backup og meta

ဘီလူးစီး တာကို ဘယ်သူတွေ အများဆုံး ခံရသလဲ

လူက အသိစိတ် ရှိနေတယ်။ နိုးနေတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က တက်ဖိထားသလိုမျိုး ခြေတွေ၊ လက်တွေလည်း လှုပ်မရ၊ အော်လို့လည်းမရ၊ ဘာမှ လုပ်မရဘဲ အတော်ကို ကြောက်စရာကောင်းတဲ့ အခြေအနေမျိုး ကြုံဖူးကြလား။ မြန်မာတွေကတော့ ဒါကို ဘီလူးစီး တယ်လို့ ခေါ်ပြီး အနောက်တိုင်း ဆေးပညာအရတော့ ဒါကို Sleep Paralysis လို့ ခေါ်ပါတယ်။ ထမင်းလုံး တစ္ဆေခြောက်တာလို့လည်း တချို့တွေက ပြောကြသေးတယ်။ ဘယ်လိုပဲခေါ်ခေါ် ကျိန်းသေတာကတော့ တစ်ခါကြုံပြီး နောက်တစ်ခါဆိုတာ ယောင်လို့တောင် မကြုံချင်၊ မကြားချင်တော့တဲ့ အခြေအနေပါပဲ။

ဒီလို ဘီလူးစီး ခြင်းက ဘယ်အချိန်တွေမှာ အများအားဖြင့် ဖြစ်တတ်တာလဲ။

ဘီလူးစီးခြင်းဟာ အချိန်နှစ်ချိန်မှာ ဖြစ်တတ်ပါတယ်။ အိပ်ပျော်နေချိန်မှာနဲ့ နိုးနေချိန်မှာ ဖြစ်တာပါ။ အိပ်ပျော်နေချိန်မှာ ဖြစ်တာကိုတော့ predormital sleep paralysis လို့ခေါပြီး နိုးနေချိန်မှာ ဖြစ်တဲ့ ဘီလူးစီးခြင်းကိုတော့ Postdormital sleep paralysis လို့ ခေါ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ Hello Sayarwon မှာ မကြာခဏ ဖော်ပြခဲ့ပြီးပြီမို့ ဘယ်သူတွေမှာ အများဆုံးဖြစ်တတ်လဲဆိုတာကို ဖော်ပြပေးပါမယ်။

တကယ်တော့ လူ(၁၀) ယောက်မှာ (၄) ယောက်က ဘီလူးစီး ခံရတတ်ပါတယ်တဲ့။ တစ်သက်လုံး တစ်ခါမှ ဘီလူးစီး မခံရသေးတဲ့ ကျွန်တော်တို့တွေကတော့ အင်မတန် ကံကောင်းကြတဲ့ လူတွေပေါ့ ခင်ဗျာ။ ဒီ အခြေအနေကို အများအားဖြင့် ဆယ်ကျော်သက် အရွယ်တွေမှာ အတွေ့ရများတယ်ဆိုပေမယ့် ကျား၊ မ အသက်အရွယ်မရွေး ဘီလူးစီးခံရနိုင်ပါတယ်။ မျိုးရိုးလိုက်တာမျိုးလည်း ရှိသလို နေထိုင်မှုပုံစံကြောင့်လည်း ဖြစ်တတ်ပါတယ်။

တခြား ဘီလူးစီးခြင်းနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာတွေကတော့

  • အိပ်ရေးပျက်ခြင်း
  • အိပ်ချိန်မမှန်ခြင်း (နေ့ဆိုင်း၊ ညဆိုင်း အဆိုင်းမတူဘဲ အလုပ်ဆင်းရတာမျိုး အပါအဝင်)
  • လေယာဉ်ကြောင့် ခရီးပန်းခြင်း (အချိန်ဇုန်တွေ မတူတော့တဲ့ အခါမျိုးတွေမှာပါ။)
  • စိတ်ဖိစီးမှုများခြင်း
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု (ဥပမာ- စိတ်ကြွစိတ်ကျ ဝေဒနာ) ခံစားနေရခြင်း
  • ပက်လက်အိပ်ခြင်း
  • အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ (ဥပမာ- ညပိုင်း ခြေထောက် ကြွက်တက်ခြင်း)
  • ADHD ကဲ့သို့သော ကျန်းမာရေးအခြေအနေများအတွက် ဆေးဝါးများ သုံးစွဲနေရခြင်း
  • မူးယစ်ဆေးတစ်ခုခုကို သုံးစွဲ/ စွဲလမ်းနေခြင်း စတာတွေနဲ့လည်း ဆက်နွယ်နေလေ့ရှိပါတယ်။

ပုံမှန်အားဖြင့်တော့ ဘီလူးစီးတာကို

  • အိပ်ချိန်မှန်အောင် ထိန်းအိပ်တာ (တစ်ရက်ကို အနည်းဆုံး ၇နာရီကနေ ၉နာရီကြားအိပ်တာ)
  • စိတ်ကျဝေဒနာအတွက် ဆေးတွေ သုံးစွဲတာ (ဆရာဝန်က အိပ်ချိန်မှန်ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ညွှန်းခဲ့ရင်)
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက် ကုသမှု ခံယူတာ
  • ညပိုင်း ကြွက်တက်တာတွေ၊ နာတာရှည်ရောဂါတွေအတွက် ကုသမှု ခံယူခဲ့ရင် သက်သာနိုင်ပါတယ်။

အတိုချုပ်ပြောရမယ်ဆိုရင် အိပ်ရေးဝဝ အိပ်ပါ။ အိပ်ချိန်မှန်အောင် အိပ်ပါ။ စိတ်ဖိစီးမှု ကင်းဝေးအောင် နေပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေပါ။ ဒါဆိုရင်တော့ ဘီလူးစီး ခြင်းကနေ ကင်းဝေးနိုင်ပါလိမ့်မယ်။

တကယ်လို့ မကြာခဏ ဘီလူးစီးခံနေရရင်တော့ ဆရာဝန်နဲ့ ပြသပြီး အကြောင်းရင်းခံပြဿနာကို ရှာဖွေကုသသင့်ပါတယ်။

Wathun Myet Chal

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/sleep-disorders/sleep-paralysis

https://www.medicalnewstoday.com/articles/295039

https://www.sleepfoundation.org/articles/what-you-should-know-about-sleep-paralysis

ယခုပုံစံ

20/12/2023

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်း (Sleep Apnea)

ဘီလူးစီးခြင်း (Sleep Paralysis)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/12/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement