backup og meta

မိမိကိုယ်ကို အလွန်အကြူး ချစ်မြတ်နိုးခြင်း (သို့) Narcissism

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိမိကိုယ်ကို အလွန်အကြူး ချစ်မြတ်နိုးခြင်း (သို့) Narcissism

    မိမိကိုယ်ကို အလွန်အကြူး ချစ်မြတ်နိုးခြင်း (သို့) Narcissism ဆိုတာက လူတစ်ယောက်ဟာ သူ့ကိုယ်သူ ချစ်သင့်တာထက် ပိုပြီး ချစ်နေတယ်။ သူပြောတာ၊ သူလုပ်တာမှ အမှန်။ သူ့ကိုပဲ အမြဲ ဂရုစိုက်နေရမယ်ဆိုတာမျိုးတွေ ဖြစ်လာရင် သူဟာ Narcissist (နာစစ်ဆစ်) လား၊ တစ်နည်းအားဖြင့် ပုံမှန်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ချစ်လွန်းသူလားဆိုတာ ဆန်းစစ်ရပါတော့မယ်။ ကိုယ်တိုင် Narcissist ဖြစ်နေလားဆိုတာ ဘယ်လို အချက်တွေကနေ သိနိုင်သလဲ။

    မိမိကိုယ်ကို အလွန်အကြူး ချစ်မြတ်နိုးခြင်း (သို့) Narcissism

    မိမိကိုယ်ကို အလွန်အကြူး ချစ်မြတ်နိုးခြင်း (သို့) Narcissism ဆိုတာက အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

  • ဤဇဗ္ဗူမှာ ငါလိုလူ မရှိ၊ ငါသာလျှင် အတော်ဆုံးလို့ ထင်နေပြီဆိုရင်
  • လူတိုင်းပေါ်မှာ မကြာမကြာ စိတ်ပျက်၊ စိတ်ဆိုးနေရင်
  • Relationship တစ်ခုကို ကြာရှည်တည်မြဲဖို့ အတော်ကြိုးစားနေရပြီဆိုရင်
  • ကိုယ့်ဖို့ပဲ အမြဲ ဦးစားပေးနေတတ်တယ်ဆိုရင်
  • ကိုယ် လုပ်တာသာ အမှန်လို့ ထင်နေတတ်ရင်
  • ကိုယ့်အကြောင်းပဲ အမြဲတမ်း တွေးနေလေ့ရှိပြီး ကိုယ့်အကြောင်း (ကောင်းကြောင်း) ပဲ အမြဲတမ်း ပြောနေလေ့ ရှိတယ်ဆိုရင်
  • လူအများရဲ့ အာရုံစိုက်မှုနဲ့ လေးစားမှုကို ရရှိဖို့ပဲ ကြိုးစားနေတယ်ဆိုရင်
  • ကိုယ့်ရဲ့ အရည်အချင်းနဲ့ အောင်မြင်မှုတွေကို ချဲ့ကားပြောနေတတ်ရင်
  • ကိုယ်က အများနဲ့ မတူ တစ်မူထူးခြားသူပါလို့ ယုံကြည်နေရင်
  • မဖြစ်နိုင်တဲ့ ပန်းတိုင်တွေကို ချပြီး မရရအောင် ဆောင်ရွက်နေရင်
  • မြန်ဆန်တဲ့ စိတ်ခံစားချက် (mood) အပြောင်းအလဲတွေ ရှိနေတယ်ဆိုရင်
  • တခြားလူတွေရဲ့ ခံစားချက်ကို ဘယ်တုန်းကမှ ထည့်မတွက်ခဲ့ဖူးဘူး ဆိုရင်
  • တစ်ပါးသူအပေါ် ကိုယ်ချင်းစာပေးဖို့ တော်တော် ခက်ခဲနေတယ်ဆိုရင်
  • ဘာပဲဖြစ်နေနေ၊ နိုင်ရမှကို ကျေနပ်မယ်ဆိုရင်
  • အကန့်အသတ်မဲ့ အောင်မြင်မှု၊ ငွေကြေးနဲ့ အာဏာကို မက်မောတယ်ဆိုရင်
  • စိတ်ချလိုက်ပါတော့။ ဒါဟာ Narcissist တစ်ယောက်ပါ။ Narcissist တွေဟာ သူတို့ကိုယ်တိုင်လည်း အောင်မြင်မှုကို မက်မောတာကြောင့် တအားကြိုးစားလေ့ ရှိသလို ကြည့်လိုက်ရင်လည်း တကယ်ကို အများနဲ့ မတူဘဲ ယုံကြည်ချက်အပြည့်နဲ့ ထင်းထွက်နေတတ်ပါတယ်။ ဒါပေမဲ့ ယှဉ်ထိုးကြည့်မယ်ဆိုရင် မကောင်းတဲ့ဘက်က ရာနှုန်းပိုများနေပါတယ်။

    ကိုယ့်ကိုယ်ကိုယ်ချစ်တာက ပြဿနာ မဟုတ်ပါဘူး။ ပြဿနာကတော့ ကိုယ့်တစ်ဖို့တည်းကြည့်ပြီး ဘယ်သူ့ဘက်ကမှ တွေးမကြည့်ပေးတဲ့အချိန်မှာ ပြဿနာ စပါတယ်။ ကိုယ်ဟာ အများနဲ့ မတူ ထူးခြားတဲ့သူဖြစ်တယ်။ ဒါကိုလည်း အများက လက်ခံပေးရမယ်လို့ တစ်ထစ်ချ သတ်မှတ်ထားတဲ့အခါ ဘေးပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တော့ဘဲ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေက ကိုယ့်ဒဏ်ကို ခံရပါတော့တယ်။ ပြောရမယ်ဆို ကမ္ဘာကြီးက ကိုယ့်ကို ဗဟိုပြုပြီး လည်ပတ်နေသလိုပေါ့။ အကောင်းဆုံးဆိုတာကို ကိုယ်တိုင် ရမှ ဖြစ်မယ်။ အမြဲတမ်း ကိုယ့်ကို ချီးကျူးနေရမယ်။ ဒါပေမဲ့ ကိုယ်က ပြန်ချီးကျူးဖို့တော့ မမျှော်လင့်ပါနဲ့။ ကိုယ့်လောက် တော်နေကြတာမှ မဟုတ်တာနော်။

    ကိုယ်ချင်းစာ တရားကို Narcissist တွေဆီမှာ သွားမရှာပါနဲ့။ ကိုယ်ကြိုးစားမှ ကိုယ်ရမှာ။ ကိုယ့်မှာ ရှိနေတာတွေက ကိုယ်ကြိုးစားခဲ့လို့။ သူတို့က ကိုယ့်လိုမှ မကြိုးစားနေတာ။ ဘာများစာနာပေးနေစရာ လိုသလဲ။ ဆိုတာမျိုးပေါ့။ Narcissist တွေဟာ ကိုယ့်ရဲ့ အကြောက်တရားသိမ်ငယ်စိတ်ကို မျက်နှာဖုံး တစ်ခုနဲ့ ဖုံးထားပြီး တခြားသူတွေက ကိုယ့်ကို ထိပါးလာတယ်လို့ ထင်တဲ့အခါ (အမှန်တော့ ကိုယ့်စိတ်က ထင်နေတာမျိုးပါ။) လိုအပ်တာထက် ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်ကြပါတယ်။

    ဒါတွေကတော့ Narcissist တစ်ယောက်မှာ ရှိတတ်တဲ့ အခြေခံ သဘောထားတွေပါပဲ။ ဒီလို Narcissist တစ်ယောက်နဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့အခါ ဘယ်လို ဆက်ဆံကြမလဲဆိုတာကိုတော့ နောက်ထပ် ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြပေးပါ့မယ်။

    ရေးသားသူ – Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement