backup og meta

Alzheimer's ရောဂါရဲ့ သတိထားသင့်တဲ့ အစောပိုင်း လက္ခဏာများ


Aye Thi Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Alzheimer's ရောဂါရဲ့ သတိထားသင့်တဲ့ အစောပိုင်း လက္ခဏာများ

    တော်ရုံသတိမေ့တာလောက်က အသက်ကြီးရင့်လာမှုရဲ့ သာမန်အစိတ်အပိုင်းတစ်ခုပေါ့။ တကယ်လို့ သင်ကတစ်ယောက်ယောက်ရဲ့ နာမည်ကိုမေ့နေမယ် ဒါပေမယ့် နည်းနည်းလောက်ကြာတော့သတိရလာမယ်ဆိုရင် ဒါက မှတ်ဉာဏ်နဲ့ပတ်သက်ပြီး ကြီးကြီးမားမားပြဿနာရှိနေတယ်၊လို့ဆိုလို့မရပါဘူး။

    တကယ်လို့သင့်ရဲ့ မှတ်ဉာဏ်ပြဿနာကနေ့စဉ်နေထိုင်မှုဘဝမှာတော်တော်လေးထိခိုက်လာပြီဆိုရင်တော့ ဒါတွေကAlzheimer’sရောဂါရဲ့အစောပိုင်းလက္ခဏာတွေပါ။ရောဂါလက္ခဏာတွေပိုများလေလေရောဂါအခြေအနေက ပိုပြင်းထန်လေလေပါ။

    Alzheimer’s ရဲ့ သတိထားသင့်တဲ့ အစောပိုင်းလက္ခဏာတွေက

    သတိမေ့တတ်လာမယ်

    သင်ကိုယ်တိုင်မှာပဲဖြစ်ဖြစ် သင်ရဲ့ မိသားစုဝင်တစ်ဦးဦးမှာဖြစ်ဖြစ် ပုံမှန်ထက်ပိုပြီးမေ့လျော့တတ်လာမယ်။ ဥပမာ အရေးကြီးတဲ့ ကိစ္စတွေ မဖြစ်မနေသတိရနေသင့်တဲ့ အမှတ်တရနေ့တွေကိုမေ့နေပြီ။ အရေးကြီးလုပ်စရာတွေကို မကြာခဏသတိပေးနေရပြီဆိုရင်တော့ ပုံမှန်မေ့တတ်တဲ့အဆင့်ကိုကျော်လွန်နေပါပြီ။

    လုပ်နေကျအလုပ်တွေကို လုပ်ကိုင်ရခက်ခဲလာမယ်

    တစ်ခါတစ်လေနေ့စဉ်လုပ်နေကျအလုပ်တွေကို ဘယ်လိုစလုပ်ရမှန်းမသိဖြစ်လာတာ၊ အစီအစဉ်ဆွဲရာမှာသေသေချာချာ မလုပ်ဆောင်နိုင်တော့တာ၊ လစဉ်ပေးဆောင်နေကျဖြစ်တဲ့ ဖုန်းဘေလ်၊မီတာခ၊ရေခွန်တွေကိုပေးဆောင်ဖို့မေ့လျော့လာတာ၊ တစ်ခုခုကို အာရုံစိုက်ရာမှာ အခက်အခဲတွေရှိလာတာ၊ လုပ်နေကျအလုပ်တွေကို အရင်ကထက် အချိန်ပိုပေးပြီးလုပ်လာရမျိုးတွေဖြစ်လာနိုင်ပါတယ်။

    နေ့စဉ်ဘဝနေထိုင်မှုမှာ အခက်အခဲရှိလာမယ်

    နေ့စဉ်လုပ်နေကျ ရင်းနှီးပြီးသားအလုပ်တွေကို လုပ်ရတာ ခက်ခဲလာမယ်။ သွားနေကျနေရာတွေကိုသွားရင်းက လမ်းမမှတ်မိတော့တာ။ လုပ်နေကျအလုပ်ကို ဘယ်ကစလုပ်ရမှန်းမသိတာ၊ အကြိုက်ဆုံးအားကစားနည်းရဲ့ စည်းမျဉ်းတွေကိုမေ့သွားတာမျိုးဖြစ်လာနိုင်ပါတယ်။

    အချိန်တွေနေရာတွေကို မှတ်မိဖို့ ခက်ခဲလာမယ်

    တစ်ခုခုလုပ်ဖို့ ချိန်းထားတဲ့ရက်တွေကိုမေ့လာမယ်။ အချိန်တွေကိုသေသေချာချာ မမှတ်မိတော့တာမျိုးဖြစ်လာမယ်။ ဘာလုပ်မယ် ဘာကိုင်မယ်ဆိုတာကို ကြိုတင်စီစဉ်ထားဖို့လုပ်တိုင်း မရေရာတာမျိုးဖြစ်လာမယ်။သေသေချာချာမှတ်ထားပေမယ့် လုပ်ဖို့စီစဉ်ထားတာ၊ ချိန်းဆိုတာတွေကိုမေ့လာတာမျိုးဖြစ်လာနိုင်ပါတယ်။

    အမြင်အာရုံပြဿနာတွေရှိလာမယ်

    စာမျက်နှာက စာလုံးလေးတွေကို ဖတ်ရတာ ခက်ခဲလာမယ်။ အကွာအဝေးကိုမှန်းဆရခက်လာမယ်။ အရောင်တွေကို ခွဲခွဲခြားခြား မသိတော့ဘူးဖြစ်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကားမောင်းတဲ့သူတွေမှာဆိုရင် အခက်အခဲအကြီးကြီးဖြစ်နိုင်ပါတယ်။

    စကားတွေကို တိတိကျကျပြောဖို့ ခက်ခဲလာမယ်

    စကားတွေကိုပြောရင် ဘာဆက်ပြောရမှန်းမသိတော့တာ၊ ဘာအကြောင်းပြောနေလဲမေ့သွားတာမျိုး၊ စကားကိုပြောပေမယ့် အဆုံးထိမရောက်တာမျိုးတွေဖြစ်လာမယ်။ဖြစ်ပေါ်နေတဲ့ အခြေအနေ အနေအထားနဲ့ကိုက်ညီမယ့် စကားလုံးကိုပြောဖို့ ရှာမတွေ့တာမျိုးဖြစ်လာမယ်၊ စကားတစ်ခွန်းထဲကိုပဲ ထပ်ခါထပ်ခါပြောမိနေမယ်ဆိုရင်တော့Alzheimer’sရောဂါ အကြိုလက္ခဏာကိုခံစားနေရတာဖြစ်နိုင်ပါတယ်။

    ပစ္စည်းတွေမကြာခဏ အထားမှားနေမယ်

    ပစ္စည်းတွေကို ထားနေကျအတိုင်း မဟုတ်ဘဲနေရာတွေပြောင်းထားမိတာ၊ ပစ္စည်းတွေအထားမှားပြီး ခဏခဏပျောက်တာတွေဖြစ်လာပြီဆိုရင်တော့Alzheimer’sရောဂါခံစားနေရပါပြီ။ ဒီလိုပစ္စည်းတွေအထားမှားပြီး ခဏခဏပျောက်ရင်းကနောက်ဆုံး ပစ္စည်းကို အခြားသူက ယူသွားတယ်၊လို့ထင်တာမျိုး အထိဖြစ်လာနိုင်ပါတယ်။

    ပျက်ကွက်မှုတွေများလာမယ်

    Alzheimer’s လက္ခဏာတွေဖြစ်လာတဲ့အခါ အလုပ်ခွင်မှာပဲဖြစ်ဖြစ် လူမှုရေးကိစ္စတွေမှာပဲဖြစ်ဖြစ် ပျက်ကွက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အရင်က ဝါသနာပါခဲ့တဲ့ လုပ်နေကျအလေ့အထတွေကိုတောင် လုပ်ဖို့မေ့လျော့ပျက်ကွက်လာပြီဆိုရင်တော့ရောဂါအခြေအနေကတော်တော်လေးပြင်းထန်လာပြီလို့ပြောချင်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုမြန်လာမယ်

    လူမှုရေးတွေမှာဖြစ်ဖြစ်နေ့စဉ် အလုပ်တွေလုပ်ကိုင်နေချိန်မှာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေက အရမ်းအပြောင်းအလဲမြန်လာမယ်ဆိုရင်တော့Alzheimer’sရောဂါဖြစ်နိုင်ခြေရှိနေပါပြီ။ မကြာခဏဆိုသလို

    ကိုယ်တိုင်မှာပဲဖြစ်ဖြစ် မိသားစုဝင်တစ်ဦးဦးမှာဖြစ်ဖြစ် အခုလို လက္ခဏာတွေတွေ့ရပြီဆိုရင် ဆရာဝန်နဲ့သေချာပြသဖို့ တိုက်တွန်းလိုက်ပါရစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement