backup og meta

စိတ်ကျန်းမာရေးအတွက် ပျိုးထောင်သင့်တဲ့အလေ့အကျင့်အချို့

စိတ်ရောကိုယ်ပါကျန်းမာမှပြည့်စုံတဲ့ကျန်းမာမှုတစ်ရပ်လို့ဆိုနိုင်ပါတယ်။ လူတော်တော်များများအာရုံစိုက်နေမိတာကရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှလည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာမယ်ဆိုတာကိုမေ့ထားလို့မဖြစ်ပါဘူး။ စိတ်ကျန်းမာရေးကောင်းမှနေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။ ဒီတော့ စိတ်ကျန်းမာရေးကောင်းစေဖို့ ဘာတွေဂရုစိုက်ဖို့လိုလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

စိတ်ကျန်းမာရေးအတွက် ပျိုးထောင်သင့်တဲ့အလေ့အကျင့်အချို့

စိတ်ကျန်းမာရေးကောင်းစေဖို့အတွက်မွေးမြူသင့်တဲ့အလေ့အထလေးတွေက

ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေဖို့ဆိုရင်

နေ့စဉ် အိပ်ချိန် ၈ နာရီထားရှိပေးပါ

တစ်နေ့တာလုံးမှာ နိုးနိုးကြားကြားရှိပြီး စိတ်ဖိစီးမှုကင်းစေဖို့ဆိုရင် ညဘက်တိုင်းမှာ အနည်းဆုံး အိပ်ချိန် ၈ နာရီရှိနေစေဖို့ ဂရုစိုက်ပေးစေချင်ပါတယ်။ပြည့်ဝတဲ့အိပ်စက်ချိန်က မှတ်ဉာဏ် ကောင်းစေသလို အာရုံစူးစိုက်မှုကိုကောင်းစေပြီး စိတ်ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။

အာဟာရပြည့်ဝအောင်စားပေးပါ

အာဟာရပြည့်ဝအောင်စားသုံးမှုက ခန္ဓါကိုယ်ကျန်းမာဖို့အတွက်တင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့အတွက်ပါ အများကြီးအထောက်အပံ့ပေးနိုင်ပါတယ်။ အစားအစာတွေက စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသုံးမှုတွေထဲမှာomega-3 fatty acids ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ မက်ကာရယ်၊တူနာငါးတို့ကို ထည့်သွင်းစားသုံးပေးသင့်သလို သစ်သီးတွေနဲ့ကောက်နှံတစ်ခုလုံးပါဝင်နေတြ့ အစားအစာတွေကိုလည်း စားပေးသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ

ကိုယ်လက်လှုပ်ရှားမှုလုပ်တာက ရုပ်ပိုင်းဆိုင်ရာတင် ကျန်းမာစေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့အတွက်ပါ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။

သူငယ်ချင်းတွေနဲ့ ပုံမှန်အဆက်အသွယ်လုပ်ပါ

တစ်နေ့တာမှာ အနည်းဆုံး ၁၀ မိနစ်လောက် ချစ်ခင်ရသူမိတ်ဆွေ သူငယ်ချင်းတစ်ဦးဦးနဲ့ စကားစမြည်ပြောတာကလည်း စိတ်ကျန်းမာစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အလုပ်တွေများနေရင်တောင် ၁၀ မိနစ်လောက်တော့ ခင်မင်ရသူတစ်ယောက်ယောက်နဲ့ စကားစမြည်ပြောပေးဖို့မမေ့ပါနဲ့။

ဝါသနာပါရာတစ်ခုခုကို အချိန်ပေးပါ

နေ့စဉ်တိုင်းရဲ့ အချိန်ဇယားထဲမှာ ကိုယ်ဝါသနာပါရာတစ်ခုခုကိုလုပ်ဆောင်ဖို့အတွက်၊ ဝါသနာပါရာ ပညာရပ်အသစ်တွေကို သင်ယူနိုင်ဖို့အတွက် သီးသန့်အချိန်ဖယ်ထားပေးပါ။ ဒီလိုလုပ်ဆောင်ပေးမှုက ဦးနှောက်ကို အသစ်သစ်သောအရာတွေကိုသင်ယူခွင့်ရစေသလို စိတ်အပန်းပြေစေပြီး စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

အခြားသူတွေကို ကူညီပေးပါ

သူတစ်ပါးကိုကူညီပေးတာက စိတ်ပျော်ရွှင်ကျေနပ်မှုကိုခံစားရစေပါတယ်။ ဒီခံစားမှုက စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် တစ်နေ့တာ သွားလာလှုပ်ရှားမှုအတွင်း အကူအညီလိုအပ်နေသူတွေကို တတ်နိုင်သမျှကူညီပေးတတ်တဲ့ အလေ့အထလေးကိုမွေးမြူစေချင်ပါတယ်။

စိတ်ဖိစီးမှုကိုဖြေလျော့တတ်ပါစေ

လူတော်တော်များများ စိတ်ပိုင်းဆိုင်ရာ မကျန်းမာရတဲ့ အဓိကအကြောင်းအရင်းက စိတ်ဖိစီးမှုတွေကို တစ်ချိန်လုံးပိုက်ထားတာကြောင့်လည်းပါပါတယ်။ ဒါကြောင့် တရားထိုင်တာ၊မေတ္တာပို့တာ၊ သီးချင်းအော်ဆိုတာ၊ ဂိမ်းဆော့တာအပါအဝင် စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တဲ့ အလေ့အထလေးတစ်ခုကိုမွေးမြူထားလို့ စိတ်ဖိစီးမှုတွေကိုဖြေလျော့ပါ။

အတွေးတွေကို အနားပေးတတ်ပါစေ

လူတစ်ယောက်တိုးတက်ဖို့ဆိုတာ အမြဲတွေးနေဖို့လိုတယ်ဆိုပေမယ့် တစ်ခါတလေမှာ အပျက်သဘောဆောင်တဲ့အတွေးတွေ၊ ယုံကြည်မှုပျောက်ဆုံးစေတဲ့ အတွေးမျိုးတွေကိုတော့ အဆက်မပြတ်တွေးနေရင် ဆိုးကျိုးဖြစ်လာဖို့ကများမှာပါ။ ဒါကြောင့်တွေးတောမှုတွေကို လိုအပ်လာရင် အနားပေးတတ်စေဖို့လည်း သတိရပါ။

ရယ်မောပါ

ရယ်မောခြင်းက စိတ်ကျန်းမာရေးအတွက်ဆေးဝါးတစ်ခုပါ။ ဒါကြောင့် တစ်နေ့တာမှာ စိတ်ညစ်စရာတွေရှိနေရင်တောင် ဟာသလေးတွေရင်ဖြစ်ဖြစ် စိတ်ပျော်စေမယ့် အပြုအမူလေးတွေတွေ့ရင်ဖြစ်ဖြစ် စိတ်ပျော်ရွှင်စေမယ့် အခိုက်အတန့်လေးနဲ့ ကြုံကြိုက်တဲ့အခါ ရယ်မောဖို့ မမေ့ပါနဲ့။

ဆေးလိပ်နဲ့အရက်ဖြတ်ပါ

စိတ်ညစ်တဲ့အခါဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်လုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီဖြေရှင်းနည်းက ယာယီအခိုက်အတန့်အတွက်ပဲ အသုံးဝင်တာပါ။ရေရှည်မှာက စိတ်ကျန်းမာရေးကိုတော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာချင်ရင် အရက်နဲ့ဆေးလိပ်ကိုဖြတ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Proven Ways to Achieve Mental Wellnesshttps://www.healthxchange.sg/wellness/mental-health/ten-ways-achieve-mental-wellness Accessed Date 6 August 2019

Tips for good mental healthhttps://www.healthdirect.gov.au/tips-for-good-mental-healthAccessed Date 6 August 2019

Building Better Mental Healthhttps://www.helpguide.org/articles/mental-health/building-better-mental-health.htmAccessed Date 6 August 2019

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို ဘယ်လိုတုံ့ပြန်မလဲ

စိတ်ပျော်စေဖို့ ဘာတွေစားမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။