backup og meta

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာက ကောင်းတဲ့ အချက်ဆိုတာကို တော်တော်များများ ကြားထားပြီးသား ဖြစ်မှာပါ။ ဟုတ်ပါတယ် လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းက အောင်မြင်သူတိုင်းမှာ ပိုင်ဆိုင်ထားတဲ့ အကျင့်ကောင်း တစ်ရပ်ပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းမှာလည်း ကောင်းကျိုးရှိသလို အချို့အခြေအနေမှာလည်း ထိခိုက်နိုင်တာတွေ ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက

    လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုးတွေ အများသားပါ။ ဘာတွေလဲဆိုတော့

  • အကောင်း မြင်တတ်ကြတယ် 
  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝတဲ့သူတွေက ဘဝကို အကောင်းမြင်တတ်ကြပါတယ်။ အခြေအနေတိုင်းကို အဆိုးဘက်က မကြည့်ဘဲ အကောင်းဘက်က ကြည့်တတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ဘဝကြီးက ပျော်ရွှင်စရာတွေနဲ့ ပြည့်နေတော့တာပေါ့။

    • အရှိကို အရှိအတိုင်း လက်ခံတတ်ကြတယ်

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေက အကောင်းမြင်တတ်ကြသလို လက်တွေ့ဘဝမှာ အရှိကို အရှိအတိုင်း လက်ခံတတ်ကြပါတယ်။ အခက်အခဲတွေကိုလည်း ကောင်းကောင်း ကျော်လွှားနိုင်မယ်ဆိုတာ အသေအချာပါ။

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေက သူတို့ကို အခြားသူတွေက ဝေဖန်နေရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမဲ့သူတွေလို့ မယူဆတတ်ကြပါဘူး။ သူတို့လေးတွေက ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ကောင်းကောင်း သိကြပါတယ်။

    • ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေက အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းတတ်ကြပြီး ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်ကြပါတယ်။

    • အောင်မြင်ကြတယ်

    စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ ဝန်မလေးတတ်ကြတဲ့ အလေ့အထက ဘဝမှာ အောင်မြင်သူတွေအဖြစ် ရပ်တည်နိုင်ဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

    • ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ဖန်တီးနိုင်ကြတယ်

    အသစ်အသစ်သော ဆက်ဆံရေးတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ဖန်တီးနိုင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာတဲ့သူတွေကို လူတော်တော်များများက သဘောကျကြပါတယ်။

    • စိတ်အားထက်သန်ကြတယ်

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေက စိတ်အားထက်သန်ကြပြီး အရာရာကို စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ အောင်မြင်အောင် လုပ်ဆောင်တတ်ကြပါတယ်။

    ကောင်းကျိုးလေးတွေကို ပြောပြီးပြီဆိုတော့ ဆိုးပြစ်လေးတွေကို ပြောပြပေးမယ်နော်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာက ကောင်းတယ်ဆိုပေမယ့် အချို့သော အခြေအနေတွေမှာတော့ မကောင်းပါဘူး။ ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်လဲဆိုတော့

    • ယုံကြည်မှု လွန်ကဲတာ

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာ ကောင်းပေမယ့် ယုံကြည်မှု လွန်ကဲတာက မိတ်ဆွေတွေနဲ့ မိတ်ပျက်တာမျိုး ဖြစ်စေနိုင်သလို အချို့အခြေအနေတွေမှာ စိတ်ပင်ပန်း ထိခိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    • စွမ်းဆောင်ရည် ကျဆင်းတယ်

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသွားတဲ့အခါ အထင်ကြီးစိတ် ဝင်သွားပြီး ကောင်းကောင်း မကြိုးစားမိတာ၊ အလုပ်ကို စိတ်ရောကိုယ်ပါ နှစ်မလုပ်မိဘဲ ခပ်ပေါ့ပေါ့ လုပ်မိတာတွေကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်တာမျိုး ရှိနိုင်သလို စွမ်းဆောင်ရည် ထိခိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။

    • ထောင်လွှားမောက်မာမိနိုင်တယ်

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသွားတဲ့အခါ လူတိုင်းကို အထက်စီးဆန်ဆန် ဆက်ဆံမိပြီး အခြားသူတွေကို နှိမ့်ချဆက်ဆံမိတာမျိုးတွေ ရှိလာနိုင်ပါတယ်။

    • စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်တယ်

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာ ကောင်းပေမယ့် ယုံကြည်မှုက လိုတာထက် ပိုသွားမယ်ဆိုရင်တော့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။

    • လက်တွေ့ဘဝနဲ့ ကင်းကွာစေတယ်

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲပြီး အရာရာကို အကောင်းမြင်လွန်းတာကလည်း အချို့သော အခြေအနေတွေမှာ လက်တွေ့နဲ့ ကင်းကွာစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ


    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းရင် ဘာတွေဖြစ်နိုင်မလဲ!



    လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းတဲ့အခါ

    • ပညာရေးပိုင်းမှာ အားနည်းတာ
    • အောင်မြင်မှု မရတာ
    • မူးယစ်ဆေး သုံးစွဲတာ
    • အလုပ်ခွင်မှာ စိတ်ဖိစီးမှု များတာ
    • အထီးကျန် ဆန်တာ
    • စိတ်ဓာတ်ကျတာ
    • စိတ်ဖိစီးတာမျိုးတွေကို ခံစားရနိုင်ပါတယ်။

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင်ရော ဘာကောင်းကျိုးတွေ ရနိုင်မလဲ!


    လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမယ်ဆိုရင်
    • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန် ချမှတ်နိုင်မယ်
    • ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ်
    • စိတ်ဖိစီးမှု ကင်းမယ်
    • ပြဿနာတွေကို ကောင်းကောင်း ဖြေရှင်းနိုင်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement