backup og meta

အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ

အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပါတယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ တစ်ကမ္ဘာလုံးအတိုင်းအတာအရရော၊ လူမျိုးပေါ်မူတည်ပြီး ကိုယ်အလေးချိန်နဲ့ အရပ်က မတူနိုင်ပါဘူး။ အကြမ်းအားဖြင့်တော့ ယောက်ျားလေးတွေသည် အားကစား၊ လေ့ကျင့်ခန်းပိုလုပ်တဲ့အတွက် ထွက်လာတဲ့ ကြွက်သားထုက အဆီထက်ပိုများနေပြီး အလေးချိန်အနည်းငယ် ပိုစီးနေတတ်ပါတယ်။

အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ

အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ

အရပ်ဘယ်လောက်၊ ကိုယ်အလေးချိန်ဘယ်လောက် ဆိုတာထက် ခုနောက်ပိုင်းမှာ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI)နဲ့ ပြောလာပါပြီ။ BMIဆိုတာက အရပ်ရော၊ ကိုယ်အလေးချိန်ကိုပါ ထည့်သွင်းတွက်ချက်တဲ့ ညွှန်းကိန်းတစ်ခုပါ။ BMIအရ

  • 18.5 အောက်က ကိုယ်အလေးချိန်နည်းတဲ့သူ
  • 18.5 − 24.9 ဆို ကျန်းမာတဲ့ ကိုယ်အလေးချိန်
  • 25 − 29.9 ဆို ကိုယ်အလေးချိန်များနေတာ
  • 30 အထက်ဆို အဝလွန်နေတာလို့ သတ်မှတ်နိုင်ပါတယ်။

[embed-health-tool-bmi]

BMI 18.5 − 24.9ကြား ရှိဖို့ ရှိသင့်တဲ့ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်တွေကတော့

အရပ် ကိုယ်အလေးချိန်

  • ၄ ပေ ၁၀ လက်မ ၉၁ ပေါင်မှ ၁၁၈ ပေါင်အထိ
  • ၄ ပေ ၁၁ လက်မ ၉၄ ပေါင်မှ ၁၂၃ ပေါင်အထိ
  • ၅ ပေ ၉၇ ပေါင်မှ ၁၂၇ ပေါင်အထိ
  • ၅ ပေ ၁ လက်မ ပေါင် ၁၀၀ မှ ၁၃၁ ပေါင်အထိ
  • ၅ ပေ ၂ လက်မ ၁၀၄ ပေါင်မှ ၁၃၅ ပေါင်အထိ
  • ၅ ပေ ၃ လက်မ ၁၀၇ ပေါင်မှ ပေါင် ၁၄၀ အထိ
  • ၅ ပေ ၄ လက်မ ပေါင် ၁၁၀ မှ ၁၄၄ ပေါင်အထိ
  • ၅ ပေ ၅ လက်မ ၁၁၄ ပေါင်မှ ၁၄၉ ပေါင်အထိ
  • ၅ ပေ ၆ လက်မ ၁၁၈ ပေါင်မှ ၁၅၄ ပေါင်အထိ
  • ၅ ပေ ၇ လက်မ ၁၂၁ ပေါင်မှ ၁၅၈ ပေါင်အထိ
  • ၅ ပေ ၈ လက်မ ၁၂၅ ပေါင်မှ ၁၆၃ ပေါင်အထိ
  • ၅ ပေ ၉ လက်မ ၁၂၈ ပေါင်မှ ၁၆၈ ပေါင်အထိ
  • ၅ ပေ ၁၀ လက်မ ၁၃၂ ပေါင်မှ ၁၇၃ ပေါင်အထိ
  • ၅ ပေ ၁၁ လက်မ ၁၃၆ ပေါင်မှ ၁၇၈ ပေါင်အထိ
  • ၆ ပေ ပေါင် ၁၄၀ မှ ၁၈၃ ပေါင်အထိ
  • ၆ ပေ ၁ လက်မ ၁၄၄ ပေါင်မှ ၁၈၈ ပေါင်အထိ
  • ၆ ပေ ၂ လက်မ ၁၄၈ ပေါင်မှ ၁၉၃ ပေါင်အထိ သတ်မှတ်လို့ရပါတယ်။

ဒါကအကြမ်းပဲဖြစ်ပြီး ဒီဂဏန်းတွေက တစ်ယောက်နဲ့ တစ်ယောက်မှာ ပြောင်းလဲနိုင်ပါတယ်။

ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့်လည်း ကိုယ်အလေးချိန်က မြင့်တက်လာနိုင်သလို ကလေးဘဝက အစာအာဟာရလုံလောက်စွာ မရရှိခဲ့ခြင်းကြောင့်လည်း တခြားသူတွေထက် ပိုပိန်နေပြီး လူကောင်သေးနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါ့ပြင်

  • အမျိုးအစား (၂) ဆီးချိုရောဂါ
  • နှလုံးရောဂါ
  • လေဖြတ်နေသူတွေ
  • နာတာရှည်သွေးတိုးရောဂါ
  • သည်းခြေအိတ်နဲ့ ဆိုင်တဲ့ရောဂါ
  • အရိုးအတက်ထွက်တာ
  • ကင်ဆာရောဂါရှိသူတွေ
  • အိပ်နေစဉ် အသက်ရှူရပ်သွားတဲ့ အမျိုးသားတွေမှာ အဝလွန်ရောဂါဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။

အမျိုးသားတစ်ယောက် ကိုယ်အလေးချိန်ကို ထိန်းဖို့ ဘာလုပ်သင့်လဲ။

ဝဖို့၊ ပိန်ဖို့ဆိုတာထက် လူတိုင်းသည် သတ်မှတ်ထားတဲ့ ကျန်းမာသောကိုယ်အလေးချိန်တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ကိုယ်ခန္ဓာက ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကြည့်ကောင်းနေမှာဖြစ်သလို ရောဂါတွေ အလွယ်တကူမဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။ ဒီလို ကိုယ်အလေးချိန်ကို ထိန်းဖို့အတွက်ဆိုရင်

၁။ အစာအာဟာရကို ဂရုစိုက်ပါ။ စားချင်တာ လျှောက်စားတာထက် ကိုယ့်အတွက် အာဟာရဖြစ်စေမယ့်အရာတွေကို မျှမျှတတစားပေးပါ။

၂။ အစာကို တစ်ထိုင်တည်းနဲ့ အဝမစားပါနဲ့။ နည်းနည်းစီ အကြိမ်ရေများများစားပေးပါ။

၃။ ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။ မလုပ်နိုင်ရင်တောင် လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာမျိုးတော့ လုပ်ပေးသင့်ပါတယ်။

၄။ ကျန်းမာရေးကို မပေါ့ပါနဲ့။ တစ်နှစ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ကိုယ်တွင်းအင်္ဂါတွေ၊ ဟော်မုန်းတွေ ကောင်းစွာ လည်ပတ်အလုပ်လုပ်နေလား၊ ကျန်းမာရေးအခြေအနေတွေကို သေချာစစ်ဆေးလေ့လာသင့်ပါတယ်။

၅။ မိဘမျိုးရိုးမှာ ရောဂါတွေရှိရင် သူတို့အတွက်လည်း သေချာဂရုစိုက်ပေးဖို့ လိုသလို၊ ကိုယ့်မှာလည်း ရောဂါဖြစ်မလာစေဖို့ လိုအပ်တဲ့ ကာကွယ်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစာအာဟာရ၊ နေထိုင်မှုပုံစံကို သေချာပြင်ဆင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/320917.php(August 13, 2019)

ယခုပုံစံ

21/12/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်မြန်စေမယ့် နည်းလမ်းတွေ

ကိုယ်အလေးချိန် ကျစေဖို့ မိမိကိုယ်ကိုယ် စိန်ခေါ်ခြင်းဖြင့် စတင်ပါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/12/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ