backup og meta

Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့

    Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့ နည်းလမ်းလေးတွေ ကြည့်လိုက်ရအောင်နော်။ ပျိုပျိုမေတို့ရေ ဆိုင်မှာ ပေါင်းတင်တာထက် အိမ်မှာ သဘာဝပစ္စည်းလေးနဲ့ ပေါင်းတင်တာကို ပိုပြီး ကြိုက်တယ်ဆိုရင်တော့ ထိရောက်တဲ့နည်းလမ်းလေးနဲ့ ပေါင်းတင်ဖို့တော့ လိုတာပေါ့နော်။ ကိုယ့်ရဲ့ မျက်နှာလေး လှစေဖို့ဆိုရင်တော့ Oatmeal ရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။

    Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့

    Oatmeal ကို အာရှမှာတော့ အသုံးပြုတာ နည်းပေမယ့် အနောက်နိုင်ငံတွေမှာတော့ မနက်စာအဖြစ် စားသုံးကြပါတယ်။ အုတ်ဂျုံလို့ ပြောပြီး ဝယ်လို့ရတယ်နော်။ ကွေကာအုပ်မှာ ပါတဲ့ အဖတ်လေးတွေ လိုပါပဲ။ Oatmeal မှာ အမျှင်ဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်သလို အလှအပအတွက်လည်း အရမ်းကို အသုံးဝင်ပါတယ်။Oatmeal မှာ အမိုင်နိုအက်စစ်ပါဝင်တာမို့ အသားအရေတွေ ကြည်လင်စေပါတယ် ။ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဆဲလ်အသစ် ပြန်လည် ဖြစ်တည်ဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် ယားယံတာတွေ၊ အဖုအပိန့်ထတာတွေ မဖြစ်စေပါဘူး။

    Oatmeal ဟာ မျက်နှာအသားအရေတွေ အစိုဓာတ်ရရှိဖို့ ပေးစွမ်းနိုင်ပါတယ်။ ရေဓာတ်တွေ ပြည့်ဝစေတာမို့ မျက်နှာမှာ ညိုညစ်ညစ် ဖြစ်တာတွေ လုံးဝ မရှိနိုင်ပါဘူး။ Oatmeal က ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ဆိုင်သူတွေမှာတောင် သုံးလို့ရပါတယ်။

    နေလောင်ကွက်တွေလည်း မဖြစ်စေပါဘူး။ ကဲ …. Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့ ဘယ်လိုတွေ လုပ်ဆောင်လို့ရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။

    • ဝက်ခြံ

    ဝက်ခြံတွေရှိလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ Oatmeal လေးနဲ့ ပေါင်းတင်လို့ ရပါမယ်။ Tea tree၊ ပျားရည်တွေနဲ့ ရောစပ်ဖို့တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ Tea tree oil မှာ ဝက်ခြံတွေ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ပျားရည်ကတော့ အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။

    ဒီတော့ Oatmeal လက်ဖက်စားဇွန်း (၂) ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဝက်၊ Tea Tree Oil (၄စက်ကနေ ၆စက်)နဲ့ ပျားရည် လက်ဖက်စားဇွန်း(၂) ဇွန်း လောက်ကို ထည့်ပြီး ရောမွှေလိုက်ပါ။ ပြီးရင် ဝက်ခြံရှိတဲ့ နေရာတွေမှာ လိမ်းလိုက်ပါ။ ခြောက်သွားမှ ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ တစ်ပတ်ကို (၂) ကြိမ်ဆို လုံလောက်ပါတယ်။

    • ကြည်လင်တောက်ပခြင်း

    Oatmeal လေးနဲ့ ကြည်လင်တောက်ပနိုင်ဖို့ နည်းလမ်းလေး ပြောပြမယ်နော်။ သခွားသီးမှာ အသားအရေကို ကြည်လင်စေတဲ့ ဓာတ်တွေ ပါဝင်တဲ့အပြင် မျက်ကွင်းညိုတာတွေကိုတောင် လျှော့ချပေးနိုင်ပါတယ်။

    သံပရာရည်ကတော့ ငယ်ရွယ်နုပျိုစေပြီး အသားအရေလည်း ကြည်လင်စေပါတယ်။ Oatmeal လက်ဖက်စားဇွန်း (၂) ဇွန်း၊ သခွားသီး အနည်းငယ်၊ သံပရာရည် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ ပျားရည် လက်ဖက်စားဇွန်း (၁) ဇွန်းတို့ကို ကြိတ်စက်ထဲ ထည့်ပြီး ရောသမနေအောင် ကြိတ်ချေပါ။ ပြီးရင်တော့ မျက်နှာမှာ လိမ်းပေးပါ။ မိနစ်(၂၀) လောက် ထားပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပေးပါ။

  • အရေးအကြောင်း
  • Skin Care ကောင်းကောင်းမလုပ်ဘူးဆိုရင်တော့ အသက်ငယ်ငယ်လေးနဲ့ မျက်နှာမှာ အရေးအကြောင်းတွေ ထင်လာမှာနော်။ ဒီတော့ အရေးအကြောင်းတွေ မဖြစ်စေဖို့အတွက် ပေါင်းတင်လို့ ရပါတယ်။ ဒိန်ချဉ်မှာ အသားအရေကို အားဖြည့်ပေးနိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်ပြီး အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

    လိမ္မော်သီးမှာတော့ ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေတဲ့ ဗီတာမင် စီ တွေ ပါဝင်ပါတယ်။ Oatmeal လက်ဖက်စားဇွန်း (၁) ဇွန်း၊ ဒိန်ချဉ် လက်ဖက်စားဇွန်း (၁) ဇွန်းနဲ့ လိမ္မော်သီးညှစ်ထားတဲ့အရည် လက်ဖက်စားဇွန်း(၁) ဇွန်းတို့ကို သမအောင် ရောစပ်ပြီး မွှေလိုက်ပါ။ မျက်နှာပေါ်မှာ ခပ်ထူထူလေး လိမ်းပါနော်။ (၁၅) မိနစ်လောက် လိမ်းထားပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement