backup og meta

ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia)

ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia)

ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia) ဆိုတာ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ထံမှ မျက်ရည်၊ ငိုသံ ကြားတဲ့အခါ လိင်စိတ်ထကြွပြီး လိင်ဆက်ဆံလိုစိတ် ပြင်းထန်လာခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ များသောအားဖြင့် တခြားသူတွေ ငိုနေတဲ့အခါမှာ လိင်စိတ်ဖြစ်ပေါ်တတ်ပြီး တချို့သူတွေမှာလည်း ကိုယ်တိုင်ငိုနေတဲ့အချိန်မှာ ရုတ်တရက် လိင်စိတ်ထကြွမှု အခြေအနေမျိုး ဖြစ်လာတတ်ပါတယ်။

ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia) ဆိုတာနဲ့ ပတ်သက်လို့

ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှု (Fetish) အမျိုးအစားတွေထဲမှာ ပါဝင်ပြီး တခြားသော Fetish တွေလို ခန္ဓာကိုယ် အစိတ်အပိုင်း၊ ရုပ်ဝတ္ထုပစ္စည်းတွေကို မဟုတ်ဘဲ လိင်နဲ့ မသက်ဆိုင်တဲ့ စိတ်ခံစားမှုအပေါ် လိင်စိတ်ဖြစ်ပေါ်လာတဲ့ စွဲလမ်းမှုလက္ခဏာ တစ်မျိုးပဲ ဖြစ်ပါတယ်။

ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်လဲ။

ရက်စက်မှုကို သာယာခြင်း (Sadism) စွဲလမ်းမှုစိတ်ရှိတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ မိမိကိုယ်ကိုယ် သခင်အဖြစ်ခံယူပြီး ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို ညှင်းပန်းနှိပ်စက်ရတာကို သဘောကျတတ်တယ်။ မိမိကြောင့် တခြားသူ ငိုနေတဲ့အခါ၊ ငိုသံကို ကြားရတဲ့အခါ၊ မျက်ရည်တွေကို မြင်တွေ့၊ ထိမိတဲ့အခါ လိင်စိတ်ထကြွလာတတ်ပါတယ်။

မိမိကိုယ်ကိုယ် နာကျင်အောင် လုပ်ပြီး အဲ့ဒီနာကျင်မှုကိုပဲ သာယာတတ်တဲ့သူတွေမှာလည်း ဒီအမူအကျင့်ကို တွေ့ရပါတယ်။ မျက်ရည်ကျနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးပြီး လိင်စိတ်ဖြစ်ပေါ်လာတယ်။ လိင်ဆက်ဆံရာမှာလည်း ပိုပြီး စိတ်ခံစားမှုကောင်းစေတယ်လို့ ခံယူထားကြပါတယ်။ ပြုသူတွေသာမက အပြုကျင့်ခံသူတွေမှာပါ တွေ့ရတတ်တဲ့ ပုံမှန်မဟုတ် လိင်စိတ်စွဲလမ်းခြင်း ဖြစ်ပါတယ်။

ကိုယ်နဲ့ မသိတဲ့ သူစိမ်းတစ်ယောက်ရဲ့ မျက်ရည်အပေါ် စိတ်ခံစားချက်၊ လိင်စိတ်ဆန္ဒ မဖြစ်ပေါ်လာဘဲ ကိုယ်က စိတ်ခံစားချက်ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သဘောကျနှစ်သက်သူက ငိုနေတာ သို့မဟုတ် ငိုအောင်လုပ်တဲ့အခါ ပြင်းပြင်းထန်ထန် လိင်စိတ်ခံစားမှု ဖြစ်လာတတ်ပြီး ဆန္ဒပြီးမြောက်မှု အထွတ်အထိပ်ကို ရောက်ဖို့ ပိုမိုလွယ်ကူတတ်တာမျိုးလည်း ရှိပါတယ်။

ကျား၊ မ မည်သည့်လိင်မှာ ပိုပြီး အတွေ့များလဲ။

လိင်ဆက်ဆံနေစဉ် နှိပ်စက်ရတာကို ကြိုက်နှစ်သက်တဲ့ အမျိုးသားတွေရော၊ အသားနာမှ သာယာတတ်တဲ့ အမျိုးသမီးတွေမှာပါ ဒီလို ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှုမျိုးတွေ ရှိတတ်ပါတယ်။ ဝမ်းနည်းမှု၊ ပူလောင်မှု၊ စိတ်ရှုပ်ထွေးမှု၊ စိတ်ဖိစီးမှု၊ ဒေါသ အစရှိတဲ့ စိတ်ခံစားချက်တွေအပေါ်မှာလည်း လိင်စိတ်ဆန္ဒဖြစ်ပေါ်လာပြီး နောက်ဆက်တွဲ မျက်ရည်ကျလာတဲ့အချိန်မှာ လိင်စိတ်ထကြွသောင်းကျန်းကာ ကြမ်းတမ်းစွာ လိင်ဆက်ဆံတဲ့ အမူအကျင့်တွေ တွေ့ရပါတယ်။

ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia) နဲ့ ပတ်သက်ပြီး စိုးရိမ်စရာလိုလား။

ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှုတွေနဲ့ ပတ်သက်ပြီး လူတွေမှာ စိုးရိမ်စိတ်တွေ၊ ရှက်ရွံ့စိတ်တွေ ဖြစ်တတ်တာ သဘာဝပါပဲ။ အကောင်းဆုံးကတော့ ကိုယ့်မှာရှိတဲ့ လိင်စိတ်စွဲလမ်းမှုတွေကို ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်၊ လိင်ဆက်ဆံဖော်တွေကို သေချာပြောပြပြီး ညှိနှိုင်းမှု ယူကြည့်တာပါပဲ။

အကယ်၍ ဒီလိင်စိတ်စွဲလမ်းမှုကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ လူမှုရေးမှာ ပြဿနာတွေ ဖြစ်လာမယ်။ ကိုယ့်ရဲ့ လိင်စိတ်ကို ထိန်းချုပ်မရတော့တဲ့အထိ ဆိုးရွားလာမယ်ဆိုရင်တော့ လိင်မှုကိစ္စဆိုင်ရာ အကြံပေးသူ သို့မဟုတ် စိတ်ရောဂါကုထုံးပညာရှင်နဲ့ တိုင်ပင်ပြီး ကိုယ့်ရဲ့ လိင်စိတ်ကို ထိန်းချုပ်ကြည့်သင့်ပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှုတွေဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို တစ်နည်းနည်းနဲ့ ဒုက္ခမပေးဘူးဆိုရင်၊ သူများကို မထိခိုက်ရင်  စောင့်ကြည့်နိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Is Dacryphilia –https://www.healthline.com/health/dacryphilia (March 19, 2019)

Can Crying Be Sexually Arousing –https://www.psychologytoday.com/us/blog/in-excess/201601/can-crying-be-sexually-arousing (March 19, 2019)

ယခုပုံစံ

02/05/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေမှာ ကြုံတွေ့ရတတ်တဲ့ လိင်စိတ်ဆန္ဒ လျော့နည်းလာမှု ပြဿနာ

လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်ထိ သိထားလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement