လေဒီတို့ကျန်းမာရေးအတွက် ပုံမှန်ပြုလုပ်သင့်တဲ့ စစ်ဆေးမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ဝေဒနာခံစားနေရတာမရှိဘူး၊ ဘာမှမဖြစ်ဘူး၊ ပုံမှန်လှုပ်ရှားသွားလာနိုင်နေတယ်ဆိုတာနဲ့ ကိုယ့်မှာဘာရောဂါမှမရှိဘူး၊ ကျန်းမာတယ် လို့သေချာပြီလား။ခေါင်းကိုက်တာ၊ဗိုက်အောင့်တာ၊ ဟိုနားဒီနားနာကျင်တာ စတဲ့အသေးအဖွဲလက္ခဏာတွေတော့ဖြစ်ကြမှာပါ။

ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဒီလိုအသေးအဖွဲလေးတွေက ကိုယ့်မှာရှိနေတဲ့ရောဂါအကြောင်းရင်းခံတွေကိုဖော်ပြနေကြတာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဝလွန်နေသလား၊ကျန်းမာရေးအတွက်မကောင်းတဲ့ နေထိုင်စားသောက်မှုပုံစံတွေလုပ်မိနေသလားစတဲ့ ကိုယ့်အခြေအနေတချို့က အန္တရာယ်ရှေ့ပြေးအချက်တွေဖြစ်နေနိုင်လို့ အလေးပေးလေ့လာသုံးသပ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။

များသောအားဖြင့် ကျွန်မတို့မိန်းကလေးတွေက အလုပ်တွေများနေရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မိဖို့မေ့နေတတ်တယ်။ အလှအပကလွဲလို့ပေါ့။ ခန္ဓါကိုယ်ထဲမှာ တခုခုခံစားမိနေလည်း ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဒီလိုပဲနေလိုက်ကြတာပဲ။ အရေးကြီးတဲ့ရောဂါလက္ခဏာတစ်ခုခုဖြစ်နေနိုင်မလားဆိုတာလည်းမသိဘဲ အမှုမဲ့အမှတ်မဲ့နေမိကြတယ်။ မိသားစုဗာဟီရကိစ္စတွေနဲ့ လုံးလည်လိုက်နေတဲ့ အိမ်ရှင်မတွေဆို ပိုဆိုးတာပေါ့။ ဒါပေမယ့် ကျန်းမာရေးဆိုတာ ကျား မ မရွေး မပေါ့လျော့သင့်တဲ့အရာတစ်ခုဖြစ်သလိုရောဂါကိုကြိုတင်မကာကွယ်နိုင်ရင်တောင်စောစောကုသနိုင်ဖို့က ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တယ်ဆိုတာပါပဲ။

အသက်အရွယ်ကြီးကြီး ငယ်ငယ် မိန်းကလေးဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ပုံမှန်လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေရှိပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူမယ်ဆိုရင်ရောဂါရှိမရှိကြိုသိရတော့ ဆင်ခြင်နေထိုင်လို့ရတာပေါ့။ အဖြစ်များတဲ့ နှလုံးရောဂါဆီးချိုသွေးချိုနဲ့ ကင်ဆာတချို့ကိုတောင်ဖြစ်ခါစမှာစောစောသိရရင် ကုသမှုအချိန်မီပြီး သက်တမ်းစေ့ကျန်းမာစွာနေနိုင်ပါတယ်။ တချို့ရောဂါတွေက အသက်ကြီးမှဖြစ်တတ်တာလို့သိထားပြီး ငယ်ရွယ်တုန်း မစစ်ဆေးခဲ့ရင် ဒုက္ခရောက်နိုင်ပါတယ်။ ဥပမာ ကိုယ်က ဆီးချိုသွေးချိုလို ရောဂါကြီးတစ်ခုခုကို မိသားစုမျိုးရိုးရှိတယ်ဆိုရင် အသက်ငယ်ပေမယ့် ပိုစစ်ဆေးသင့်ပါတယ်။

အမျိုးသမီးတွေအတွက် အရေးကြီးတဲ့ ကျန်းမာရေးစစ်ဆေးမှုများ

နှလုံးရောဂါစစ်ဆေးမှု

နှလုံးရောဂါအတွက် ဆရာဝန်ပြပြီး ECG (Electrocardiogram ) နဲ့စစ်ဆေးနိုင်သလို နှလုံးရောဂါနဲ့ဆက်စပ်နေတဲ့ အရေးကြီးအချက်တွေကို စစ်ဆေးကြည့်ဖို့လိုပါတယ်။

သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု

သားအိမ်ခေါင်းကင်ဆာဟာ မိန်းကလေးတွေမှာ အဖြစ်များဆုံးကင်ဆာတွေထဲပါဝင်ပါတယ်။ ပျိုဖော်ဝင်ချိန်ကစလို့ သားအိမ်ခေါင်းကင်ဆာရှိမရှိကို စတင်စစ်ဆေးနိုင်ပါတယ်။အသက် ၂၁ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးတွေဟာPap Test (သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း)ကို သုံးနှစ်တစ်ကြိမ်ခံယူသင့်ပါတယ်။

ဆီးချိုသွေးချိုစစ်ဆေးမှု

မကြာခဏသတိထားစစ်ဆေးသင့်တဲ့အထဲမှာ ဆီးချိုသွေးချိုစစ်ဆေးမှုလည်းပါဝင်ပါတယ်။ အစာနဲ့ ၈ နာရီဝေးတဲ့အချိန်သွေးတွင်းသကြားဓါတ်စစ်ဆေးသင့်ပါတယ်။ အိမ်မှာသွေးဖောက်စစ်ဆေးလို့ရပေမယ့် ရောဂါလက္ခဏာသံသယရှိလာရင် ဆေးခန်းမှာ HbA1C စစ်ဆေးမှုခံယူပြီး ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ကိုယ်က –

  • ကိုယ်အလေးချိန်များနေရင် (BMI ၃၀ကျော်နေရင်)
  • ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးရင်
  • ဆီးချိုမိသားစုမျိုးရိုးရှိရင် ပိုသတိထားရပါမယ်။

ရင်သားကင်ဆာနဲ့ မမ်မိုဂရမ်စစ်ဆေးမှု

အသက် ၄၀ကနေ ၇၅နှစ်အတွင်း အမျိုးသမီးတွေဟာ တစ်နှစ်တစ်ကြိမ် ဒီစစ်ဆေးမှုခံယူသင့်ပါတယ်။ မိသားစုထဲမှာ မျိုးဥအိမ်ကင်ဆာ သို့မဟုတ် ရင်သားကင်ဆာရှိသူ မျိုးရိုးရှိတယ်ဆိုရင် မမ်မိုဂရမ်စစ်ဆေးမှုကို ပိုပြီးခံယူသင့်ပါတယ်။

အရိုးသိပ်သည်းဆစစ်ဆေးမှု

အမျိုးသမီးတစ်ဦးဟာ –

  • မိသားစုဝင်တွေထဲမှာ အရိုးပွရောဂါရှိနေတာဆိုရင်
  • အရမ်းပိန်နေတာ၊ အရွယ်မတိုင်မီသွေးဆုံးတာ၊ ငယ်ရွယ်စဉ်တုန်းက အချိန်အတော်ကြာရာသီထိန်ဖူးတာ၊ အသက် ၇၀ကျော်အရွယ်ရှိသူ စတဲ့ အရိုးပွရောဂါဖြစ်နိုင်များစေတဲ့အချက်တွေရှိနေရင်
  • ခါးကိုင်းပြီးကျောရိုးမကြီးအနေအထားမမှန်ရင်
  • ချော်လဲတာလိုမျိုး အသေးစားထိခိုက်မှုတစ်ခုခုကြောင့် အရင်က အရိုးကျိုးတာအက်တာဖြစ်ဖူးရင်

အရိုးပွရောဂါရှိမရှိ သိနိုင်ဖို့ စစ်ဆေးမှုကို ခံယူသင့်ပါတယ်။ ဒါမှ သင့်ကျန်းမာရေးအခြေအနေကို ဆရာဝန်က သုံးသပ်ပြီး သင့်တော်တဲ့ ကုသစောင့်ရှောက်မှုပေးနိုင်မှာဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးယူတော့မယ့် လေဒီ တို့ မဖြစ်မနေကြိုလုပ်သင့်တဲ့အရာတွေ

ကလေး လေဒီ ကလေးယူ ကိုယ်ဝန်ရ ကိုယ်ဝန်ဆောင် ပြင်ဆင်ခြင်း မိခင်ကျန်းမာရေး အမျိုးသမီးကျန်းမာရေး ခန္ဓာကိုယ်ကြံ့ခိုင်မှု အာဟာရဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အလုပ်ကြောင့် စိတ်ဖိစီးရတဲ့ အမျိုးသမီးတွေမှာ ဆီးချိုအန္တရာယ် ပိုများ

ဆီးချိုအန္တရာယ် စိတ်ဖိစီးမှု အမျိုးအစား ၂ ဆီးချို အမျိုးသမီးကျန်းမာရေး အမျိုးသမီး အလုပ်ခွင် မိသားစု ဖိအား စိတ်ကျန်းမာရေး လူမှုဆက်ဆံရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့အမူအကျင့်မှား(၅)မျိုး

ရင်သား ရင်သားအလှအပ ရင်သားလျော့တွဲ ခန္ဓာကိုယ်အချိုးအစား ပုံစံကျလှပမှု မိန်းကလေး အမျိုးသမီးကျန်းမာရေး အတွင်းခံ တင်းရင်းမှု အသားအရေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

မီးယပ်သွေး ပေါ်ခြင်း (ရာသီပေါ်ခြင်း) နှင့် မိန်းကလေးတို့၏ ကျန်းမာရေး

မီးယပ်သွေး ရာသီသွေးဆင်း ရာသီလာခြင်း နာကျင်ကိုက်ခဲမှု အမျိုးသမီးကျန်းမာရေး ဟော်မုန်း မမျိုးဥ သားအိမ် သားအိမ်ကျန်းမာရေး ရာသီမမှန်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read
ပန်းကလေးတို့ အမြဲသန့်ရှင်း လန်းဆန်းစေဖို့

ပန်းကလေးတို့ အမြဲသန့်ရှင်း လန်းဆန်းစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 20, 2020 . 3 mins read

HIV ပိုးရှိနေတဲ့ မိသားစုဝင်ကို ဘယ်လိုအားပေးကူညီမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2020 . 3 mins read

HIV ပိုးရှိသူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2020 . 2 mins read