လေ့လာမှုတစ်ရပ်အတွင်း တစ်နှစ်ကို နာရီ ၂၀၀ ပရဟိတလုပ်တဲ့သူတွေက ပရဟိတမလုပ်တဲ့သူတွေထက်သွေးတိုးရောဂါခံစားရနိုင်ခြေလျော့နည်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ပရဟိတလုပ်တာ နာရီ ၂၀၀ ထက်နည်းတဲ့သူတွေမှာလည်းသေါးတိုးရောဂါဖြစ်နိုင်ခြေလျော့နည်းတာမျိုးမရှိဘူးလို့သိရပါတယ်။
သူတစ်ပါးကို ကူညီပေးတာကကိုလက်စထရောပမာဏကြောင့်ဖြစ်တဲ့ဝေဒနာတွေကိုလျော့ပါး သက်သာစေနိုင်သလို အခြားကျန်းမာရေးပြဿနာတွေကိုလည်းလျော့ပါးသက်သာစေနိုင်တယ်လို့လေ့လာမှုတွေအရသိရပါတယ်။
ခန္ဓါကိုယ် ကျန်းမာသန်စွမ်းစေနိုင်ခြင်း
ရုပ်ပိုင်းဆိုင်ရာအရ သူတစ်ပါးကို ကူညီပေးမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရ ာအကျိုးကျေးဇူးတွေကို ခံစားရမှာမလွဲပါပဲ။ ဥပမာပြောပြရရင်ဆောက်လုပ်ရေးလုပ်တဲ့နေရာမှာ ပစ္စည်းတွေဝိုင်းသယ်ပေးတယ်ဆိုပါစို့၊ အလေူအပင်တွေဝိုင်းသယ်ပေးတာကြောင့် ခန္ဓါကိုယ်တွင်း ကကယ်လ်လိုရီတွေလောင်ကျွမ်းသွားမှာဖြစ်ပါတယ်။ဆေးသုတ်တာ၊ သန့်ရှင်းရေးလုပ်တာနဲ့ စာကြည့်တိုက်ရှင်းတဲ့နေရာတွေမှာ ဝိုင်းလုပ်ပေးမယ်ဆိုရင် အလေးမတဲ့လေ့ကျင့်ခန်းလုပ်သလိုမျိုး ၊ အကြောဆန့်လေ့ကျင့်ခန်းလုပ်သလိုမျိုး အကျိုးကျေးဇူးတွေရရှိစေမှာဖြစ်တဲ့ အပြင်အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေမှာဖြစ်ပါတယ်။
မိသားစုဆက်ဆံရေးကို ပိုမိုခိုင်မြဲစေနိုင်ခြင်း
ပရဟိတလုပ်တဲ့သူတွေက အများနဲ့လိုက်လျောညီထွေဆက်ဆံနေထိုင်တတတ်တာကြောင့် မိသားစုတွင်းမှာလည်း အဆင်ပြေပြေဆက်ဆံနိုင်ပါတယ်။ သူတို့ဟာ မိသားစုဝင်တွေအပေါ်မှာ မှီခိုတာမျိုးမရှိဘဲ ကိုယ်တိုင်လုပ်ဆောင်ရင်း အခြားမိသားစုဝင်တွေကိုလည်း ကူညီဖေးမတတ်ကြပါသေးတယ်။ စိတ်ပိုင်းဆိင်ရာကျန်းမာသန်စွမ်းကြသလို စိတ်ကျရောဂါခံစားရနိုင်ခြေကလည်း အခြားသူတွေထက်နည်းပါတယ်။ မိမိကိုယ်တိုင်က ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းအမှီအခိုကင်းတာက ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။
သိမြင်မှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေတိုးတက်ကောင်းမွန်ခြင်း
ပရဟိတလုပ်ဆောင်တာက ဦးနှောက်လုပ်ငန်းစဉ်ေတွေအတွက် အကျိုးကျေးဇူးကောင်းတွေရရှိစေနိုင်ပါတယ်။ ကလေးငယ်လေးတွေကို သင်ကြားပေးရာမှာ အကူအညီပေးမှုက ကလေးငယ်တွေကို စာတွေဖတ်ပြရင်း မိမိကိုယ်တိုင်လည်း သိမြင်မှုစွမ်းရည်တိုးလာသလိုနေ့စဉ်ဘယနေထိုင်မှုမှာလည်း လုပ်ငန်းဆောင်တာတွေသတ်မှတ်မှုတွေနဲ့ အစီအစဉ်ရေးဆွဲချမှတ်မှုတွေမှာ တိုးတက်မှုကိုရရှိစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
စိတ်ကျန်းမာရေးကို တိုးတက်စေနိုင်ခြင်း
ပရဟိတလုပ်ဆောင်ခြင်းနဲ့ စိတ်ကျန်းမာရေးအကြားမှာ ဆက်စပ်မှုရှိနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ သူတစ်ပါးကို ကူညီဖေးမပေးတဲ့ သူတွေက အခြားသူတွေထက် စိကျန်းမာရေးပိုမိုကောင်းမွန်တာကိုတွေ့ရှိခဲ့ရပါတယ်။
သူတစ်ပါးကို ကူညီဖေးမတာက အသက်အရွယ်ကြီးရင့်လာတဲ့အခါ မှတ်ဉာဏ်ပိုင်းဆိုင်ရာက အခြားသူတွေထက်ပိုကောင်းတယ်လို့ လေ့လာမှုတွေအရတွေ့ရှိခဲ့ရပါတယ်။
စိတ်ဓါတ်ကျနိုင်ခြေကိုလျော့ကျစေနိုင်ခြင်း
သင်ဟာ အခြားသူတွေကို စိတ်ဓါတ်မကျအောင် ကူညီပေးနေရသူတစ်ဦးဖြစ်မယ်ဆိုရင် သင်ဟာစိတ်ဖိစီးမှု လက္ခဏာတွေကို အလွယ်တကူကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ပရဟိတလုပ်ဆောင်မှုက လူအများနဲ့ထိတွေ့ဆက်ဆံရတာကြောင့် တစ်ကိုယ်တည်း အထီးကျန်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျော့ကျစေနိုင်သလို စိတ်ကျရောဂါခံစားရနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။ ဘဝကို အဓိပ္ပါယ်ပြည့်ဝစွာရှင်သန်ခွင့်ရရှိစေပြီး မိမိဘဝကိုမိမိကျေနပ်မှုကိုလည်းရရှိခံစားရစေနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။