မျက်လုံးထဲမှာ ကြယ်တွေ လိုးလိုးလက်လက်မြင်နေသလို၊ ဗိုက်ထဲမှာ လိပ်ပြာလေးတွေတရွရွပြေးနေသလို၊ ဒူးတွေပဲချောင်နေသလိုလို ….တစ်စုံတစ်ယောက်ကိုချစ်ရတယ်ဆို
အချစ်နဲ့ကျန်းမာရေး
အချစ်နဲ့ကျန်းမာရေး က ဒီလိုလေးတွေ ဆက်စက်နေပါတယ်။
“ကျွန်တော်တို့ လူသားတွေဟာ ပေါင်းသင်းဆက်ဆံရေးရဲ့ သတ္တဝါတွေ ဖြစ်တာနဲ့အညီ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးပတ်ဝန်းကျင်တစ်ခု တည်ဆောက်ထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ ဘယ်အလုပ်ကိုပဲလုပ်လုပ် အကောင်းဆုံးစွမ်းရည်အပြည့်နဲ့ လုပ်နိုင်လာကြပါတယ်” လို့ AMC ရဲ့ နှလုံးအထူးကုတစ်ဦးဖြစ်သူ Baran Kilical ကပြောပါတယ်။
အချစ်ခံရခြင်း ဒါမှမဟုတ် ချစ်ခြင်းတရားဟာ စိတ်ဖိစီးမှုအခြေအနေကနေ နှလုံးကျန်းမာရေးအထိ အရာရာတိုင်းကို သက်ရောက်မှုရှိပါတယ်လို့ သူကဆိုပါတယ်။ ချစ်ခြင်းတရားဟာ ဘယ်လိုတွေကောင်းကျိုးတွေသယ်လာပေးနိုင်သလဲဆိုတာကို သိပ္ပံနည်းကျ လေ့လာထားတဲ့အချက်တွေကတော့ ဒီမှာပါ။
(၁) အသက်ရှည်စေတယ်
သုတေသနတွေအရ လူမှုဆက်ဆံရေးကောင်း တည်ဆောက်ခြင်းဟာ အသက်ရှည်ခြင်းနဲ့ တိတိကျကျ ဆက်စပ်နေပါတယ်။ အမေရိကန်သုတေသနဂျာနယ်တစ်ခုမှာ အသက် သုံးဆယ်ကနေ ခြောက်ဆယ့်ကိုးနှစ်ကြား လူပေါင်းငါးထောင်ရဲ့ အချစ်ရေးအခြေအနေကိုဆန်းစစ်ထားမှု
ခိုင်မာမြဲမြံတဲ့ ချစ်ခြင်း ရှိတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူတွေဟာ လက်မထပ်ထားတဲ့သူတွေထက်ပိုပြီး အသက်ရှည်ကြတာကိုတွေ့ရပါတယ်။ လူမှုဆက်ဆံရေးနဲ့ ချစ်ခြင်းတရားမှာ အဆင်မပြေတဲ့သူတွေမှာတော့ တခြားသူတွေထက် သေဆုံးနိုင်ခြေနှစ်ဆပိုမြင့်တာ တွေ့ခဲ့ရပါတယ်။
“လေ့လာမှုတွေအများကြီးက ဒီအချက်ကိုထောက်ခံနေပါတယ်။ အထူးသဖြင့် အမျိုးသားတွေအတွက် ပိုပြီးတော့သိသာပါတယ်။ လက်ထပ်ခြင်းဟာ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေမှာ ပိုပြီး ကျန်းမာရေးကို အထောက်အကူပြုတာတွေ့ရပါတယ်” လို့ သူကဆိုပါတယ်။
တခြားသောသုတေသနတွေအရလည်း ပေါင်းသင်းဆက်ဆံရေးနဲ့ ချစ်ခြင်း
(၂) နှလုံးကျန်းမာရေး
အချစ်ရဲ့ သင်္ကေတကို နှလုံးနဲ့ ဖော်ပြလေ့ရှိကြပါတယ်။ တကယ်လည်း ချစ်ခြင်းတရားဟာ နှလုံးကျန်းမာရေးကို အများကြီးသက်ရောက်မှုရှိပါတယ်။ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားရသူတွေဟာ တကိုယ်တည်းသမားတွေ ဒါမှမဟုတ် အိမ်ထောင်ကွဲတွေထက် နှလုံးရောဂါနဲ့သေဆုံးနိုင်ခြေ အများကြီးလျော့ပါတယ်။
“ ချစ်နေတဲ့သူတွေ အချစ်ခံရတဲ့သူတွေမှာ အလိုအလျောက်တုန့်ပြန်တဲ့ အာရုံကြောစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းပိုမိုကောင်းမွန်ပြီး နှလုံးခုန်ခြင်းလိုမျိုး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတွေကိုကောင်းမွန်စေပါ
ဒါ့အပြင် ဖိစီးမှုကို တုန့်ပြန်ခြင်းကို လျော့ကျစေပြီး သွေးပေါင်ချိန်ကိုလည်း ကျစေပါတယ်။ ဆန့်ကျင်ဖက်အနေနဲ့ သီးခြားနေသူတွေ၊ အထီးကျန်နေသူတွေ၊ ဒါမှမဟုတ် မချစ်နှစ်သက်သူ သူစိမ်းတွေနဲ့နေရသူတွေမှာတော့ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို မြန်စေပြီး ရေရှည်မှာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပွားလာစေပါတယ်” လို့ သုတေသနတွေကို ကိုးကားပြီး သူကဆိုပါတယ်။
၂၀၁၅ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ သာယာတဲ့အိမ်ထောင်ရေးရှိသူတွေဟာ နှလုံးသွေးကြောပိတ်ပြီး သေဆုံးမှုနှုန်း ၁၄ ရာခိုင်နှုန်းလျော့ကျတာကိုတွေ့ရပါတယ်။
(၃) အချစ်နဲ့ အဆုတ်ကျန်းမာရေး
ပျော်စရာကောင်းတဲ့ ချစ်ခြင်းတရား
လက်မထပ်ထားတဲ့၊ အချစ်မရှိတဲ့သူတွေထက်စာရင် အသက်ရှူစက်တပ်ရနှုန်းလဲ နည်းပါတယ်။ နမိုးနီးယားကြောင့် သေဆုံးနိုင်ခြေ ၁၃ရာခိုင်နှုန်းလည်း ပိုလျော့ပါတယ်။
(၄) အချစ်နဲ့ စိတ်ဖိစီးမှု
အချစ်ဟာ ခန္ဓာကိုယ်ကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို
အဲဒီဟော်မုန်းတွေက ဦးနှောက်ကို သက်ရောက်တဲ့အခါ လူကိုပိုလို့နေထိုင်ကောင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းချုပ်ပေးပါတယ်။ ချစ်စခင်စမှာ အောက်စီတိုစင်က မြင့်တက်နေပြီး တည်ငြိမ်တဲ့ ရေရှည်အချစ်ရေးမှာတော့ ပြန်ကျသွားပါတယ်။ ဒါပေမယ့် အဲဒီ အောက်စီတိုစင်နည်းနည်းလေးကပဲ ကျန်းမာရေးအတွက်ကောင်းကျိုးတွေ အများကြီးဖြစ်စေပါတယ်။
[embed-health-tool-bmi]