ဆီးကျိတ်ကင်ဆာက ကုသလို့ရနိုင်တဲ့ရောဂါဖြစ်ပြီးစောစောကုသနိုင်ရင် အခွင့်အလမ်းပိုကောင်းပါတယ်။ ဒါပေမယ့် ကုထုံးတွေက ခံရမသက်သာတဲ့အပြင်ဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ သူ့အတွက်သုံးတဲ့ ကုထုံးတွေထဲမှာ ဓါတ်ရောင်ခြည်ကုထုံး၊ ဓါတုဆေးဝါးကုထုံး၊ အအေးဓါတ်ကုထုံး၊ဆီးကျိတ်ဂလင်းနဲ့အနီးတဝိုက်တစ်ရှူးတွေ ခွဲစိတ်ဖယ်ရှားတဲ့ကုထုံးတို့ ပါဝင်ပါတယ်။
ဘယ်လိုကုသလဲ
အရင်ကင်ဆာကုထုံးတွေလို ထိုးဆေးအများကြီးသုံးရတဲ့အစား တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ထိုးသွင်းပေးရုံနဲ့ရွှေမှုန်တွေက ကင်ဆာအကျိတ်တွေအနီးကို ကပ်သွားစေမယ့်နည်းဖြစ်ပါတယ်။ နာနိုအမှုန်တွေက အကျိတ်တွေနားမှာ ကပ်တွယ်နိုင်စေဖို့ကို လက်ဖက်ကရတဲ့ ဒြပ်ပေါင်းတစ်မျိုးက ကူညီပေးတာဖြစ်ပါတယ်။
ရွှေမှုန်လေးတွေက ကင်ဆာဆဲလ်တွေကိုရှာဖွေပြီးရင် ဆဲလ်တွေထဲဝင်ရောက်သွားပါလိမ့်မယ်။ အဲဒီအခါမှ ပညာရှင်တွေက လေဆာသုံးပြီး နာနိုမှုန်တွေကိုလှုံ့ဆော်မယ်၊ တုန်ခါစေပြီးအပူချိန်ပြောင်းလဲစေမယ့်နည်းနဲ့ ကင်ဆာဆဲလ်တွေကို သေစေမှာဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုးနည်းပြီး အလားအလာကောင်းတဲ့ ဒီကုထုံးသစ်က ကုသမှု ၂၈ ရက်အတွင်း ကင်ဆာကျိတ်ကို သိသိသာသာလျော့သွားစေနိုင်တယ်လို့ သိရပါတယ်။
ဒီကုထုံးက ကင်ဆာကျိတ်တွေရဲ့ဘေးပတ်လည်က ကျန်းမာတဲ့တစ်ရှူးတွေ (အရေးပါတဲ့အာရုံကြောတွေနဲ့ ဆီးထိန်းကြွက်သားတွေအပါအဝင်) ကို မထိခိုက်စေပါဘူး။ ဒါ့ကြောင့် ဆီးအောင့်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းတို့လို ဆီးကျိတ်ကင်ဆာရဲ့အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။
[embed-health-tool-bmi]