မနက်ခင်းအေးအေးလေးမှာ လက်ဖက်ရည်အရသာရှိရှိလေး သောက်ရတာ၊ ကော်ဖီပူပူလေးသောက်ရတာ ကြိုက်လို့ဆိုပြီး သောက်တယ်။ နေ့လယ်ခင်းကျ အပျင်းပြေဆိုပြီး လက်ဖက်သုပ်လေးစားတယ်။ ကော်ဖီလေးသောက်တယ်။ အချိုရည်တစ်မျိုးမျိုးသောက်လိုက်တယ်ဆိုပါတော့ ညကျတော့လည်း စာအုပ်လေးဖတ်ရင်း ကော်ဖီတစ်ခွက်လောက်သောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲဝင်သွားတဲ့ ကဖင်းကတော်တော်လေးများပြီလေ။ ဒီလို ကဖင်းများတာက တစ်နေကုန်တော့ မသိဘူးပေါ့။ ညရောက်တော့ အလန်းလွန် အလွန်လန်းလို့ အိပ်မရဖြစ်နေပြီဆိုရင်တော့ သေချာတယ်။ တစ်နေကုန် ကဖင်းကို တော်တော်လေး စားမိလိုက်ပြီဆိုတာလေ။ ဒီလိုနဲ့ ကဖင်းတွေလွန်လို့ အိပ်မရဖြစ်နေပြီလား …..
ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်များနေပြီဆိုရင်
ကတုန်ကယင်ဖြစ်မယ် အတွေးများမယ် စကားတွေအရမ်းပြောမိမယ် အာရုံမစိုက်နိုင်ဖြစ်မယ် မအီမသာဖြစ်မယ် သွေပေါင်ချိန် တက်မယ် နှလုံးခုန်မြန်မယ် စိတ်တိုလွယ်မယ် စိုးရိမ်စိတ် များမယ် အိပ်မပျော် ဖြစ်မယ် ချွေးစေးတွေ ထွက်မယ် မူးဝေမယ် အော့အန်မယ် အရမ်းမောနေမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ကဖင်းတွေလွန်လို့ အိပ်မရဖြစ်နေပြီလား …………
ကဖင်းတွေလွန်လို့ အိပ်မရဖြစ်နေပြီလား …… ကဖင်း များတာက ကာလတို အတွင်းမှာဆိုရင် အိပ်မပျော်တာလောက်ပဲ ဆိုပေမယ့် အချိန် ကြာလာတဲ့အခါ နှလုံးထိခိုက်စေနိုင်သလို ကိုယ်တွင်း သံဓာတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေပြီး သွေးအားနည်းရောဂါ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကို တတ်နိုင်သမျှလျှော့ပါ။ တကယ်လို့ ကဖင်း အများကြီး စားမိပြီဆိုရင်လည်း ဒီအချက်လေးတွေ လုပ်ကြည့်ပါ။
ကဖင်းဓာတ်များသွားတယ်လို့ ယူဆတယ်ဆိုတာနဲ့ ရေကိုများများသောက်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ကဖင်းဓာတ်များတာကြောင့်ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေပြီး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးမှုကနေတဆင့် ကဖင်းဓာတ်တွေကို ခန္ဓာကိုယ်ပြင်ပကိုရောက်ရှိစွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ကော်ဖီတစ်ခွက်သောက်ပြီးရင်ဖြစ်ဖြစ် လက်ဖက်ရည်တစ်ခွက်သောက်ပြီးရင်ဖြစ်ဖြစ် အနည်းဆုံးရေတစ်ခွက်သောက်ပေးပါ။ ဒါက ကဖင်းဓာတ်များတာကို လျှော့ချပေးနိုင်မယ့် အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံးနည်းလမ်းပါ။
သံပရာရည်သောက်ပါ
ကဖင်းဓာတ် အရမ်း များသွားတဲ့အခါ သံပရာရည် သောက်ပေးတာကလည်း အဆင်ပြေတဲ့ နည်းလမ်း တစ်ရပ်ပါ။ သံပရာသီးမှာ ပါတဲ့ ဗီတာမင် C က ကဖင်းကြောင့် ခန္ဓာကိုယ်က ဗီတာမင် စုပ်ယူနိုင်စွမ်း နဲ့ သံဓာတ် စုပ်ယူမှု ကျဆင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်မှာပါ။ ဒါကြောင့် ကဖင်း အရမ်းများသွားခဲ့ရင် သံပရာရည်လေး သောက်လိုက်ပါ။
ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးပါ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ဖြစ်ကြတဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ သခွားသီး၊ တရုတ်နံနံ၊ ငရုတ်ပွလိုမျိုး အသီးအနှံတွေက ခန္ဓာကိုယ်ရဲ့ ကဖင်း စုပ်ယူမှုကို နှေးစေနိုင်ပါတယ်။ ကဖင်း များသွားတဲ့ အခါမျိုးမှာ ကဖင်းကြောင့် အိပ်မရတာ အပါအဝင် အခြားသော ပြဿနာတွေ ဖြစ်မလာအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။
အသက်ဝဝရှူပါ
ကဖင်း များတာကြောင့် မြန်လာတဲ့
နှလုံးခုန်သံတွေကို စည်းချက်မှန် အနေအထား ပြန်ရောက်စေဖို့ဆိုရင် အသက်ကို ခပ်ဝဝ ရှူပေးပါ။ ဒီလို လုပ်ပေးတာက ကဖင်းဓာတ် လွန်ကဲတာကြောင့် ခံစားရမှုကို သက်သာစေနိုင်ပါတယ်။
ကဖင်းဓာတ် များသွားလို့ မအီမသာ ဖြစ်နေတဲ့အခါ ပြန်လည် သက်သာစေဖို့ လုပ်လို့ရတဲ့ နည်းလမ်း တစ်ရပ်က ကိုယ်လက်လှုပ်ရှားမှု များများ လုပ်တာပါ။ ဒီလိုလုပ်လိုက်တာက ကိုယ်တွင်းက များနေတဲ့ ကဖင်းတွေကို သိသိသာသာ လျော့ကျစေပြီး
မအီမသာ ခံစားနေရမှုကို သက်သာစေနိုင်မှာပါ။