backup og meta

စိတ်အတက်အကျမြန်ရောဂါဆိုတာဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်အတက်အကျမြန်ရောဂါဆိုတာဘာလဲ

    စိတ်အတက်အကျမြန်ရောဂါဆိုတာကတော့ စိတ်ဓာတ်တက်ကြွသွားလိုက်၊ စိတ်ဓာတ်ထိုးကျသွားလိုက်ပြောင်းလဲနေတဲ့ရောဂါတစ်မျိုးပါ။ အစွန်းနှစ်ဘက်အခြေအနေမျိုးအမြဲပြောင်းလဲနေတဲ့အတွက် bipolar disorder or manic depression လို့ခေါ်ပါတယ်။

    နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေမှာ စိတ်အတက်အကျရောဂါက များစွာအနှောင့်အယှက်ဖြစ်စေပါတယ်။ စိတ်အခြေအနေပြောင်းလဲမှုများတဲ့အတွက် အလုပ်မှာ၊ ကျောင်းမှာ၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ အခက်အခဲပေါင်းစုံကြုံတွေ့စေရပါတယ်။

    စိတ်အတက်အကျရောဂါအတွက် ပျောက်ကင်းအောင်ကုသလို့ရတဲ့နည်းလမ်းမရှိသေးပါဘူး ဒါပေမဲ့ ရောဂါအခြေအနေကိုကောင်းကောင်းမွန်မွန်ထိန်းထားနိုင်တဲ့ ကုသနည်းလမ်းတွေတော့ အများကြီးပေါ်ထွက်နေပြီပဲ ဖြစ်ပါတယ်။

    စိတ်အတက်အကျရောဂါကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်ကျခြင်းက ရက်သတ္တပတ် ( ၂ ) ပတ်ခန့်ကြာမြင့်တတ်ပြီး အလွန်အကြူးဘဝင်မြင့်စိတ်မျိုးဖြစ်ပျက်သွားတာကတော့ ရက်အနည်းငယ်ကနေ ( ၁ ) ပတ်ခန့်ကြာတတ်ပါတယ်။

    စိတ်အတက်အကျမြန်ရောဂါရဲ့လက္ခဏာများ

    စိတ်အတက်အကျမြန်ရောဂါရဲ့ အဓိကရောဂါလက္ခဏာတွေကတော့ အလွန်အကြူးဘဝင်မြင့်စိတ်ဝင်ခြင်း၊ အတန်အသင့်ဘဝင်မြင့်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ပဲဖြစ်ပါတယ်။

    အလွန်အကြူးဘဝင်မြင့်စိတ်ဝင်ခြင်း သို့မဟုတ် စိတ်အတက်အခြေအနေမှာဆိုရင်တော့ စိတ်လှုပ်ရှားခြင်း၊ မစဉ်းစားမဆင်ခြင်ပဲလုပ်ကိုင်ခြင်း၊ ထင်ရောင်ထင်မှားဖြစ်ခြင်းနဲ အားအင်ပြည့်ဖြိုးနေသလိုခံစားရခြင်းတို့ ဖြစ်နိုင်ပါတယ်။

    သင့်တော်တဲ့ ထိန်းချုပ်မှုတွေသာမရှိရင် ဒီအခြေအနေတွေက ခံစားနေရတဲ့ လူနာဟာ စဉ်းစားဆင်ခြင်မှုမရှိပဲ ပိုက်ဆံတွေ သုံးမိနေခြင်း ၊ ကျိုးကြောင်းဆင်ခြင်မှုမရှိပဲ လိင်မှုရေးရာကိစ္စများ ပြုလုပ်မိစေခြင်းနဲ့ မှုးယစ်ဆေးဝါးရဲ့သားကောင်ဘဝရောက်ရှိစေခြင်းတို့ကို ဦးတည်သွားစေနိုင်ပါတယ်။

    အတန်အသင့်ဘဝမြင့်ခြင်းလက္ခဏာခံစားနေရသူတွေကတော့ အလွန်အကြူးဘဝင်မြင့်လောက်မပြင်းထန်တဲ့ လက္ခဏာအချို့ပဲခံစားရမှာပါ။ အလုပ်အကိုင်၊ ပညာရေးနဲ့ လူမှုရေးကိစ္စတွေမှာ သိသိသာသာထိခိုက်တာမျိုးမဖြစ်နိုင်စေပေမယ့် စိတ်အနှောင့်အယှက် ဖြစ်ရမှာပါ။

    စိတ်ဓာတ်ကျဝေဒနာ ခံစားနေရသူတွေမှာတော့

    ဝမ်းနည်းခြင်း သောကရောက်ခြင်း အားအင်မရှိသလိုခံစားရခြင်း ပုံမှန်လုပ်ဆောင်နေကျ အလုပ်အကိုင်တွေမလုပ်နိုင်တော့ခြင်း အိပ်မပျော်စားမဝင်ခြင်းနှင့် မိမိကိုယ်ကိုသတ်သေရန်အားထုတ်မိခြင်းတို့ကို ခံစားရမှာဖြစ်ပါတယ်။

    စိတ်အတက်ကျမြန်ရောဂါဟာ ရှားပါးတဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် ရောဂါလက္ခဏာတွေဟာ တစ်ယောက်နဲ့တစ်ယောက်မှာ မတူညီတဲ့အတွက် ရှာဖွေရခက်ခဲနေနိုင်ပါတယ်။

    အမျိုးသမီးတွေမှာဖြစ်ပေါ်တက်တဲ့ စိတ်အတက်အကျရောဂါလက္ခဏာများ

    အမျိုးသားတွေသာမက အမျိုးသမီးနေမှာပါ စိတ်အတက်အကျမြန်ရောဂါ ကို ညီတူညီမျှ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတချို့ကတော့ ကွဲပြားနိုင်ပါတယ်။

    အမျိုးသမီးတွေမှာ ပိုမိုပြီးခံစားရနိုင်တဲ့ ရောဂါလက္ခဏာ တွေကတော့

  • အသက်နှစ်ဆယ်ကျော်သုံးဆယ်ကျော် အရွယ်မှာမှ စတင်၍သိရှိနိုင်ခြင်း၊
  • စိတ်အတတ်ရောဂါကို ပြင်းထန်စွာ ခံစား ရနိုင်ခြေ နည်းပါးခြင်း၊
  • စိတ်ကျရောဂါ ခံစားရရန် အခွင့်အရေးပိုမိုများပြားခြင်း၊
  • အခြားရောဂါများနှင့်ပါတွဲ၍ခံစားရန် အခွင့်အရေးပိုမိုများပြားခြင်း၊
  • အရက်စွဲသွားနိုင်ချေ ပိုမိုများပြားခြင်းတို့ပဲဖြစ်ပါတယ်။
  • ဒါ့အပြင်အမျိုးသမီးတွေမှာ ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ရာသီသွေးဆုံးခြင်း အစရှိသည့် ဟော်မုန်းအပြောင်းအလဲများကို ရင်ဆိုင်ရသည့် အတွက်ရောဂါလက္ခဏာများ မကြာခဏပိုမို၍ ပြသနိုင်ပါသည်

    အမျိုးသားတွေမှာဖြစ်ပေါ်တတ်တဲ့ စိတ်အတက်အကျရောဂါ လက္ခဏာ များ

    အမျိုးသားတွေမှာခံစားရတဲ့ ရောဂါလက္ခဏာ တချို့က အမျိုးသမီးတွေနဲ့ ကွဲပြား နိုင်ပါတယ်

    ရောဂါလက္ခဏာတွေကတော့

    • အမျိုးသမီးများထက်ပိုမိုစောလျှင်စွာ သိရှိနိုင်ခြင်း။
    • ရောဂါလက္ခဏာများခံစားရလျှင်လည်း ပိုမိုပြင်းထန်စွာခံစားရနိုင်ခြင်း။
    • အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲရန်ပိုမိုခွင့်လမ်းများပြားခြင်း။
    • စိတ်အတတ်ရောဂါပြင်းထန်ချိန်တွင် ဆိုးရွားသောအပြုမှုများ ပြုလုပ်မည့်ရန် အခွင့်အလမ်း ပိုမိုများပြားခြင်းတို့ပဲဖြစ်ပါတယ်။

    ဒါ့အပြင်အမျိုးသားတွေဟာ ကိုယ်တိုင်ဖြေရှင်းဖို့နည်းလမ်း ပိုမိုရှာဖွေတတ်ကြသလို အမျိုးသမီးတွေထက်ပိုပြီး မိမိကိုယ်ကိုသတ်သေမိရန် အခွင့်အလမ်း ပိုများပါသည်။

    စိတ်အတက်အကျရောဂါ ဖြစ်စေနိုင်သည့် အကြာင်းရင်းများ

    • မျိုးရိုးဗီဇ
    • ဦးခေါင်းပိုင်းဆိုင်ရာထိခိုက်မိခြင်း
    • အခြားအကြောင်းအရာများ
    • စိတ်ဖိစီးမှုများပြားခြင်း၊
    • အလွန်အကြူးစိတ်ထိခိုက်မိခြင်း၊
    • ရောဂါအပြင်းထန်ခံစားရခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။

    စိတ်အတက်အကျရောဂါကို ဘယ်လိုကုသလို့ရနိုင်မလဲ

    စိတ်အတက်ကျရောဂါအတွက် ကုသနည်းများစွာ ရှိပါတယ်။

    ဆေးဝါးဖြင့်ကုသခြင်း

    • စိတ်ငြိမ်ဆေးများ
    • စိတ်ဂနာမငြိမ်ဖြစ်ခြင်းကို တားဆီးပေးသောဆေးဝါးများ
    • စိတ်ဓာတ်ကျခြင်းကို သက်သာစေသောဆေးဝါးများ၊ စိုးရိမ်စိတ်ကို လျှော့ချပေးနိုင်သောဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးနိုင်ပါသည်။

    စိတ်ပညာကုထုံးများ

  • ရောဂါကိုပိုမိုနားလည်လာစေရန် ဆွေးနွေးပေးခြင်း၊
  • ရောဂါ၏ သဘောသဘာဝများကို သဘောပေါက်ပြီး ထိန်းချုပ်လာနိုင်စေရန် ကုထုံးများပေးခြင်း၊
  • စိတ်ပညာအထူးကုနှင့် ရောဂါအခြေအနေကို စဉ်ဆက်မပြတ် တိုင်ပင်ဆွေးနွေးခြင်းတို့နှင့်လည်း ရောဂါကိုကုသနိုင်ပါတယ်။
  • အခြားကုထုံးများ

    • ဦးနှောက်ကိုလျှပ်စစ်ဓာတ်ပေးခြင်း
    • အိပ်ဆေးများဖြင့်သက်သာစေခြင်း
    • အားဆေးများဖြင့်တိုးတက်အောင်ပြုလုပ်ခြင်း
    • အပ်စိုက်ကုသခြင်းတို့ကလည်း အသုံးပြုလို့ရတဲ့ အခြားသောနည်းလမ်းများပဲဖြစ်ပါတယ်။

    ရေးသားသူ မောင်မျိုးအောင် ( ဆေး-၁ )

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement