backup og meta

ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ ။  ။

    ခုနောက်ပိုင်းမှာ မူးယစ်ဆေး စွဲတဲ့ ပြဿနာတွေဟာ၊ အမှုတွေ အင်မတန်များပြားလာနေပြီး လူငယ်တို့ ဘဝတွေ ဖျက်စီးခံနေရတာ အားလုံးအသိပါ။ ဆေးအဆန်းအပြားတွေဟာလည်း နေ့ညမပြတ် ပေါ်ထွက်နေတာကြောင့် ကိုယ့်ကလေး ဘယ်တော့များ အပေါင်းအသင်းမှားပြီး ဆေးသမားဖြစ်မလဲ ရင်တမမနဲ့ စိတ်ပူနေရတဲ့ မိဘတွေအတွက် ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ က ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ စောစောသိလေ မူးယစ်နွံထဲက ရုန်းထွက်ဖို့ အချိန်မီလေ ဖြစ်မှာပါ။ ။

    ဆေးစွဲတယ်လို့ဆိုတဲ့နေရာမှာ မူးယစ်ဆေးတစ်ခုပဲ မဟုတ်ပါဘူး။ ေရာဂါသက်သာစေဖို့အတွက် သောက်နေရတဲ့ဆေးေတွကို မသောက်ရ မနေနိုင်ဖြစ်တာမျိုးတွေလည်း ပါပါတယ်။ ဥပမာ အိပ်ဆေးတို့၊ steroid ပါတဲ့ဆေး တို့၊ ဆေးခန်းတွေမှာ အားဆေးထိုးပေးပါဆိုပြီး လာလာထိုးခိုင်းနေတဲ့ ဆေးတွေလည်းပါတာပေါ့။ သူတို့ကိုမှ မသောက်ရဘူးဆိုရင် ကိုယ့်ဆီမှာတစ်ခုခုလိုနေသလို၊ စားလို့သောက်လို့မကောင်းတော့သလို၊ နေထိုင်လို့ မကောင်းတော့သလိုမျိုး ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှု ပြဿနာတွေလည်းဆေးစွဲတဲ့အထဲမှာပါပါတယ်။

    ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ

    ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ ကတော့ –

    စိတ်ပိုင်းဆိုင်ရာ ။ ။

    • ကိုယ့်ရောဂါ ပျောက်သွားတာတောင် ဆေးကို ဆက်သောက်နေသေးတယ်၊ ဆေးသောက်မှ နေလို့ကောင်းတယ်လို့ ခံစားနေရရင် သင် ဆေးစွဲစပြုနေပါပြီ။
    • ဒီလိုနဲ့ သောက်ပါများလာတော့ စိတ်ထဲက ဆေးမတိုးတော့သလို ခံစားရပြီး စိတ်ကျေနပ်မှု ရတဲ့အထိ ဆေးတွေတိုးသောက်လာပါတော့တယ်။
    • ဆေးမသောက်တဲ့ရက်တွေဆိုတစ်ခုခုလိုနေသလို စိတ်ဓါတ်ကျနေသလို၊ အားမရှိသလိုဖြစ်ပြီး ဆေးသောက်လိုက်မှ ခံစားနေရတာတွေအားလုံးသက်သာသလိုဖြစ်သွားတာမျိုး။
    • အသိစိတ်က ဒီဆေးတွေ မသောက်သင့်ဘူးဆိုတာကို သိနေပေမယ့် မသိစိတ်က ဆေးကို ဆက်သောက်ချင်နေမယ်။ သောက်ပြီး၊ သုံးပြီးရင်လည်း အပြစ်ရှိသလို ခံစားနေရမယ်။

    ခေါင်းထဲ အချိန်ပြည့်ရှိနေတဲ့ အတွေးများ ။ ။

    • ဆေးတွေကို ဘယ်နေရာကနေရမလဲ၊ ဆေးသောက်လိုက်ရရင် ဘယ်လိုနေလို့ကောင်းသွားတယ်၊ လူတွေ မသိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးတွေ ခေါင်းထဲ အချိန်ပြည့်ရှိနေတတ်တယ်။
    • ဒီပမာဏလောက်ဆို အတော်ပဲဆိုတာ သိပေမယ့် ပမာဏ နည်းနည်းလေးတိုးလိုက်ရင် ပိုများကောင်းသွားမလား။ တစ်ခါလောက်ပဲ တိုးကြည့်တာ ဘာမှတော့ မဖြစ်လောက်ဘူးဆိုတာနဲ့ပဲ ဆေးပိုစွဲသွားပြီး သုံးတဲ့ ဆေးပမာဏတွေ တိုးတိုးလာတတ်ပါတယ်။
    • ဦးနှောက်ထဲမှာ ဆေးသုံးဖို့ပဲ အချိန်ပြည့်ရှိနေတဲ့အတွက်ကြောင့် အရင်က ကိုယ်စိတ်ဝင်စားခဲ့တဲ့ အရာတွေကိုလည်း လှည့်မကြည့်တော့ပါဘူး။

    အရင်လို ပုံစံတွေ ပျောက်ဆုံးလာ။ ။

    • ဆေးစွဲတာများသွားရင် ဦးနှောက်ကလည်း ထုံထိုင်းနေတဲ့အတွက်ကြောင့် ကိုယ်နေ့စဉ် လုပ်နေတဲ့ အလုပ်တွေကိုတောင် အာရုံမစိုက်နိုင်တော့ပါဘူး။
    • ဆေး ကောင်းနေတဲ့အချိန်ဆို ဘာကိုမှ မမြင်တော့ပဲ ထင်ရာစိုင်းနေမယ်၊ချောင်တစ်ခေျာင်ထဲမှာ ဝင်ခွေနေမယ်။
    • ဆေးဝယ်ဖို့အတွက် လူကြီးတွေ မသိအောင် ပိုက်ဆံတွေ ခိုးတတ်လာမယ်။
    • ကိုယ်ဆေးစွဲနေတယ်ဆိုတာ သူများတွေ မသိအောင် ပုန်းနေရင်းက ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်လာမယ်။
    • အရင်တုန်းကထက်စာရင် အိပ်ချိန်များလာတာ၊ အိပ်ချိန်နည်းသွားတာ၊ အစားစားချိန်တွေ မမှန်တော့မျိုးလည်း ဖြစ်တတ်ပါတယ်။

    ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု။ ။

    • လူပုံစံကလည်း အားနည်းနေသလိုလို၊ မျက်ကွင်းတွေလည်း ညိုေနပြီး တစ်ချိန်လုံး နှာစေးသလို နှာခေါင်းရှုံ့နေတတ်တဲ့ အပြင် ပိန်ရော်နေတတ်ပါတယ်။

    ပေါင်းသင်းဆက်ဆံရေး ။ ။

    • မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အရင်က သူငယ်ချင်းတွေနဲ့ ဆက်ဆံရေး မပြေလည်တော့ဘဲ
    • ဆေးသမားအချင်းချင်း ပေါင်းမိပြီး အပေါင်းအသင်း အသစ်တွေတိုးလာတဲ့အပြင် သူတို့နဲ့ပဲ အချိန်တွေ အများကြီးဖြုန်းနေတတ်ပါတယ်။

    သင်ချစ်ခင်ရတဲ့သူတွေဆီမှာ ဒီလို ပြောင်းလဲမှုလေးတွေ စတင်ကြုံတွေ့လာပြီဆိုရင် ဆေးစွဲနေတာဖြစ်နိုင်လို့ သေချာစောင့်ကြည့်ပြီး အမြန်ဆုံးကူညီပေးပါ။ ဆေးစွဲတာ စောသိလေ၊ ဆေးပြတ်ဖို့ အခွင့်အရေး ပိုများလေလေပါပဲ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement