ရောဂါ သို့ နှလုံးဖုံးအမြှေး ရောဂါ နှင့် နှလုံးစည်းချက်မမှန် ရောဂါတွေဟာလည်း အသက်ရှူမဝခြင်း၊မောခြင်း ကို ဖြစ်စေတတ်ပါတယ်။
အဆုတ်ရောဂါတွေ ဖြစ်တဲ့ ရင်ကျပ်ရောဂါ၊အဆုတ်ဖောင်းရောင်နေသည့်ရောဂါ၊ အဆုတ်လေပြွန်ရောင်ရောဂါ၊အဆုတ်ရောင်ရောဂါသို့ အဆုတ်ရေဝင်ခြင်း ( အဆုတ်နှင့် အဆုတ်ဖုံးအမြှေးပါးကြား ရေများစုပုံ ပြည့်လျှံခြင်း)တို့ကြောင့်လည်း မောတတ်ပါတယ်။
အသက်ရှူမဝခြင်း၊မောခြင်းဟာ အလွန်အရေးကြီးတံ့ဲံ ရောဂါလက္ခဏာဖြစ်တဲ့ အတွက်ကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကုသရန် လိုအပ်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
အဓိပ္ပါယ်ဖွင့်ဆိုချက်
Syncope (နှလုံးရောဂါ အဓိကလက္ခဏာများ) ကဘာလဲ။
PasteTextHere
Syncope (နှလုံးရောဂါ အဓိကလက္ခဏာများ) က ဘယ်လောက်အဖြစ်များသလဲ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။