ထမင်းဖြူကတော့ လူတိုင်းစားကြတဲ့ အစားအစာဖြစ်တာကြောင့် သူရဲ့ အာနိသင်တွေကို အထူးတလည်တောင် ပြောပြစရာ လိုမယ်မထင်ပါဘူး။ ကိုယ်ဟာ ညဘက် ကောင်းကောင်း အိပ်မပျော်တတ်တဲ့သူဆိုရင်တော့ နေ့လည်ခင်း အချိန်တွေမှာ ထမင်းများများ စားပါ။ ဒါမှမဟုတ် ညအိပ်ရာ မဝင်ခင်မှာ ထမင်းစားပါ။ ပေါင်မုန့်၊ ခေါက်ဆွဲ စားတဲ့သူနဲ့ ထမင်းဖြူ စားတဲ့သူတွေကို စမ်းသပ်ခဲ့ရာမှာ ထမင်းဖြူ စားတဲ့သူက ညဘက်မှာ အိပ်မပျော်တာတွေ မဖြစ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာတွေ ဖြစ်စေပါတယ်။ အိပ်ရာမဝင်ခင် တစ်နာရီအလိုလောက်မှာ ထမင်းစားပါ။
ငှက်ပျောသီး
ငှက်ပျောသီးမှာ tryptophan ပါဝင်တဲ့အပြင် မဂ္ဂနီဆီယမ်လည်း များများ ပါဝင်တာကြောင့် အိပ်ပျော်စေပါတယ်။ ဒါကြောင့် ညဘက် အိပ်မပျော်ဘူးဆိုရင်တော့ ငှက်ပျောသီးလေးတွေ စားပေးနိုင်ပါတယ်။
ညဘက်အိပ်မပျော်တာတွေနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာတွေ ဖြစ်နေတယ်ဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အစားအစာလေးတွေ စားပြီး အိပ်ကြည့်ပေးပါနော်။ အိပ်ရေးဝဝ အိပ်ဖြစ်စေမှာမို့ ကျန်းမာလှပလာမှာ သေချာပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။