backup og meta

သင့်အိပ်ခန်းထဲက အပင်လေးတွေ

သင့်ရဲ့ပတ်ဝန်းကျင်မှာ သစ်ပင်ပန်းမန်များကို မြင်ရခြင်းဟာ အင်မတန်ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ သင့်အနေနဲ့ သစ်ပင်သစ်ရွက်တွေ ပန်းတွေကို မမြင်ရတော့ရင် လူသားတယောက်အနေနဲ့ ဘယ်လောက်အထီးကျန်သွားမယ်ဆိုတာ သင်မသိသေးပါဘူး။ အကြောင်းကတော့ ဒီလိုအဖြစ်မျိုးကို မကြုံဖူးသေးလို့ပါပဲ။

အဆိုပါအနေအထားမျိုးကို ထုတ်ပြောခဲ့သူကတော့ အာကာသသူရဲကောင်းတဦး ဖြစ်ပါတယ်။ သူ့ရဲ့ အာကာသစခန်းမှာလည်း အပင်လေးများစိုက်ပျိုးပြီး အိပ်ပျော်အောင် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ သုတေသီများရဲ့ လေ့လာချက်အရ နေအိမ်အိပ်ခန်းများအတွင်းမှာ အပင်လေးများ စိုက်ပျိုးထားရှိခြင်းဟာ လူရဲ့စိတ်ကို သက်သောင့်သက်သာဖြစ်စေပြီး ညဖက်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

အပင်ငယ်လေးများကို အိပ်ခန်းထဲထားတဲ့အခါ သင့်ကိုတယောက်တည်းဖြစ်နေတယ်လို့ ခံစားရတာမျိုးကို လျော့ပါးစေပါတယ်။ ပတ်ဝန်းကျင်နဲ့ ထီးတည်းဖြစ်နေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ပျောက်စေပါတယ်။ ညအချိန်တွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။

တည်ငြိမ်အေးချမ်းသောအရောင်

သုတေသနတွေအရ အိပ်ခန်းတွေထဲထားတဲ့ အပင်များရဲ့ အရောင်ဟာလည်း သင်ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီရာမှာ အရေးပါပါတယ်။

ဥပမာ အစိမ်းရောင်၊ ခရမ်းရောင်၊ အနီရောင် ပန်းများ၊ အရွက်ကလေးများပါဝင်တဲ့ အပင်အမျိုးအစားများကို လေ့လာခဲ့ရာမှာ အစိမ်းရောင်အပင်များဟာ နှစ်ခြိုက်စွာအိပ်ပျော်ဖို့၊ စိတ်ကြည်လင်စေဖို့ ပိုမိုအထောက်အကူပြုကြောင်း သိရပါတယ်။

သင်းပျံ့သောရနံ့

ရနံ့မွှေးတာဟာ ခဏတာအတွက် အဆင်ပြေပေမယ့် ကြာလာရင် အီလည်တဲ့ ခံစားမှုကို ပေးလာပါလိမ့်မယ်။ မွှေးလွန်းတဲ့ ရနံ့ထက် မသိမသာသင်းပျံ့နေတဲ့ ရနံ့မျိုးဟာ ရေရှည်အတွက် အထောက်အကူပြုပါတယ်။ အထူးသဖြင့် ညဖက်အိပ်ရာဝင်ချိန်မှာ ဖြစ်ပါတယ်။

အပင်လေးတွေကနေ ပန်းပွင့်လေးတွေကနေရတဲ့ ရနံ့သင်းသင်းလေးများဟာ သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အထောက်အကူပြုပါတယ်။ အဆိုပါရနံ့များဟာ ဒိုပါမင်း အပါအဝင် ပျော်ရွှင်ခြင်းဟော်မုန်းများကို တက်လာစေပါတယ်။

အပင်လေးများနှင့် အချိန်ဖြုန်းခြင်း

သုတေသီများရဲ့ အဆိုအရ သင်မအိပ်စက်ခင်မှာ အနည်းဆုံး ၁၅ မိနစ်ခန့် အပင်လေးတွေနဲ့ အချိန်ဖြုန်းသင့်တယ်လို့ ဆိုပါတယ်။ အပင်လေးများကို ရေဖြန်းခြင်း၊ အရွက်ကလေးများကို ထိတွေ့ကိုင်တွယ်ခြင်း စတာတွေဟာ သင့်ကို စိတ်ဖိစီးမုလျော့ပါးစေပြီး စိတ်ကြည်လင်လန်းဆန်းစေတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုရဲ့ သုတေသနအရ ဝါးပင်လေးတွေကို စိုက်ထားတဲ့ ပန်းအိုးကို တစ်နေ့တာမှာ ၃မိနစ်ခန့် ကြည့်ပေးခြင်းဟာ သွေးတိုးခြင်း၊ စိုးရိမ်ပူပန်ခြင်းကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။

ဘာပင်တွေစိုက်မလဲ

အစိမ်းရောင် အရွက်အခက်ရှိတဲ့ အပင်များ ဥပမာ ဂမုန်းပင်၊ စတော်ဘယ်ရီ၊ ပင်စိမ်းစတာတွေဟာ အိပ်စက်ခြင်းအတွက် ပိုမိုအထောက်အကူ ပြုတာမို့ ဦးစားပေး စိုက်ပျိုးပေးသင့်ပါတယ်။ ဒါ့အပြင် စိတ်ကြည်လင်လန်းဆန်းအောင် အခြား အရောင်အသွေးစုံလင်တဲ့ အပင်ငယ်လေးများလည်း ထားသိုစိုက်ပျိုးနိုင်ပါတယ်။ အဝါရောင်၊ အဖြူရောင်ပွင့်တဲ့ အပင်တွေ ဥပမာ စံပယ်၊ ကနိုလာ၊ ရနံ့သင်းတဲ့ အပင်များ စတာမျိုးတွေ ဖြစ်ပါတယ်။ အပင်လေးတွေ မစိုက်ဖြစ်သေးရင်တောင် ပန်းအိုးလေးထဲမှာ ပန်းရောင်စုံထည့်ပြီး သင့်အိပ်ခန်းထဲ ထားလိုက်ပါ။ အထီးကျန်တဲ့ ခံစားချက်မျိုးပျောက်ပြီး နှစ်ခြိုက်စွာလည်း အိပ်ပျော်စေပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/put-plants-in-your-room-for-better-sleep-according-to-astronauts Accessed Date 20 August 2020

ယခုပုံစံ

25/05/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျော်ရွှင်ခြင်းနှင့် ကျန်းမာခြင်း

အိမ်တွင်းအပင်လေး တွေရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/05/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement