backup og meta

လူအများရှေ့မှာ စကားထွက်ပြောဖို့ ကြောက်တဲ့ ပြဿနာ

ကြောက်ရွံ့ခြင်း စိတ်ဝေဒနာထဲမှာမှ Glossophobia လို့ခေါ်တဲ့ လူရှေ့မှာ စကားထွက်ပြောဖို့ ကြောက်တဲ့ စိတ်ရောဂါဟာ တော်တော်လေးအဖြစ်များပါတယ်။ စိုးရိမ်စရာ စိတ်ကျန်းမာရေးပြဿနာတော့ မဟုတ်ပေမဲ့ ဝေဒနာခံစားရသူအတွက် နေ့စဉ်လူမှုရေး၊ အလုပ်ခွင်၊ ကျောင်းပတ်ဝန်းကျင်မှာ တော်တော်လေး စိတ်ကသိကအောက်နိုင်ပြီး စိတ်ထဲ မလုံသလိုဖြစ်နေတတ်ပါတယ်။

Glossophobia ဆိုတာဘာလဲ။

လူမှုရေးပြဿနာ သို့မဟုတ် လူတွေရှေ့မှာ စကားထွက်မပြောရဲတဲ့ ကြောက်ရွံ့မှုဝေဒနာဖြစ်ပါတယ်။ များသောအားဖြင့် ကလေးဘဝမှာ အစပျိုးလာတတ်ပြီး လူကြီးအရွယ်ရောက်တဲ့အထိ ဒီကြောက်ရွံ့မှုက စွဲပါလာတတ်ပါတယ်။

Glossophobia ရဲ့ ရောဂါလက္ခဏာက ဘာတွေလဲ။

တစ်ယောက်ထက်ပိုတဲ့ လူအုပ်ရှေ့မှာ စကားပြောတဲ့အခါ ပေါ်လာတတ်တဲ့ လက္ခဏာတွေကတော့

  • စိတ်ထဲ နေလို့ထိုင်လို့ မကောင်းတာ
  • စိုးရိမ်ပူပန်လာတာ
  • တစ်ကိုယ်လုံးတုန်ရီနေတာ
  • ချွေးစေးပြန်တာ
  • နှလုံးခုန်မြန်တာ
  • စကားထစ်လာတာ
  • အသံမထွက်လာတော့တာ
  • ခေါင်းမူးသလို ဖြစ်တာ
  • အသက်ရှူမဝတော့တာ
  • အော့အန်ချင်သလို ခံစားရတာ
  • ကိုယ်စကားပြောနေတဲ့ လူရှေ့ကနေ ထွက်ပြေးချင်စိတ်ပေါက်လာမှာပါ။

လူမှုရေးဆိုင်ရာ ကြောက်ရွံ့မှုစိတ်ဝေဒနာ (Social Anxiety Disorder) ထဲမှာ အတွေ့အများဆုံးသော ပြဿနာဆိုလည်း မမှားပါဘူး။ ပုံမှန်ကြောက်တာထက်ကို ပိုပြီးလွန်ကဲစွာ စိတ်ထဲမှာ ဖြစ်ပေါ်နေတာ၊ အတိုင်းအဆမရှိ စိုးရိမ်ပူပန်တာတွေ ဖြစ်တဲ့အခြေအနေကိုမှ ဖိုးဘီးယားစိတ်ဝေဒနာ (Phobia) လို့ သတ်မှတ်လို့ ရတာပါ။ တခြားသော ဖိုးဘီးယားစိတ်ဝေဒနာနဲ့ ကွာခြားတဲ့အချက်ကတော့ Glossophobia ကို ငယ်စဉ်ကတည်းက သေချာကုသမှုမခံယူဘူးဆိုရင် ကြီးလာတဲ့အခါ ပိုပြီးဆိုးလာဖို့ပဲ ရှိနိုင်ပါတယ်။

Glossophobia ဘယ်ကနေ စဖြစ်တာလဲ။

ကလေးဘဝမှာ ကြုံတွေ့ခဲ့ရဖူးတဲ့ ရှက်ရွံ့စရာအဖြစ်အပျက်တွေ၊ အတန်းဖော်တွေရဲ့ ဝိုင်းလှောင်တာ ခံဖူးခဲ့တာ၊ အတန်းထဲမှာ အနှိမ်ခံရတာ၊ စကားထစ်တာ၊ မိသားစုတွင်း ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ကို ရဲရဲဝံ့ဝံ့ ပြောခွင့်မရတာ အစရှိတဲ့ လူမှုရေးပြဿနာတွေဟာ နောက်ပိုင်းမှာ လူရှေ့ထွက်ပြီး စကားပြောဖို့ ကြောက်စိတ်ဝင်လာတဲ့အထိ သက်ရောက်မှုရှိပါတယ်။ တချို့ကလေးတွေမှာ မိဘမျိုးရိုးမှာကိုက လူကြောက်တတ်တဲ့ အကျင့်တွေရှိနေတော့ ကလေးအထိပါ ဗီဇပါလာပြီး ကူးစက်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲမှာ ကြောက်ရွံ့စိတ်တွေ စိုးမိုးနေရုံသာမက တခြားလူတွေ ကိုယ့်အပေါ် ဘယ်လိုထင်မြင်နေမလဲ၊ သူတို့ ကိုယ့်နောက်ကွယ်မှာ ဘယ်လိုလှောင်ပြောင်နေကြမလဲ အစရှိတဲ့ စိုးရိမ်ပူပန်စိတ်တွေပါ အနောက်ကနေ လိုက်လာနိုင်ပါတယ်။

လူကြောက်တဲ့ စိတ်ဝေဒနာကို ဘယ်လိုကုသမလဲ။

ကိုယ်တိုင်ကျော်လွှားဖို့ အရမ်းခက်ခဲတဲ့ ပြဿနာဖြစ်တာကြောင့် အကောင်းဆုံးကတော့ ကိုယ့်ရဲ့ ကလေးမှာ ဒီလိုမျိုး လူကြောက်တဲ့ စိတ်အခံရှိရင် စိတ်ရောဂါကုထုံးပညာရှင်ေတွနဲ့ ပြသကြည့်တာ အကောင်းဆုံးပါပဲ။ ဒါမှသာ ကိုယ့်ကလေးအတွက် အဆင်ပြေမယ့် စိတ်ကုထုံးတွေ၊ စိတ်ငြိမ်ဆေးဝါးတွေ၊ လေ့ကျင့်မှုပုံစံတွေနဲ့ ကုသပေးနိုင်မှာပါ။ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ဆိုတာ ကြီးမားတဲ့ ပြဿနာမဟုတ်ဘူးလို့ ထင်ကြပေမယ့် တကယ်ခံစားရသူတွေသာ အဲ့ဒီဝေဒနာကို နားလည်နိုင်မှာပါ။ ဒါကြောင့် စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မပေါ့ဆသင့်ဘူးလို့ အကြံပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Is Glossophobia –https://www.healthline.com/health/glossophobia (May 28, 2019)

Fear Of Speaking In Front –https://www.verywellmind.com/glossophobia-2671860 (May 28, 2019)

ယခုပုံစံ

28/06/2022

Ye Myo Myat မှ ရေးသားသည်။

Ye Myo Myat မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကြောက်ရွံ့မှုတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား

ရေကြောက်တဲ့ကလေးတွေကို ရေကူးသင်ပေးတော့မယ်ဆိုရင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement