backup og meta

ခြင်နဲ့ သင့်ကြားမှာ သံလိုက် စက်ကွင်း တစ်ခုရှိနေပြီလား ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြင်နဲ့ သင့်ကြားမှာ သံလိုက် စက်ကွင်း တစ်ခုရှိနေပြီလား ။ ။

    တူတူထိုင်နေကြတာချင်း အတူတူ သူများကိုကျ ခြင်မကိုက်ဘဲ ကိုယ့်ကိုမှ ခြင်က ရွေးပြီး မျက်စိကျတဲ့ အဖြစ်အပျက်မျိုး လူတိုင်းစီမှာ ရှိခဲ့ဖူးမှာပါ။ ကိုယ့်ကိုချောလွန်းလို့ဆိုပြီး ရွေးကိုက်တာမဟုတ်တာကတော့ သေချာတယ်လေ။ ဒါဆို ဘာကြောင့်ကိုယ့်ကျမှ ခြင်ကိုက်တာပိုခံရတာလဲ။ ခြင်နဲ့ ကိုယ်ကြားမှာ သံလိုက်စက်ကွင်းများရှိနေပြီလား ။ ။

    သင့်ကိုမှရွေးပြီး ခြင်ကိုက်တာ ဒါတွေ ကြောင့် ဖြစ်နိုင်ပါတယ် ။ ။

    ပိုပြီးထင်သာမြင်သာရှိလိုပါ ။ ။

    ခြင် တွေဟာ သူတို့ရဲ့ ကောင်းလွန်းတဲ့ အမြင်အာရုံကို အသုံးချပြီး သားကောင်ကို ရှာဖွေကြတာဖြစ်ပါတယ်။ အထူးသဖြင့် မွန်းလွဲချိန်ဆို သူတို့ အမြင်အာရုံပိုစူးရှကြပါတယ်။ အဲဒီအချိန်မှာ ကိုယ်က အကျီၤအနက်ရောင်၊ အနီရောင်ဝတ်ထားခဲ့မိလို့ကတော့ အားလုံးထဲမှာ သင်ဟာ သူတို့အတွက် အထင်ပေါ်ဆုံး ဖြစ်နေတော့မှာပါ။

    ကိုယ်သင်းနံ့။ ။

    ခြင် တွေက သွေးစုပ်ပေမယ့် ငါးမန်းတွေလိုမျိုး သွေးကို အနံ့ခံပြီး သားကောင်ကိုရှာတာမဟုတ်ပါဘူး။ သူတို့အတွက် သားကောင်ရှိရာကို ပြပေးတဲ့လမ်းကြောင်းကတော့ သင့်ကိုယ်ကနေထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ပဲဖြစ်ပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ်ဆိုမှတော့ မွေးပျံ့တဲ့ရနံ့တွေ မဟုတ်တာတော့ သေချာတာပေါ့။ ဒီတော့ ချွေးအရမ်းထွက်တာကြောင့် နံနေတဲ့ ကိုယ်နံ့တွေဟာ ခြင်တွေအတွက်တော့ ဆွဲဆောင်မှုရှိတဲ့အရာတွေပါ။

    သွေးအမျိုးအစား။ ။

    ခြင်တွေမှာလည်း သူတို့ကြိုက်တဲ့ သွေးအမျိုးအစားရှိပါတယ်။ သွေးထဲမှာရှိတဲ့ ပရိုတင်းကို ခြင်ဥဥရတဲ့နေရာမှာ အသုံးချရတာကြောင့် ပရိုတင်းများတဲ့ သွေးဖြစ်လေခြင်ပိုကြိုက်လေ ဖြစ်ပါတယ်။ ဒီတော့ ဘယ်သွေးအမျိုးအစားကို ခြင်တွေပိုကြိုက်ကြလဲ။ ကံထူးသူတွေကတော့ အိုသွေးပိုင်ရှင် တွေပါ။ အိုသွေးပိုင်ရှင်တွေဟာ အခြား အမျိုးအစား သွေး ပိုင်ရှင်တွေထက် ပိုပြီး ခြင်ကိုက်ခံရတတ်ပါတယ်။

    အပူလှိုင်းနဲ့ ချွေး ။ ။

    ခြင်တွေသားကောင်ကိုလိုက်တဲနေရာမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်အပြင် အခြား ချွေးထဲမှာပါတဲ့ လက်တစ်အက်ဆစ်၊ ယူရစ်အက်ဆစ်နဲ့ အမိုးနီးယားတို့ကိုလည်း အသုံးချပါသေးတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်များ နေတဲ့အချိန်ဆို လက်တစ်အက်ဆစ်များနေတတ်ပြီး၊ တစ်ချို့ မျိုးရိုးဗီဇကြောင့် ယူရစ်အက်ဆစ်များနေတတ်တဲ့သူတွေဟာ သူတို့အတွက် ဆွဲဆောင်မှု အရှိဆုံး သားကောင်တွေပါ။

    အရေပြားပေါ်က သက်ရှိများ ။ ။

    တစ်ချို့လေ့လာချက်တွေအရတော့ အရေပြား ေပါ်မှာရှိတဲ့ အခြားဘက်တီးရီးယားတွေဟာ ခြင်တွေကို ဖိတ်ခေါ်သလိုဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘက်တီးရီးယားတွေ ပေါများတဲ့ ခြေထောက်တို့၊ ခြေသလုံးတို့၊ ကို ခြင်ပိုကိုက်တာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အကျီၤလက်ရှည် ဘောင်းဘီလက်ရှည် ဝတ်မထားတာလည်း ပါမှာပေါ့။ ဘက်တီးရီးယားတွေကို သူတို့ ပိုမြင်ရတယ်လေ။

    ကိုယ်ဝန် ။ ။

    လေ့လာချက်တွေအရ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေကို ငှက်ဖျားရောဂါသယ်ဆောင်ထားတဲ့ ခြင်မတွေက သဘောကျကြတယ်လို့ ဆိုပါတယ်။ ခြင်ထီးက လူသွေး မစုပ်ဘူးလေ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေ ရဲ့နှာခေါင်းကနေ ကာဘွန်ဒိုင်အောက်ဆိုဒ် အခြားလူတွေထွက်ပိုထွက်တတ်တာနဲ့ ကိုယ်ဝန်ကြောင့် ကိုယ်အပူချိန် မြင့်တက်နေတာတွေဟာ ခြင်မတွေကို ဆွဲဆောင်နေတဲ့ အရာတွေပါ။

    ဘီယာ ။ ။

    လူတွေတင်မဟုတ်ပါဘူး။ ခြင်တွေလည်း ဘီယာကို ကြိုက်ကြတယ်ဆိုတာ သင်သိပါသလား။ ဘီယာကိုကြိုက်ရင် ဘီယာကိုပဲသောက်ပေါ့လို့ ပြောစရာရှိပေမယ် သူတို့ကြိုက်တာ ဘီယာသောက်ထားတဲ့သူတွေကိုပါ။ ဘီယာသောက်ထားလို့ ထွက်လာတဲ့ ကိုယ်နံ့ရယ်၊ ဘီယာကြောင့် နွေးလာတဲ့ ကိုယ်အပူချိန်ရယ်က သူတို့ ကိုက်ချင်အောင် ဆွဲဆောင်နေလို့ပါ။

    ဒါတွေကတော့ ဘာကြောင့် ကိုယ့်ကျမှ ခြင်ပိုကိုက်ရတာလဲဆိုတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ် ။ ဒါလေးတွေ သိထားပြီဆိုတော့ ခြင်ကိုက်တာခံရတာ မကြိုက်ရင် ရှောင်ကြတာပေါ့ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement