backup og meta

ကျောင်းနေအရွယ် ကလေးအတွက် ဘေးကင်း စိတ်ချရသော ကစားစရာများရွေးချယ်ခြင်း


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းနေအရွယ် ကလေးအတွက် ဘေးကင်း စိတ်ချရသော ကစားစရာများရွေးချယ်ခြင်း

    နေ့စဉ်ရောက်ရှိနေသော ကစားစရာအသစ်များ မပါသည့် တိုင်အောင်ဈေးထဲတွင် ကစားစရာများ များစွာ ရှိသည်။ ထို့ကြောင့်သင့်ကလေး၏ကစားစရာများသည် ဘေးကင်းစိတ်ချရကြောင်းကို သေချာရန်အရေးကြီးသည်။

    ထုတ်လုပ်သူများသည် ချမှတ်ထားသော ဥပဒေ စည်းမျဉ်းများကို လိုက်နာရန် လိုအပ်ပြီး ကစားစရာအသစ်များကို အသက်ကန့်သတ်ချက်အတိုင်းပြုလုပ်ကြရသည်။ သို့သော် သင့်ကလေး၏ ဘေးကင်းလုံခြုံမှုအတွက် မိဘများသည် ကစားစရာဝယ်သည့်အခါတွင် အထူးဂရုစိုက်သင့်သည်။

    အခြေခံ ကစားစရာ ညွှန်ကြားချက်များ

    – အဝတ်စနှင့် ပြုလုပ်ထားသော ကစားစရာများသည် မီးလောင်ခြင်းကို ခံနိုင်ရည်ရှိရန် လိုအပ်သည်။

    – ကစားစရာများသည် လျော်ဖွတ်သန့်စင်လို့ ရသင့်သည်။

    – ဆေးခြယ်ထားသော ကစားစရာများသည် ခဲကင်းလွတ်သော ဆေးဖြင့် သုတ်ထားသင့်သည်။

    – ပန်းချီပစ္စည်းများသည် အဆိပ်မသင့်သော အရာများကို အသုံးပြုထားကြောင်း ဖော်ပြထားသင့်သည်။

    – ပုံဆွဲခဲတံများနှင့် ဆေးခြယ်သည့် ဆေးများသည် ထုပ်ပိုးသည့်အခွံတွင် ခွင့်ပြုချက်အထောက်အထားများပါသင့်သည်။

    မိသားစုတွင်းလက်ဆင့်ကမ်းထားသော အရုပ်ဟောင်းများနှင့် သူငယ်ချင်းများမှ ပေးထားသော အရုပ်ဟောင်းများကို အဝေးတွင်ထားပါ။ ထိုအရုပ်များသည် တန်ဖိုးထားသင့်သည့် အရာများဖြစ်နေနိုင်သည်။

    သို့သော် ၎င်းတို့သည် ကလေးအတွက် လုံခြုံစိတ်ချမှုအပြည့်အ၀ မပေးနိုင်ပေ။ ကစားစရာသည် သင့်ကလေးအတွက် အလွန်ဆူညံသည့် အသံမထွက်စေရပါ။ သင့်ကလေးမှနားနားသို့ ကပ်ကိုင်လျှင် နားကို ထိခိုက်စေနိုင်သည်။

    ကစားစရာရွေးချယ်ရန် လမ်းညွှန်

    ကစားစရာသည် ကလေး၏ အသက်နှင့် သင့်တော်သည်ကို အာမခံနိုင်ရန် ဖော်ပြချက်များကို သေချာစွာဖတ်ပါ။ ကလေး၏ အမူအကျင့်၊ စရိုက်နှင့် အလေ့အထများကို ထည့်သွင်းစဉ်းစားပြီး ကစားစရာကို ဝယ်ပေးသင့်သည်။

    ကလေး၏ အသက်အရွယ်ကို ဆုံးဖြတ်ရာတွင် ကလေးအတွက် ဘေးကင်းမှု၊ ကို အဓိကထားပြီး စဉ်းစားသည်၊ ကလေး၏ ဉာဏ်ရည်၊ သို့မဟုတ် အရွယ်ရောက်မှုနှင့် မဆိုင်ပေ။

    အောက်ပါတို့သည် သင်၏ ကျောင်းနေအရွယ် ကလေးအတွက် ကစားစရာရွေးချယ်ရန် လမ်းညွှန်ဖြစ်သည်။

    -စက်ဘီး၊ စကူတာ၊ စကိတ် များကို လုံခြုံရေးပစ္စည်းများမဝတ်ဆင်ပဲ မသုံးခိုင်းပါနှင့်။ ပစ္စည်းတွင်ပါသော ဖော်ပြချက်များကို သေချာစွာဖတ်ပါ။

    -ခြင်ထောင်သည် သေချာစွာ အနားသတ်များဖြင့် ပိတ်ထားပြီး ကလေးကို လည်ပင်းအစ်စေခြင်း မဖြစ်စေရပါ။

    -မြှား၊ လှံ စသည့် ကစားစရာများသည် ချွန်ထက်သော ထိပ်များမဟုတ်ပဲ ပျော့ပြီး စုပ်ခွက်ပါသော အရာများဖြစ်သင့်သည်။

    -အရုပ်သေနတ်များကိ ုတောက်ပသော အရောင်များဖြင့် ဆေးခြယ်ထားပါ။ သို့မှသာ ကလေးများသည် သေနတ်အစစ်ဖြင့် မမှားနိုင်မည် ဖြစ်သည်။ ကလေးကို မြှား၊ လှံ များဖြင့် သူတပါးကို ပစ်ခြင်း ခွင့်မပြုရပါ။

    -အသက် ၁၆ နှစ်အောက်ဖြစ်သော ကလေးများကို လေသေနတ်များ၊ ကျည်ဆံသီးပါသော သေနတ်များ အသုံးမပြုခိုင်းရပါ။

    -လျှပ်စစ်ကစားစရာများသည် စိတ်ချရသော ဓါတ်ခွဲခန်းများ၏ ထောက်ခံချက်ရသော ကစားစရာများဖြစ်သင့်သည်။

    အိမ်တွင် စိတ်ချရသော ကစားစရာများဖြစ်အောင်ပြုလုပ်ပေးပါ။

    စိတ်ချရသော ကစားစရာကို ဝယ်ပြီးလျှင် မိဘများသည် ကလေးမှ မည်သို့အသုံးပြုရသည်ကို သိစေရန် အောက်ပါတို့ကို ပြုလုပ်ပေးရမည်။

    -ကလေးကို ကစားပြီးလျှင် ကစားစရာကို သေချာစွာ သိမ်းဆည်းတတ်စေရန် သင်ပေးရမည်။

    -ကစားစရာများသည် ကျိုးပဲ့ပျက်စီးမနေကြောင်း စစ်ဆေးရမည်။

    -ပျက်စီးနေလျှင် လွှင့်ပစ်ပါ။ သို့မဟုတ် ပြုပြင်ပေးပါ။

    -ပုံမှန် အသုံးမပြုသော ကစားစရာများကို မပျက်စီးစေရန် စတိုခန်းတွင် သိမ်းထားပါ။

    -ထုတ်လုပ်သူ၏ ညွှန်ကြားချက်ကို ဖတ်ပြီး ကစားစရာများကို သန့်ရှင်းစေရန် ထိန်းသိမ်းသင့်သည်။

    -ကလေးများသည် အရုပ်မဟုတ်သော ဓါး၊ ပစ္စည်းကိရိယာများနှင့် ကစားလိုကြသည်။ ထိုအရာများကို ကလေးနှင့် ဝေးဝေးတွင် ထားပါ။

    Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement