backup og meta

ကျန်းမာရေးအတွက် မဟာမိတ်ဖက် ပျော်ရွင်ခြင်း စစ်တပ်။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးအတွက် မဟာမိတ်ဖက် ပျော်ရွင်ခြင်း စစ်တပ်။   ။

    ပျော်ရွင်ခြင်းဆိုတာ လူသားတိုင်းအတွက် အကျိုးပြုတဲ့ အရာတစ်လို့ အားလုံး သတ်မှတ်ထားကြပါတယ်။ နေ့ရက်တိုင်း အချိန်တိုင်းမှာ ပျော်ရွင်နေချင်ကြတာ လူတိုင်းပါပဲ ။ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပေါ်မှာရော ပျော်ရွှင်မှုက သက်ရောက်မှု ရှိပါတယ်။ ကျန်းမာရေး အပေါ်မှာရော ပျော်ရွင်မှုက ဘယ်လို ကောင်းကျိုးတွေ ပြုပေးလဲ ကြည့်ရအောင် ။ ။

    ပျော်ရွင်ခြင်းကို သင့်ကိုယ်ခန္ဓါ ဘယ်လိုတုန့်ပြန်သလဲ ။ ။

    ပျော်ရွင်နေတဲ့ သူတစ်ယောက်ရဲ့ ကိုယ်ခန္ဓါမှာ ဘာတွေ ပြောင်းလဲနေလဲဆိုတာ ကြည့်ရအောင် ။ ။

    ပျော်ရွင်ခြင်းနဲ့ ဦးနှောက် ။ ။

  • သင့်စိတ်ခံစားမှုတိုင်းဟာ ဦးနှောက် အပေါ် သက်ရောက်မှုရှိသလို ဦးနှောက်က ထွက်လာတဲ့ အာရုံကြော အချက်ပြစနစ်တွေကလည်း သင့်စိတ်ပိုင်းဆိုင်ရာ အပေါ် အပြန်အလှန်သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ frontal lobe ဟာ သင့်စိတ်ခံစားမှု တွေကို သိတဲ့နေရာဖြစ်ပြီး thalamus ကတော့ သင့်သိစိတ်ခံစားမှုတွေ ထိန်းချုပ်တဲ့နေရာတစ်ခုပါ။ ဒါကြောင့် သင်ပျော်နေပြီဆိုတာကို frontal lobe က အရင်သိပြီး thalamus ကို သတင်းပို့လိုက်တာကြောင့် thalamus ကနေ ပျော်ရွင်ခြင်းရဲ့ သင်္ကေတ ဟော်မုန်း နှစ်မျိုးဖြစ်တဲ့ dopamine နဲ့serotonin တို့ကိုထွက်စေပါတယ်။ ဒီလို အာရုံကြော အချက်ပြစနစ်တွေကြောင့် သင့်ကိုယ်ခန္ဓါ ရဲ့ စွမ်းဆောင်ရည်တွေမြင့်တက်လာတာဖြစ်ပါတယ်။
  • သွေးလည်ပတ်မှုကို ကောင်းစေတယ်။ ။

    • သင်ပျော်ရွင်နေတဲ့ အချိန်ဆို တစ်ကိုယ်လုံး ပေ့ါပါးနေတာ သတိထားမိပါသလား။ ဒါဟာ သွေးလည်ပတ်မှု အပေါ်မှာ ပျော်ရွင်ခြင်းက သက်ရောက်မှုရှိနေလို့ပါ။ အရမ်းပျော်လာပြီဆို ရင်တွေ တဒိန်းဒိန်းခုန်နေတာမျိုး၊ မျက်နှာလေးတွေ နီနေတာမျိုး၊ တစ်ကိုယ်လုံး ပူရှိန်းရှိန်းလေးဖြစ်နေတာမျိုးပေါ့ ။ သွေးလည်ပတ်မှုတွေကို ကောင်းစေတာကြောင့် ကိုယ်ခန္ဓါတစ်ခုလုံး အောက်ဆီဂျင်တွေ အပြည့်အဝရပြီး မကောင်းတဲ့ ဓါတုပစ္စည်းတွေ အကုန်လုံးကိုချေဖျက်သွားလို့ ကင်ဆာရောဂြါဖစ်နိုင်ချေတွေ နည်းပါးသွားပါတယ်။

    Autonomic nervous system အပေါ် ပျော်ရွင်ခြင်းရဲ့ သက်ရောက်မှုများ ။ ။

    • Autonomic nervous system ဆိုတာ သင့် အသက်ရှြူခင်း၊ အစာခြေခင်း၊ သားငယ်အိမ် ကျယ်ခြင်း ၊ နှလုံးခုန်ြခင်း စတာတွေကို သင့်အစား အော်တိုထိန်းချုပ်ပေး နေတဲ့ စနစ်တစ်ခုပါ။ ပျော်ရွှင်ခြင်းဟာ autonomic nervous system အပေါ်ဘယ်လိုသက်ရောက်မှုရှိလဲ။ အရမ်းပျော်ရတဲ့ ကစားနည်းတွေ ၊ ဟာသတွေကြောင့် သင်ရယ်လိုက်တဲ့အချိန်မှ ာautonomic nervous system ကနေ နှလုံးခုန်သံတွေ အသက်ရှူသံတွေ မြန်ပေးပြီး စိတ်အေးချမ်းမှုကို ပေးစွမ်းတဲ့ တောထဲ လမ်းလျှောက်နေတဲ့ အချိန်မျိုးဆို နှလုံးခုန်နှုန်းကိုလျှော့ချပေးပါတယ်။
    • ပျော်ရွင်ခြင်းဟာ တံတွေးထွက်ခြင်း၊ ေချွးထွက်ြခင်းနဲ့ ကိုယ်အပူချိန်အပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။

    သင့် နှလုံး ကျန်းမာရေးအတွက် ပျော်ရွင်ခြင်းက အရေးကြီးပါတယ်။ ။

    • နှလုံးရောဂါရှိတဲ့သူကို စိတ်ညစ်အောင် မလုပ်နဲ့၊ စိတ်ပျော်အောင်ထားဆိုတာ မျိုး သင်ကြားဖူးမှာပါ။ ချစ်ခြင်းတို့ ပျော်ရွင်ခြင်းတို့ဟာ နှလုံးကနေ ဆင်းသက်လာတာ မဟုတ်ပေမယ့် နှလုံကျန်းမာရေး အပေါ် မှာတော့ သက်ရောက်မှုရှိပါတယ်။ လေ့လာချက်တွေအရတော့ ကိုယ့်ကိုကိုယ် ပျော်ရွင်နေတဲ့လူတစ်ယောက်လို့ သတ်မှတ်ထားတဲ့အချိန်မှာ နှလုံးရဲ့ စွမ်းဆောင်ရည်တွေ အမြင့်ဆုံးမှာရှိနေပြီး ပျော်ရွင်ခြင်း ၁ ရာခိုင်နှုန်းတိုးလာတိုင်း နှလုံးရောဂါ ဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်းလောက်တောင် လျော့ကျသွားတယ်လို့ ဆိုပါတယ်။

    ခုခံအားကောင်းဖို့အတွက်လည်း ပျော်ရွင်ခြင်းက အရေးပါပါတယ် ။ ။

    • လောကကြီးကို ပျော်ပျော်ရွင်ရွင် အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေတဲ့ သက်ကြီးရွယ်အိုတွေဟာ ဒေါင်ဒေါင်မြည် ကျန်းမာနေတုန်းပဲဆိုတာ သင်မြင်ဖူးမှာပါ။ ဒါက တိုက်ဆိုင်တာမဟုတ်ပါဘူး။ ခိုင်မာတဲ့ လေ့လာမှုတွေနဲ့ သက်သေပြချက်တွေရှိပါတယ်။ အကောင်းမြင် ပျော်ရွင်နေတဲ့လူတစ်ယောက်ဆီမှာ ရောဂါပိုးတွေကို တိုက်ထုတ်တဲ့ ပဋိပစ္စည်းတွေ ကိုယ်ခန္ဓါမှာ သာမန်လူတွေထက် ၂ဆ လောက်ကိုထွက်နေပါတယ်လို့ ၂၀၀၃ ခုနှစ်က ထုတ်ပြန်ထားတဲ့ လေ့လာချက်တစ်ခုက ပြောထားပါတယ်။

    ပျော်ရွင်မှုဟာ စိတ်ဖိစီးမှုကို အနိုင်ယူနိုင်စွမ်းရှိတယ်။ ။

  • ပျော်ရွင်ခြင်းနဲ့ စိတ်ဖိစီးမှုဆိုတာ ၃ နဲ့ ၄ လို အမြဲတမ်း ဆန့်ကျင်ဘက်ကို ကျောခိုင်းနေတဲ့ အရာနှစ်ခုပါ။ ပျော်ရွင်နေရင် စိတ်ဖိစီးမှုတွေ လျော့နေမယ်။ စိတ်ဖိစီးမှုတွေ များနေရင် ပျော်ရွင်မှုတွေ လျော့နေမယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျော့အောင် လုပ်မလား၊ ပျော်ရွင်ခြင်းကို တိုးအောင်လုပ်မလားဆိုတာက သင့်အပေါ်မှာ မူတည်နေတဲ့ အရာတစ်ခုပါ ။ စိတ်ဖိစီးမှုလောက် ကိုယ်ခန္ဓါကို ဒုက္ခပေးနိုင်တဲ့ အခြား အရာတွေ မရှိတော့ပါဘူးနော်။
  • ကိုယ်လက်ကိုက်ခဲမှုတွေကို သက်သာစေတယ် ။ ။

    • ပျော်ရွင်တဲ့အချိန်ဆို ထွက်လာတဲ့ dopamine ဟာ ကိုယ်လက် ကိုက်ခဲနာကျင်မှု နဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။

    ဒီလို ကောင်းကျိုးတွေ အများကြီးပေးတဲ့ ပျော်ရွင်ခြင်းကို နေ့ရက်တိုင်း ပိုင်ဆိုင်ရင် မကောင်းဘူးလား။ ဘယ်သူမှ နေ့တိုင်းစိတ်ညစ်နေတာကိုတော့ မလိုချင်ကြဘူးလေ။ ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိတဲ့အတွက် စိတ်ညစ်စရာတွေကို ရင်ထဲအကြာကြီး မထည့်ထားပါနဲ့။ နေ့ရက်တိုင်းကို အကောင်းမြင်စိတ်လေးမွေးပြီး စိတ်ဖိစီးမှုကင်းကင်းနဲ့ ဖြတ်သန်းပါ။ များများရယ်ပါ။ ‘ရယ်သောသူ အသက်ရှည်၏’ ဆိုတာ့ စကားစုလေး ကြားဖူးတယ်မလား ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement