backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

နှလုံးနဲ့ပတ်သက်ပြီး ဒီအချက်တွေ သိပြီးပြီလား..........

နှလုံးနဲ့ပတ်သက်ပြီး ဒီအချက်တွေ သိပြီးပြီလား..........

နှလုံးခုန်နေတာက အသက်ရှင်သန်နေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။ သက်ရှိတစ်ဦးဦး နှလုံးရပ်သွားပြီဆိုရင် ရှင်သန်မှု အဆုံးသတ်သွားပါပြီ။ ဒီရှင်သန်မှုလက္ခဏာဖြစ်တဲ့ နှလုံး အကြောင်း သင်ဘယ်လောက်ထိ သိထားလဲဆိုတာ ဒီဆောင်းပါးလေး ကနေတဆင့် ဆန်းစစ်ကြည့်ရအောင်လား……..

နှလုံး ဘယ်လိုများ အလုပ်လုပ်တာလဲ………..

နှလုံး က ခန္ဓာကိုယ် သွေးလည်ပတ်မှုစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကို သွေးလွှတ်ခန်း၊ သွေးပြန်ခန်း၊ နှလုံးအဆို့ရှင်၊ သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေနဲ့ ဖွဲ့စည်းထားပါတယ်။ နှလုံးက သွေးတွေကို သိုလှောင်တယ်၊ ပို့လွှတ်တယ်။ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်တွေရောက်ရှိစေတယ် စတဲ့ ရှင်သန်မှုအတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။

နှလုံးကျန်းမာစေဖို့ ဘာတွေလုပ်ရမလဲ……….

နှလုံးကျန်းမာမှ ခန္ဓာကိုယ်ကျန်းမာမှာပါ။ ဒီတော့ နှလုံးကျန်းမာစေဖို့အတွက်

နှလုံး နဲ့ပတ်သက်ပြီး ဒါတွေ သိပြီးပြီလား………

အသက်ရှူလိုက်တိုင်း ခုန်နေတဲ့ နှလုံးလေးနဲ့ ပတ်သက်ပြီး သိသူနည်းနေတဲ့အချက်အချို့က
  • နှလုံးရဲ့ အရွယ်အစားက လူကြီးတစ်ယောက်ရဲ့ လက်သီးဆုပ်စာလောက်ပဲရှိပါတယ်။ နှလုံးက အရွယ်အစားအရမ်းမကြီးပါဘူး။
  • နှလုံးက တစ်နေ့ကို အကြိမ်ရေ ၁၁၅,၀၀၀ ခုန်ပါတယ်။
  • နှလုံးက နေ့စဉ် သွေး ဂါလံ ၂၀၀၀ နီးပါးကို ညှစ်ထုတ်ပေးပါတယ်။
  • ခန္ဓာကိုယ်ထဲက ထုတ်ပြီးတဲ့အထိတောင် နှလုံးက ဆက်ခုန်နေနိုင်ပါသေးတယ်။
  • ပထမဆုံးသော နှလုံးခွဲစိတ်မှုကို ၁၉၅၈ ခုနှစ်က လုပ်ဆောင်ခဲ့တာပါ။ ဒီခွဲစိတ်မှုကို ခံယူခဲ့သူဟာ အသက် ၈၆ နှစ်မှာ နှလုံးနဲ့ မသက်ဆိုင်တဲ့ ရောဂါတစ်ရပ်ကြောင့် သေဆုံးခဲ့ပါတယ်။
  • အသက်အငယ်ဆုံး နှလုံးခွဲစိတ်ကုသမှုခံယူခဲ့သူဟာ အသက်တစ်မိနစ်သာရှိသေးတဲ့ မွေးကင်းစ ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပါတယ်။
  • ပထမဆုံးသော နှလုံးရောဂါအဖြစ် သတ်မှတ်နိုင်ခဲ့မှုက လွန်ခဲ့တဲ့ နှစ် ၃၅၀၀ ခန့်က ဆေးရည်စိမ်ခဲ့တဲ့ အီဂျစ် မံမီရုပ်တုတစ်ခုမှာဖြစ်ပါတယ်။
  • ကမ္ဘာ့အသေးဆုံး နို့တိုက်သတ္တဝါဖြစ်တဲ့  American pygmy shrew ဟာ နှလုံးခုန်အမြန်ဆုံး သက်ရှိဖြစ်ပြီး တစ်မိနစ်ကို နှလုံးခုန်နှုန်း ၁၂၀၀ အထိရှိပါတယ်။
  • ရုတ်တရက်နှလုံးရပ်မှု တော်တော်များများက တနင်္လာနေ့မှာ ဖြစ်တာများပါတယ်။
  • လူတစ်ယောက်ရဲ့ နှလုံးက ပျမ်းမျှအားဖြင့် တစ်ပေါင်နီးပါ အလေးချိန်ရှိပါတယ်။ အမျိုးသားတွေရဲ့ နှလုံးက အမျိုးသမီးတွေရဲ့ နှလုံးထက် ၂ အောင်စနီးပါး အလေးချိန်ပိုပါတယ်။
  • အမျိုးသမီးတွေက အမျိုးသားတွေထက် မဆိုစလောက် နှလုံးခုန်မြန်ပါတယ်။
  • ကြားနေရတဲ့ နှလုံးခုန်သံက နှလုံးအဆို့ရှင်တွေ ပိတ်တာ ဖွင့်တာကြောင့် ဖြစ်လာတဲ့အသံပါ။
  • အသည်းကွဲတာကြောင့် သေတယ်ဆိုတာက မဟုတ်ပါဘူး။ အသည်းကွဲတယ်ဆိုတဲ့ လက္ခဏာက ရုတ်တရက်နှလုံးရပ်တာနဲ့ ဆင်တူပါတယ်။ မတူတာကတော့ အသည်းကွဲတယ်ဆိုတာက စိတ်ဖိစီးမှုတွေ များလွန်းတာကြောင့်စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းပမာဏ အဆမတန် မြင့်တက်မှုကြောင့် ဖြစ်လာရတာပါ။
  • အသည်းကွဲတာကြောင့် သေတယ်ဆိုတာက ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်တစ်ခုပါ။
  • ခန္ဓာကိုယ်အနှံအပြားက သွေးကြောတွေအားလုံးကို ဆန့်ထုတ်ကြည့်မယ်ဆိုရင် မိုင် ၆၀၀၀၀ ကျော်ရှိပါတယ်။
  • နှလုံးဆဲလ်တွေက ကွဲပွားတာမျိုးမရှိတာကြောင့်  နှလုံးကင်ဆာက ဖြစ်တောင့်ဖြစ်ခဲ ကျန်းမာရေး အခြေအနေပါ။
  • ရယ်မောတာက နှလုံးကို ကျန်းမာစေနိုင်ပါတယ်။ အကြောင်းကတော့ ရယ်မောတာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ကိုယ်ခံအားကို ကောင်းစေနိုင်တာကြောင့်ပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Fun Facts About the Heart You Didn’t Know https://www.healthline.com/health/fun-facts-about-the-heart#1 Accessed Date 17 February 2020

Facts About The Human Heart You Didn’t Already Know https://www.lifelinescreening.com/health-education/healthy-living/facts-about-the-human-heart-you-didnt-already-know Accessed Date 17 February 2020

ယခုပုံစံ

02/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement