backup og meta

ရင်းနှီးဖော်ရွေစွာ နဲ့ ဆက်ဆံတတ်ခြင်းရဲ့ အကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်းနှီးဖော်ရွေစွာ နဲ့ ဆက်ဆံတတ်ခြင်းရဲ့ အကျိုးကျေးဇူး

    လူတိုင်းကဖော်ရွေရင်းနှီးသူတွေပဲတော့မဟုတ်ပါဘူး။ လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုမျိုးပေါ့။ လူတွေမှာဖော်ရွေတတ်သူတွေရှိသလို လူတွေနဲ့ သိပ်ရင်းရင်းနှီးနှီးမနေကြသူတွေလည်းရှိပါတယ်။ ဒီတစ်ခေါက်တော့ လူတွေနဲ့ ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်သူလေးတွေပဲရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။

    လူတိုင်းကို ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်ခြင်းကနေရရှိမယ့် အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ……….

    လူတိုင်းကိုဖော်ရွေရင်းနှီးစွာဆက်ဆံတတ်မှုကလည်းကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပါ။ ဒီလိုပြောရတဲ့အကြောင်းက လူတိုင်းမှာ လူတွေကို ဖော်ရွေရင်းနှီးစွာဆက်ဆံတတ်တဲ့အရည်အသွေးမရှိပါဘူး။ အလွယ်တကူပြောရရင်တော့ ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေပေါ့။ ဒီလိုမျိုးဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်မှုကြောင့်

    တစ်ခါတစ်လေ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံတဲ့အခါမျိုးဆိုရင် လူတိုင်းက ရိုင်းစိုင်းလိုက်တာ၊ ဆက်ဆံရခက်လိုက်တာလို့ ခံစားမိနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ အဆိုးမြင်သမားကြီးပဲမဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒီကွင်းဆက်ကို အဆုံးသတ်ဖို့ဆိုရင် ကိုယ့်ဘက်ကဖော်ရွေရင်းနှီးစွာနဲ့ ဆက်ဆံလိုက်ပါ။ ဒီလိုဆက်ဆံမှုကြောင့် သူဘက်ကဆက်ဆံရေးကလည်းကောင်းလာပါလိမ့်မယ်။ ဒီတော့ ကိုယ်တိုင်မှာရော သူများမှာပါကောင်းမွန်စွာဆက်ဆံတတ်တဲ့ လူမှုဆက်ဆံရေး အလေ့အထတစ်ရပ်ကို ပျိုးထောင်ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။

    ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်တဲ့အလေ့အထက အခြားသူတွေကိုတင်ပျော်ရွှင်မှုပေးနိုင်တာမဟုတ်ဘဲ ကိုယ်တိုင်မှာလည်းပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်။ အပြန်အလှန်ဂရုစိုက်ပေးမှုရှိနေတဲ့ အသိုက်အဝန်းတစ်ရပ်ကို ဖန်တီးနိုင်ခွင့်ရရှိပြီး နေ့ရက်တိုင်းမှာ ဂရုစိုက်ပေးမှုတွေကြောင့်ပျော်ရွှင်မှုတွေ ပြည့်စုံနေစေမှာ အသေအချာပါ။

    • ဘဝအဓိပ္ပာယ်ပြည့်စုံစေနိုင်တယ်

    ဖော်ရွေရင်းနှီးစွာဆက်ဆံတတ်မှုက လူတစ်ယောက်နဲ့တစ်ယောက်ကြားက ခင်မင်မှုရဲ့ မြစ်ဖျားခံရာအချက်တစ်ခုပါ။ လူတိုင်းနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးကိုဖန်တီးနိုင်မှုကပျော်ရွှင်မှုကိုရရှိစေပြီး အပြန်အလှန်ဂရုစိုက်မှုတွေ၊ ကူညီစောင့်ရှောက်မှုတွေကပဲ ဘဝကို ပိုမိုအဓိပ္ပာယ်ရှိလာစေမှာပါ။

    ခင်မင်ရင်နှီးစွာဆက်ဆံတတ်မှုကြောင့် သူယ်ချင်းမိတ်ဆွေပေါများနေမယ်ဆိုတာ ပြောနေစရာတောင်မလိုပါဘူး။ ဒီလိုမိတ်ဆွေသူငယ်ချင်းကောင်းတွေ ပေါနေသူတစ်ယောက်အဖို့ အထီးကျန်မှုဆိုတာနဲ့ ခပ်ကင်းကင်းမှာနေနိုင်မယ်ဆိုတာအသေအချာပါ။

  • စိတ်ခံစားမှုကောင်းစေနိုင်တယ်
  • ရန်သူမရှိ မိတ်ဆွေပေါသူတစ်ယောက်အဖို့ ဆက်ဆံရေးမှာ စိုးရိမ်စိတ်ကင်းနေမှာ အသေအချာပါ။ ဒီလို စိုးရိမ်စိတ်ကင်းစင်မှုကပဲ စိတ်ခံစားမှုကောင်းအောင်ထောက်ပံ့ပေးမှာပါ။ စိတ်ဓာတ်ကျတာကို ကင်းစေနိုင်ပြီး အမြဲတမ်းတက်ကြွလန်းဆန်းနေစေပါတယ်။

    • တီထွင်ဖန်တီးမှုကောင်းစေနိုင်တယ်

    စိတ်ခံစားမှုကောင်းမယ်၊ စိတ်ဖိစီးမှုကင်းနေတဲ့သူတစ်ယောက်က အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းနိုင်ကြပါတယ်။ ပူပန်မှုကင်းနေတဲ့စိတ်ကပဲ တီထွင်ဖန်တီးမှုကောင်းစေမှာပါ။

    စိတ်ဓာတ်ကြံ့ခိုင်စေနိုင်တယ်

    ရင်းနှီးဖော်ရွေသူတွေက ဆက်ဆံရေးကောင်းကြသလို လူတိုင်းနဲ့ အဆင်ပြေပြေဆက်ဆံတတ်ကြပါတယ်။ တစ်ဖက်က ခက်ထန်စွာနဲ့ပြုမူရင်တောင်မှ အဆင်ပြေဆုံးပြန်ဆက်ဆံပေးတတ်ကြတဲ့အလေ့အထကြောင့်ပဲ သူတို့ဟာ အခြေအနေအရပ်ရပ်ပေါ်မှာ အကောင်းဆုံးတုံ့ပြန်နိုင်တဲ့သူတွေဖြစ်လာတာပါ။ အဆိုးဆုံးအခြေအနေကို အကောင်းဆုံးကျော်လွှားနိုင်ဖို့က စိတ်ဓာတ်ကြံ့ခိုင်သူတွေပဲ တတ်နိုင်မယ့် အခြေအနေတစ်ရပ်ပါ။

    ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတော်တော်များများ ခံစားရတာက စိတ်ဖိစီးတာကြောင့်ပါ။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေကိုဖြစ်စေတဲ့အကြောင်းအရင်းခံထဲမှာ စိတ်ဖိစီးမှုကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတယ်ဆိုတာက အသေအချာပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေကတော့ စိတ်ဖိစီးမှုကင်းကြတာကြောင့် နာတာရှည်ရောဂါတွေခံစားရနိုင်ခြေကလည်းတော်တော်လေးနည်းသွားမှာပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement