(၃)အတွင်းစိတ်က ကိုယ့်ကိုယ်ကိုဝေဖန်နေမှုတွေကိုမေးခွန်းပြန်ထုတ်ပါ။ Louise L.Hay က ဒီလိုဆိုပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို
အဆိုးမြင်ဝေဖန်နေခဲ့တာနှစ်ပေါင်းများစွာကြာပါပြီ။ ဒါပေမယ့် အလုပ်ဖြစ်သလားဆိုတော့ မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို အဆိုးမြင်တဲ့ဖက်ကနေဝေဖန်နေတာကို
ရပ်ပြီး အကောင်းဖက်ကပြန်တွေးကြည့်ကြရအောင် တဲ့။ ဥပမာအားဖြင့် သင်ဟာ သင့်ကိုယ်သင် အရှုံးသမားတစ်ယောက်လို့မြင်ထားတယ် ဆိုပါစို့။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ အရှုံးသမားလို့ပြောဖို့ ဘယ်လိုသက်သေတွေရှိခဲ့လို့လဲ။ အခွင့်အရေးတွေကို ရှာဖွေပါ၊ ပြီးမြောက်အောင်ဆောင်ရွက်ပါ၊ အောင်မြင်မှုသေးသေးလေးပဲဖြစ်ဖြစ် ရလာတာနဲ့ ကိုယ့်ကိုယ်ကိုဂုဏ်ပြုဖို့လဲ မမေ့ပါနဲ့။ (၄)လက်တွေ့ဆန်တဲ့အောင်မြင်မှုကိုရယူဖို့ target ထားပါ။
တကယ့်အတွင်းစိတ်ကလာတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရချင်ရင် ကျွန်တော်တို့ဟာ ကိုယ်ရရှိတဲ့ အောင်မြင်မှုတွေကိုပဲ အာရုံစိုက်ပြီးတော့ ဆုံးရှုံးမှုတွေနဲ့ အနှုတ်လက္ခဏာတွေကို မေ့ထားမှရပါမယ်။ လို့ Denis Waitley က ဆိုပါတယ်။ လူတော်တော်များများက ကိုယ့်
စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လို့ ဘာလို့ စိတ်ပျက်အားလျှော့ကြတာလဲဆိုရင် ရနိုင်ဖို့ခက်တဲ့ရည်မှန်းချက်တွေ
ကိုထားလို့ပါ။ ဒါကြောင့် သေးရင်သေးပါစေ၊ ကိုယ်တကယ်ရနိုင်တဲ့ အောင်မြင်မှုခြေလှမ်းတွေနဲ့ပဲ စတင်ပါ။ အောင်မြင်မှုသေးသေးလေးတွေက ရတဲ့ ခွန်အားနဲ့ သတ္တိကိုသုံးပြီး အောင်မြင်မှုကြီးကြီးရနိုင်တဲ့ လုပ်ငန်းတွေဆောင်ရွက်ပါ။ တစ်ခါအောင်မြင်မှုရတိုင်း တစ်ခါချရေးပါ။ ပီတိကိုခံစားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပိုပိုရလာမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။