backup og meta

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား ........

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား ........

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား …….. လူတွေရဲ့ ဘဝရှင်သန်မှုဟာ တာဝန်တွေ များစွာနဲ့ ပြည့်နှက်နေသလို တစ်နေထွက်လာကစလို့ တစ်နေမဝင်ခင်အထိ ရင်ဆိုင်ရတဲ့ စိတ်ဖိစီးမှုပေါင်းကလည်း များစွာပါ။ ဒီလို စိတ်ဖိစီးမှုတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လည်း ထိခိုက်စေနိုင်ပါတယ်။

ဒီလို စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ အချို့သောအရာတွေက ပတ်ဝန်းကျင် အကြောင်းတရားတွေကြောင့် ဖြစ်တာဆိုပေမယ့် အချို့သော အကြောင်းအရာတွေက ကိုယ်တိုင်က ဖန်တီးတာပါ။

အလေ့အကျင့်ဆိုးတွေက ဘဝပျော်ရွှင်မှုတွေကို ပျောက်ဆုံးစေနိုင်ပါတယ်။ အလေ့အကျင့်ဆိုးတွေက ဖျားနာစေမယ်လို့ပဲ ထင်ထား​ကြပေမယ့် တကယ်တော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အချို့သော အလေ့အထတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပြီး စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာတွေ ခံစားရစေနိုင်ပါတယ်။

ဒီတစ်ခေါက်တော့ ကိုယ်တိုင် လုပ်မိနေတဲ့ အလေ့အထတွေထဲမှာ ဘယ် အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား ……..

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ သိပြီးပြီလား ........

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား …….. ဘယ်လို အလေ့အထတွေ များလဲ ……ကိုယ်တိုင်ရော လုပ်မိနေလား …… ဆိုပြီး စိတ်ပူနေပြီလား…… ဒါဆို ဆောင်းပါးကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကိုယ်နေဟန်ထား မမှန်တာ

ကိုယ်နေဟန်ထား မမှန်တာက ကျောရိုးနဲ့ ကြွက်သား နာကျင်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပဲ ထိခိုက်စေနိုင်တယ်လို့ တော်တော်များများက ယူဆနေကြပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ ကိုယ်နေဟန်ထား မမှန်တာက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

လေ့လာမှုတွေအရ ထိုင်တဲ့အခါ မတ်မတ်လေး ထိုင်တာက စိတ်ဓာတ်ကျမှု ကင်းဝေးစေတယ်လို့ ဆိုပါတယ်။ ပုံစံမှန်မှန် ထိုင်တာက အကောင်းမြင်စိတ် တိုးစေပြီး စိတ်ဓာတ်ကျမှု ကင်းစေနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု မရှိတာ

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အတွက် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လေး လုပ်ပေးဖို့ လိုပါမယ်။ တစ်နေ့တာမှာ ကိုယ်လက်လှုပ်ရှားမှုကို များများ မလုပ်ဖြစ်ရင်တောင် လမ်းလျှောက်တာ၊ ခပ်ရွရွလေး ပြေးတာမျိုးကလည်း စိတ်ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။

နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ကျန်းမာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပြီး စိတ်ခံစားမှု ကောင်းစေပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက်တော့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။

Social Media အလွန်အကျွံ သုံးတာ 

ဖုန်းတွေ ပေါပေါများများ ပေါ်လာပြီးတဲ့နောက်မှာ လူတော်တော်များများက သူတို့ရဲ့ အချိန်တွေကို Social Media သုံးရင်း ကုန်ဆုံး ကြပါတယ်။ ဒီလို ဖေ့ဘုတ်ခ် အသုံးများတာ၊ social media အသုံးများတာက စိုးရိမ်စိတ် များစေသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျစေပြီး မနာလိုစိတ် များစေပါတယ်။ ဒါ့အပြင် အထီးကျန်တယ်လို့ ခံစားရစေနိုင်ပါတယ်။

ဒီလိုကနေတဆင့် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာစေဖို့ဆိုရင် Social Mediaအလွန်အကျွံ မသုံးပါနဲ့။

ဖုန်း အသုံးများတာ

Social Media အသုံးများတာတင် မဟုတ်ပါဘူး။  Smartphone အသုံးများတာကလည်း social media အသုံးများတာလိုပဲ စိတ်ဖိစီးမှု များတာ၊ စိတ်ဓာတ်ကျတာကို ခံစားရစေပြီး အထီးကျန်စေနိုင်ပါတယ်။ ဖုန်းတွေကို တစ်ချိန်လုံး သုံးစွဲနေတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

JUNK FOOD အစားများတာ

ကွတ်ကီးတို့၊ အာလူးကြော်တို့လိုမျိုး Junk Food တွေက စားရတာ အရသာရှိပေမယ့် သကြားပါဝင်မှု များသလို အဆီနဲ့ အငန်လည်း ကဲပါတယ်။ အကြိမ်ကြိမ် ပြုပြင်ထားတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

Junk Food အစားများတာက နှလုံးထိခိုက်တာ၊ သွေးတွင်းအဆီများတာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှု အနေနဲ့  စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေ ခံစားရစေနိုင်ပါတယ်။

ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် Junk Food လျှော့စားပါ။

ဘယ်လို အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီ ဆိုတော့ ကဲ ….. ကိုယ်တိုင်ရော ဘယ်လို အလေ့အထတွေကို လုပ်မိနေသေးလဲ……….

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ သိပြီးပြီလား
  • ကိုယ်နေဟန်ထား မမှန်တာ
  • ကိုယ်လက်လှုပ်ရှားမှု မရှိတာ
  • Social Media အလွန်အကျွံ သုံးတာ
  • ဖုန်း အသုံးများတာ
  • JUNK FOOD အစားများတာ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

THE TEN WORST HABITS FOR YOUR MENTAL HEALTH https://careersinpsychology.org/ten-worst-habits-mental-health/ Accessed Date 25 April 2022

5 Habits to Help Improve Your Mental Health https://www.carolinawellnesspsychiatry.com/blog/5-habits-to-help-improve-your-mental-health Accessed Date 25 April 2022

Doing What Matters in Times of Stress https://www.who.int/publications/i/item/9789240003927?gclid=CjwKCAjw4ayUBhA4EiwATWyBrr0b8MXM3gCe-SXfhJW8da-euhDx3a7vbfGvCtGlmmPWn2SXbusMmBoCWgkQAvD_BwE Accessed Date 25 April 2022

The worst habits for your brain https://www.health.harvard.edu/mind-and-mood/the-worst-habits-for-your-brain Accessed Date 25 April 2022

The 7 Worst Habits for Your Brain https://www.aarp.org/health/brain-health/info-2021/habits-that-hurt-brain-health.html Accessed Date 25 April 2022

ယခုပုံစံ

20/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာရေးအတွက် အကျိုးပြုနေတဲ့ သင့်ရဲ့ ဝါသနာပါရာ အလေ့အထလေးများ

စိတ်ဓာတ်ကျနေတာလား...... အတူကျော်လွှားစို့လေ...............


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement