backup og meta

ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက်

ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက်

အိပ်ချိန်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လုပ်ငန်းဆောင်တာ တစ်ခုပါ။ ဒီအတွက် အိပ်ချိန်ကိုတော့ လုံးဝလျှော့လို့ မဖြစ်ပါဘူးနော်။ ခုနောက်ပိုင်း လူငယ်တွေသာမက လူကြီးတွေမှာပါ နေထိုင်မှုပုံစံ မှားယွင်းတာ၊ ဖုန်း၊ အင်တာနက်၊ ကွန်ပျူတာ အသုံးပြုခြင်း လွန်ကဲလာတာ၊ ကျန်းမာရေးပြဿနာတွေကြောင့် ညဘက်မှာ ကောင်းစွာ အိပ်မပျော်တော့တဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။ ဒီဆောင်းပါးမှာတော့ အကြောင်း အမျိုးမျိုးကြောင့် ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက် ကို ပြောပြပေးချင်ပါတယ်။

ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက်

ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက် ကတော့

၁။ တတ်နိုင်သလောက် နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်တာကို ရှောင်ပါ။ အိပ်မယ်ဆိုရင်လည်း မိနစ် ၂၀ထက် မပိုပါစေနဲ့။

၂။ အိပ်ရာဝင်ကာနီး အနည်းဆုံး ၂နာရီလောက်ခြားပြီး ဖုန်း၊ တီဗီ၊ ကွန်ပျူတာ စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို အသုံးပြုတာ ရပ်ပေးပါ။ စာဖတ်တာ၊ တရားထိုင်တာ၊ တေးဂီတသံစဉ်တွေ နားထောင်တာမျိုးနဲ့ ကိုယ့်ရဲ့ စိတ်ကို ငြိမ်းချမ်းအောင် လုပ်ခြင်းက တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်အောင် အကူအညီပေးနိုင်ပါတယ်။

၃။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေသောက်မယ်ဆိုရင် အိပ်ချိန်နဲ့ အနည်းဆုံး ၆နာရီခြားပေးပါ။

၄။ အိပ်ချိန်၊ အစာစားချိန်၊ နိုးထချိန်တွေကို နေ့စဉ် ပုံသေသတ်မှတ်ပြီး လုပ်တဲ့ အကျင့်မွေးမြူပါ။ သူ့အချိန်အတိုင်း နေ့တိုင်းလိုလို လုပ်ဆောင်နေရတဲ့အခါ အိပ်ချိန်တန်ပြီဆိုတာနဲ့ လူရဲ့ ဦးနှောက်က အနားယူချင်လာပြီး မျက်လုံးကပါ လေးပင်လာလို့ အိပ်ပျော်သွားစေနိုင်မှာပါ။

၅။ အရက်သေစာ သောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်း အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေတဲ့ ဟော်မုန်းများကို အဆက်မပြတ် ထုတ်လွှတ်ပေးတဲ့အတွက် အရက်သောက်ပြီး အိပ်ချိန်အပြည့်အဝ အိပ်စက်အနားယူရင်တောင် မနက်နိုးလာတဲ့အခါ အိပ်ရေးမဝသလို ခံစားနေရမှာပါ။ ဒါ့အပြင် အရက်သောက်ပြီးတဲ့အခါ ညအိပ်နေရင်းနဲ့ ဆီးထသွားချင်စိတ်ကို နှိုးဆွပေးတဲ့အတွက် ကိုယ့်ရဲ့ အိပ်စက်အနားယူခြင်းကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၆။ ကိုယ်အိပ်စက်အနားယူတဲ့ အိပ်ခန်းဟာ အသံလုံနေပါစေ၊ အေးမြနေပါစေ၊ လင်းထိန်နေတာမျိုး မဖြစ်ပါစေနဲ့။

၇။ ညအိပ်ခါနီး ဘာအစာမှ မစားပါနဲ့။ အစာစားလိုက်တဲ့အခါ အစာအိမ်က စားလိုက်တဲ့ အစာကို ချေဖျက်နေရတဲ့အတွက် အက်စစ်တွေ ထုတ်လုပ်နေပြီး ရင်ပူတာ၊ လေပွတာတွေ ဖြစ်ကာ လူက ကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။

၈။ စိတ်ဖိစီးမှုတွေ၊ အလုပ်ကိစ္စတွေ၊ ပြဿနာတွေကို အိပ်ခန်းပြင်ပမှာ ထားခဲ့ပါ။ အိပ်ရာပေါ်ကို လုံးဝ မသယ်လာပါနဲ့။

၉။ မနက်ပိုင်းနဲ့ ညနေခင်းကို လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် သွေးလည်ပတ်စီးဆင်းမှုကို ကောင်းစေသလို မနက်ပိုင်းမှာ အားအင်ကို အပြည့်အဝ သုံးစွဲရတဲ့အတွက် ညအိပ်တဲ့အခါ ကောင်းကောင်း အိပ်ပျော်စေနိုင်မှာပါ။ အိပ်ချိန်နဲ့ နီးနေမှ အားကစား၊ လေ့ကျင့်ခန်းလုပ်တာကိုတော့ ရှောင်ပေးဖို့ လိုပါတယ်။

၁၀။  ရေနွေးလေးနဲ့ စိမ်ချိုးပါ။ တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့သွားစေလို့ အိပ်တဲ့အခါမှာ သက်သောင့်သက်သာ ဖြစ်စေပြီး တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေမှာပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/17-tips-to-sleep-better#The-bottom-line (July 30, 2020)

ယခုပုံစံ

06/07/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။

အိပ်ချိန်ပုံမှန်မရှိသူတွေ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement