backup og meta

ဝိတ်တုံးမပြီး ကိုယ်ပေါ်က အဆီတွေ လောင်ကျွမ်းအောင် ဘယ်လိုလုပ်မလဲ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝိတ်တုံးမပြီး ကိုယ်ပေါ်က အဆီတွေ လောင်ကျွမ်းအောင် ဘယ်လိုလုပ်မလဲ ။

    Gym ရောက်ပြီဆိုတာနဲ့ ပိန်တဲ့သူတွေရော၊ ဝနေတဲ့သူတွေရော ဝိတ်တုံး လေးတွေ ကိုယ်စီကိုယ်စီနဲ့ လေ့ကျင့်ခန်းလုပ်နေတာကို လူတိုင်း မြင်ဖူးကြမှာပါ။ ကြားဖူးတာကတော့ဝိတ်တုံးမတာ ကြွက်သားတက်စေဖို့ဆိုတော့ ဝနေတဲ့သူတွေက ဝိတ်မဖို့လိုလို့လား။ ပိန်ချင်လို့ ဝိတ်မရင် လေးတာကောင်းလား ပေါ့တာကောင်းလား။ အကြိမ်ရေ နည်းနည်းလား များများလား သိချင်နေတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါ။

    အလေးမတဲ့ လေ့ကျင့်ခန်း လုပ်သူတိုင်း သိထားသင့်တဲ့ အရာတွေ ။

    ( ၁ ) အလေးများတဲ့ ဝိတ်တုံးကိုမပါ။

    စပြီး လေ့ကျင့်ခန်းလုပ်တည်းက ဒီအလေးချိန်ကိုပဲ မတယ်။ ၃ လ ၄ လကြာတဲ့အချိန်အထိလည်း ဒီ အလေးချိန်ကိုပဲ ဆက်မနေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ်ကို ဘယ်လိုမှ ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ် မ နေတဲ့ ဝိတ်တုံး အလေးချိန်ကို တဖြည်းဖြည်းတိုးလာဖို့ လိုပါတယ်။ ဝိတ်တုံးလေးလေးတွေက ကြွက်သားတွေကို တက်စေပြီး ကိုယ်ခန္ဓာကို ကျစ်လစ်စေပါတယ်။ ကြွက်သားတက်လာတော့ ဇီဝကမ္မဖြစ်စဉ် တွေ မြန်ဆန်လာပါတယ်။ ဇီဝကမ္မဖြစ်စဉ် တွေ မြန်လာတော့ အဆီတွေ များများလောက်ကျွမ်းပါတယ်။ လောင်ကျွမ်းတဲ့ ကယ်လိုရီက စားလိုက်တဲ့ကယ်လိုရီတွေထက် များနေပြီဆိုရင် သင် ဝိတ်ကျမှာ ကျိန်းသေနေပါပြီ။ ဒါ့ကြောင့် အဆီပိုတွေမရှိဘဲ ကျစ်လစ်တဲ့ကိုယ်ခန္ဓာတစ်ခုရဖို့ဆို ဝိတ်တုံးလေးလေးတွေ မဖို့လိုအပ်ပါတယ်။

    ( ၂ ) ပြင်းပြင်းထန်ထန်လုပ်ပါ။

    ပြင်းပြင်းထန်ထန်လုပ်ဆိုပြီး ၁နာရီ ၂ နာရီလောက် ဝိတ်မနေဖို့မလိုပါဘူး ။ အနည်းဆုံး မိနစ် ၂၀ အများဆုံး နာရီဝက် ၄၅ မိနစ်လောက် ဝိတ်တုံးမရင်ပဲ အဆင်ပြေနေပါပြီ။ အရေးကြီးတာက ကိုယ်လုပ်နေတဲ့အချိန်အတွင်းမှာ သေချာ အာရုံစိုက်ပြီး ပြင်းပြင်းထန်ထန်လုပ်ဖို့ပါပဲ။ ဘယ်လောက်ကြာအောင်လုပ်တယ်ဆိုတာထက် ဘယ်လိုလုပ်တယ်ဆိုတာက ပို အဓိကကျပါတယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား အကြာကြီးမနားပါနဲ့။

    ( ၃ ) ရက်တိုင်း ဆက်တိုက်လုပ်ဖို့ မလိုပါဘူး။

    ကိုယ်အလေးချိန်ကျ စေဖို့အတွက် ဝိတ်တုံးမတဲ့လေ့ကျင့်ခန်းတွေကို နေ့တိုင်း ဆက်တိုက် လုပ်နေစရာမလိုပါဘူး။ ကြွက်သားတွေကို အနားပေးဖို့လည်းလိုအပ်သေးတာကြောင့် တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ် အများဆုံး ၅ ကြိမ်လောက် ဝိတ်မတဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ရပါတယ်။

    ( ၄ ) လေ့ကျင့်ခန်းကိုပဲ အားကိုးနေလို့မရပါဘူး။

    ကိုယ်အလေးချိန် ကျစေဖို့ လေ့ကျင့်ခန်းတစ်ခုတည်းကိုပဲ အားကိုးနေလို့မရပါဘူး။ ကိုယ်ခန္ဓာ အချိုးအစားရဲ့ ၈၀ ရာခိုင်နှုန်းက အစားအသောက်တွေပေါ်မူတည်နေပြီး ၂၀ ရာခိုင်နှုန်းလောက်ပဲ လေ့ကျင့်ခန်းတွေ အပေါ် မူတည်နေတာပါ။ ဒါကြောင့် ဝိတ်ကျအောင် ကြိုးစားနေတဲ့သူတိုင်း အဆီများတာတွေ မစားဖို့၊ ထမင်းလျှော့စားဖို့ အသီးအရွက်များများစားဖို့ အရေးကြီးပါတယ်။

    ( ၅ ) ဝိတ်မတာအပြင် အခြားအရာတွေကိုလုပ်ပေးဖို့ အရေးကြီးပါတယ်။

    ၁ နဲ့ ၁ ပေါင်းမှ ၂ ဖြစ်နိုင်တာကြောင့် ဝိတ်ကျချင်ရင် ဝိတ်မတာအပြင် အခြား cardio လေ့ကျင့်ခန်းတွေ HITT လေ့ကျင့်ခန်းတွေ ပေါင်းပြီး လုပ်ပေးဖို့လည်း အရေးကြီးပါသေးတယ်။ များများလှုပ်မှ အဆီတွေ များများလောင်ကျွမ်းမှာလေ မဟုတ်ဘူးလား။

    ဒီတော့ “များများလှုပ်၊ လေးလေးမ၊ နည်းနည်းစား” ဒါဆိုရင် သင့်လိုချင်တဲ့ သွယ်လျကျစ်လစ်တဲ့ကိုယ်ခန္ဓာတစ်ခု ပိုင်ဆိုင်မှာ လုံးဝကို အသေအချာနော် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement