အရာရာတိုင်းက အကောင်အထည် မပေါ်မချင်း ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာကို သတိရပါ။ Premier League မှာတောင် နောက်ဆုံး မိနစ်ရောက်မှ အနိုင်ဂိုး သွင်းတာမျိုး တောက်လျှောက်နိုင်လာပြီး နောက်ဆုံးကျမှ ဂိုးပြန်ပေးလိုက်ရတာမျိုးတွေ ရှိတတ်တာကို ဘောလုံး ချစ်သူတွေဆိုရင် ကောင်းကောင်းသိမှာပါ။
လူ့ဘဝကြီးကလည်း ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒီခြေအနေကို သေချာ သိရှိထားမယ်ဆိုရင် ဖြစ်လာတဲ့ အခြေအနေကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ ပြင်ဆင်ထားပြီးသား ဖြစ်နေမှာပါ။
ဘဝ အပြောင်းအလဲ ဖြစ်ရပ်တွေထက် အခြားအရာတွေက အသေးအဖွဲပါ
ဘဝ တစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင်တဲ့ အရာတွေနဲ့ ယှဉ်ရင် ဂိမ်းမဆော့ လိုက်ရတာ၊ တစ်ခုခုကို မစားလိုက်ရတာ၊ အစားထိုးလို့ ရတဲ့ အရာတစ်ခုခု ပျက်စီးသွားတာက ဘဝကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ဖြစ်ရပ်တွေ ဖြစ်တဲ့ မိသားစုဝင် တစ်ယောက်ယောက်ကို ဆုံးရှုံးရတာ၊ ကုသလို့ မရနိုင်တဲ့ ရောဂါတွေ ခံစားရတာလောက် မပြင်းထန်ပါဘူး။ တစ်နှစ် မဟုတ်လည်း နောက်တစ်နှစ်တော့ ကြုံရမယ်ဆိုတာကို သိထားဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။