backup og meta

ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thant Zin မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ

    အမျိုးသမီးများအနေနဲ့ များသောအားဖြင့် ကိုယ်ခန္ဓာရဲ့ အလွယ်တကူ မြင်တွေ့နိုင်တဲ့ အစိတ်အပိုင်းတွေကို ပိုပြီးအလေးထားတတ်ပြီး တတ်နိုင်သမျှ သန့်ရှင်း ကျန်းမာအောင် ထားတတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးပြီး မေ့နေတတ်တဲ့ အရာရှိပါတယ်။ အဲ့ဒါကတော့ မိန်းမကိုယ် ပါပဲ။

    ကျန်းမာသန့်ရှင်းတဲ့ မိန်းမကိုယ် အဖြစ် ထိန်းသိမ်းခြင်းကိစ္စကို လျှော့မတွက်သင့်ပါဘူး။ မိန်းမကိုယ်ကို ကျေနပ်ဖွယ်ကောင်းအောင်၊ ကျန်းမာအောင် ထိန်းသိမ်းနိုင်မယ့် နည်းတွေကို သတိပြုသင့်ပါတယ်။ ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ

    ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတော့

    သင့်မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ သတိပြုပါ။

    အမျိုးသမီးတွေမှာ အထိခိုက်အလွယ်ဆုံး နေရာတခုကတော့ မိန်းမကိုယ် ပါပဲ။ ဒီအစိတ်အပိုင်းဟာ pH ပမာဏကို ဟန်ချက်ညီအောင် တိတိကျကျ ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ပွတ်တိုက် ဆေးကြောခြင်းကို မလုပ်သင့်ပါဘူး။

    ဆေးကြောချင်တယ်ဆိုရင် ရိုးရိုးရေ ဒါမှမဟုတ်  မိန်းမကိုယ်သန့်စင်ဆေးရည်ကို ရေနွေးနွေးသုံးပြီး ဆေးကြောသင့်ပါတယ်။ ကိုယ်တိုက်ဆပ်ပြာတွေက ယေဘုယျအားဖြင့် pH ပမာဏ 8 ရှိတာမို့ မိန်းမကိုယ်အတွက် သုံးတဲ့အခါ pH မျှခြေ ပျက်သွားပြီး ယားယံခြင်း၊ အနံ့ထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

    သဘာဝဒိန်ချဉ်နဲ့ probiotics များ စားသုံးပါ

    ဒိန်ချဉ်နဲ့ သဘာ၀ probiotics (အကျိုးပြုပိုးမွှားများ) ကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်းဟာ မိန်းမကိုယ် အတွက် အထောက်အပံ့ ဖြစ်စေပါတယ်။ သူ့ဆီမှာ လိုအပ်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ အဲဒီအစားအစာတွေ စားသုံးခြင်းအားဖြင့် pH ပမာဏကို သဘာဝနည်းအားဖြင့် ထိန်းသိမ်းထားနိုင်ပါတယ်။ အကောင်းဆုံးကတော့ အချိုလျှော့ထားတဲ့ သဘာဝဒိန်ချဉ်ကို တနေ့တခွက် သောက်သုံးပေးဖို့ပါပဲ။

    ဒါဟာ မိန်းမကိုယ် ကျန်းမာရေးကို အထောက်အကူပြုစေတဲ့အပြင် ရောဂါပိုးကူးစက်ခြင်း၊ ရောဂါပိုး ပေါက်ပွားခြင်း စတာတွေကို ဟန့်တားပေးနိုင်ပါတယ်။ သကြားများတဲ့ အမျိုးအစား မဟုတ်ဖို့တော့ လိုပါတယ်။ သကြားဓါတ်များခြင်းဟာ ရောဂါပိုးကူးစက်ခြင်းကို ပိုမြင့်မားစေလို့ ဖြစ်ပါတယ်။

    လေဝင်လေထွက်ကောင်းအောင် ဝတ်ဆင်ပါ

    တင်းကြပ်တဲ့ အဝတ်အစားတွေ၊ ပေါ်လီအက်စတာ နဲ့ လုပ်ထားတဲ့ အဝတ်အစားတွေက မိန်းမကိုယ်ကို လေကောင်းလေသန့်ရခြင်းကနေ ဟန့်တားပါတယ်။ ဒါ့အပြင် အပူဓာတ်၊ စိုစွတ်မှု၊ ပွတ်တိုက်မှု စတာတွေကြောင့် မိန်းမကိုယ် အပြင်ပိုင်းကို ထိခိုက်စေနိုင်ပါတယ်။

    မိန်းကလေးအများစုက အချိန်ပြည့်နီးပါး အတွင်းခံ ဝတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဘီကီနီလိုင်း တလျှောက် မထိခိုက်ရအောင် ပြောင်းလဲဝတ်ဆင် သင့်ပါတယ်။ ယားယံခြင်း၊ ပိုးဝင်ခြင်းတွေ မဖြစ်အောင် သင့်တော်တဲ့ ဆိုဒ်ဝတ်ဆင်ပြီး အတွင်းခံကို ချည်ထည်လို သဘာဝပစ္စည်းနဲ့ လုပ်ထားတာပဲ ဝတ်သင့်ပါတယ်။

    ကွန်ဒုံးအသုံးပြုခြင်း

    မိန်းမကိုယ် ကျန်းမာရေးကိစ္စမှာ ကွန်ဒုံးကို မေ့ထားလို့ မရပါဘူး။ မလိုလားတဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကို တားဆီးရုံသာမက မိန်းမကိုယ်ထဲ ကူးစက်ပိုးဝင်နိုင်ခြေကို လျှော့ချပေးပါတယ်။

    တစ်ယောက်ယောက်နဲ့ အတူနေစဉ်မှာ သူတို့ရဲ့ ဘက်တီးရီယားနဲ့ မိန်းမကိုယ်ရဲ့ ဘက်တီးရီးယားဟာ ရောနှောသွားပါတယ်။ မိန်းမကိုယ်ဟာ အထိအခိုက်လွယ်တာမို့ ရောဂါဖြစ်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ကွန်ဒုံးသုံးမယ်ဆိုရင် ဒီကိစ္စတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    သန္ဓေတားခြင်းသာမက သင့်ကျန်းမာရေးအတွက်ပါ ဒီနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

    အတူမနေခင်မှာ ရေချိုးခန်းဝင်ပါ

    အမျိုးသားနဲ့ အတူမနေခင်နဲ့ နေပြီးချိန်တွေမှာ ဆီးသွားသင့်ပါတယ်။ ဆီးသွားခြင်းကြောင့် မိန်းမကိုယ်မှတဆင့် ဆီးလမ်းကြောင်းကို ရောဂါပိုး ဝင်ရောက်ပြီး ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပွားရတာကို ဟန့်တားနိုင်ပါတယ်။

    ဘက်တီးရီးယားတွေ မပြန့်ပွားအောင် ကိစ္စမတိုင်မီနဲ့ ကိစ္စပြီးချိန်မှာ လက်ကိုဆေးကြောဖို့လည်း သတိရပါ။

    မိန်းမကိုယ်ကို သန့်ရှင်းကျန်းမာအောင် ထိန်းသိမ်းခြင်းဟာ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေကို စိုပြေအောင် ထိန်းသိမ်းသလိုပဲ အရေးကြီးလှပါတယ်။ သင့်မိန်းမကိုယ်မှာ အပြောင်းအလဲ တစ်ခုခုဖြစ်ပြီလို့ သတိပြုမိရင် ဆရာဝန်နဲ့ တတ်နိုင်သမျှ မြန်မြန်ပြပါ။

    ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်ဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်လို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thant Zin မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement