လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 28, 2020 . 2 mins read
Share now

ကျွန်တော်တို့တွေ အိပ်ရေးမဝရင် ဘာတွေ ဖြစ်တတ်လဲဆိုတာ ဆွေးနွေးပြီးခဲ့ကြပါပြီ။ ဒီတော့ လိုတာထက် ပိုအိပ်မိရင် ဘာတွေဖြစ်တတ်လဲဆိုတာလေး ဒီတစ်ခါ ဆွေးနွေးကြည့်ကြရအောင်။

ပထမဆုံးသိသင့်တဲ့အချက်က ‘လိုတာထက် ပိုအိပ်မိတယ်ဆိုတာ ဘယ်လို အတိုင်းအတာကို ခေါ်တာလဲ’ဆိုတာပါပဲ။ ပုံမှန် အိပ်စက်ချိန်စံနှုန်းဟာ ၈နာရီပဲ ရှိပါတယ်။ ဒါပေမဲ့ လူတစ်ဦးချင်းစီပေါ် မူတည်ပြီးတော့ အသက် ၁၈ နှစ် ကနေ ၆၄ နှစ်ထိ လုံလောက်တဲ့ အိပ်စက်ချိန်ဟာ ၇-၉ နာရီကြားရှိတတ်ပြီး ဒီထက်ပိုရင်တော့ Oversleep ဖြစ်တယ်၊ ပိုအိပ်မိတယ်လို့ ဆိုနိုင်ပါတယ်။

ပိတ်ရက်လေးတွေပဲ အိပ်ရတာ၊ အိပ်မှာပဲဆိုရင်တော့ သိပ် ပြဿနာ မရှိလှပါဘူး။ ဒါပေမဲ့ နေ့တိုင်းနီးပါးမှာ ၉နာရီထက် ပိုအိပ်မိနေပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဘယ်လို ပြဿနာတွေလဲ။

ဆီးချိုရောဂါ။     ။အိပ်စက်ချိန်အရမ်းများတဲ့သူတွေ ဒါမှမဟုတ် အိပ်ချိန် မလုံလောက်တဲ့သူတွေဟာ ဆီးချိုဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။

စိတ်ကျရောဂါ။   ။ အိပ်မပျော်ခြင်းနဲ့ စိတ်ကျရောဂါ ဆက်စပ်နေတယ်ဆိုပေမဲ့ စိတ်ကျရောဂါ ဖြစ်နေတဲ့သူ ၁၅ ရာခိုင်နှုန်းလောက်ကလည်း ပိုအိပ်လေ့ရှိပါတယ်။ ဒါက စိတ်ကျရောဂါကို ပိုဆိုးရွားစေပါတယ်။ ပုံမှန်အိပ်စက်ခြင်းဟာ စိတ်ကျရောဂါကနေ ပြန်လည်သက်သာလာစေနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။

အဝလွန်ခြင်း။     ။ ပိုအိပ်တာပဲဖြစ်ဖြစ်၊ လုံလောက်အောင် မအိပ်တာပဲဖြစ်ဖြစ် အဝလွန်စေနိုင်ပါတယ်။ တစ်ရက်ကို ၁၀ နာရီနဲ့အထက် အိပ်တဲ့သူတွေဟာ ၆နှစ်အတွင်း အဝလွန်နိုင်ခြေ ၂၁ ရာခိုင်နှုန်း ပိုများပါသတဲ့။ ဒါပေမဲ့ ဒီထဲကိုတော့ နေ့စဉ်လုပ်နေကျ လှုပ်ရှားမှုတွေနဲ့ စားသောက်မှုပုံစံတွေ ထည့်စဉ်းစားဖို့ လိုပါတယ်။

ခေါင်းကိုက်ခြင်း။ ။ ပုံမှန်ထက် ပိုအိပ်တဲ့သူတွေဟာ ခေါင်းကိုက်ခြင်း၊ ကျောနာခါးနာခြင်းတွေ ပိုဖြစ်စေနိုင်ပါတယ်။ ခေါင်းကိုက်တယ်၊ ခါးနာတယ်ဆိုရင် အိပ်ရာထဲမှာနေလို့ ပြောတဲ့ ခေတ်က ကျန်ခဲ့ပါပြီနော်။

ခေါင်းကိုက်၊ ခါးနာတယ်ဆိုရင် ဆရာဝန်နဲ့ပြပါ။ လိုအပ်တဲ့ ဆေးတွေရယူပြီးတဲ့အခါ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး အိပ်စက်ချိန် ပုံမှန်ထက် ပိုများနေရင် လျှော့ပါ။

ကိုယ်ဝန်ရနိုင်ခြေ။           ။ ပုံမှန် ၇နာရီကနေ ၈နာရီကြား အိပ်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နိုင်ခြေ ပိုများပါတယ်။ ပုံမှန်အိပ်တဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်နိုင်ခြေ ၅၃% ရှိပြီး တစ်ရက် ၆နာရီထက် လျှော့ပြီး အိပ်တဲ့သူတွေကတော့ ၄၆%သာ ရှိသလို တစ်ရက်ကို ၉နာရီကနေ ၁၁နာရီကြား အိပ်တဲ့သူတွေကတော့ ကိုယ်ဝန်ရနိုင်ခြေ ၄၃% သာ ရှိပါတယ်။

လေဖြတ်နိုင်ခြေ။ ။ တစ်ရက်ကို ၉နာရီထက် ပိုအိပ်တဲ့သူတွေဟာ လေဖြတ်နိုင်ခြေ ၄၆% ပိုများပါတယ်။ ပုံမှန် အိပ်ချိန်မှန်သူတွေထက် လေဖြတ်နိုင်ခြေ ၄ဆပိုများပြီး ပုံမှန်အိပ်ချိန်ထက် ပိုပြီး အိပ်စက်ခြင်းဟာ လေဖြတ်ခြင်းရဲ့ အစောပိုင်း လက္ခဏာတွေတောင် ဖြစ်နေတတ်ပါသေးတယ်။

ဒါကြောင့် ပုံမှန် အိပ်ချိန်ထက် ပိုပြီး အိပ်မိနေပြီဆိုရင် သတိထားပါ။

ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေး ရှိသလိုပေါ့။ ကြိုးစားရမယ်ဆိုပြီး အိပ်ချိန်နည်းနည်းပဲ ယူပြီး အိပ်တာ မကောင်းသလို အိပ်တာက ကျန်းမာရေးအတွက် ကောင်းစေတာပဲဆိုပြီး ပုံမှန်ထက် ပိုအိပ်တာမျိုးကလည်း ကျန်းမာရေးကို ထိခိုက်စေတာပါပဲ။

ပုံမှန်အိပ်၊ ပုံမှန်ထရင်း ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေ ဖန်တီးယူကြရအောင်ပါ။

ရေးသားသူ – Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ်

စိတ်အရမ်းဖိစီးနေပေမဲ့ အိပ်ပျော်ဖို့ လိုပါတယ်။ဘာကြောင့် ဒီလို ပြောရတာလဲ။ စိတ်ဖိစီးချိန်မှာ အိပ်မပျော်ရင် ဘာတွေ ဖြစ်လာမလဲ။ စိတ်ဖိစီးနေချိန်မှာ အိပ်ပျော်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 2 mins read

အသားအရေကို ဂရုစိုက်ပါ။

အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေတာပါ။  အရေပြားကို စောင့်ရှောက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ဆောင်းတွင်းလို ကာလမျိုးမှာ ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
ဘာလို့ ကိုယ်ဝန်မရ သေးတာလဲ

ဘာလို့ ကိုယ်ဝန်မရ သေးတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read
မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်

မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read