backup og meta

ခုခံအားတက်ဖို့ နည်းလမ်းတွေ

လူ့ခန္ဓာကိုယ်ရဲ့ immune system လို့ခေါ်တဲ့ ခုခံအားစနစ်ဟာ ရောဂါပိုးတွေကနေ ကာကွယ်တိုက်ထုတ်ပေးပါတယ်။ များသောအားဖြင့် ခုခံအားစနစ်ဟာ အလုပ်ကောင်းကောင်းလုပ်ပေမယ့် တစ်ခါတရံမှာတော့ ခုခံအားစနစ်ယိုယွင်းနေတတ်ပါတယ်။ အဲဒီအခါ ကျွန်မတို့တတွေ ဖျားနာကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ခန္ဓာကိုယ် ခုခံအားစနစ်ကို အရှိန်မြင့်စေတဲ့ နည်းတွေရှိပါတယ်။

ခုခံအားတက်ဖို့ နည်းလမ်းတွေ

 ခုခံအားစနစ်ဆိုတာ အထူးဆဲလ်တွေ၊ တစ်သျှူးတွေ၊ ပရိုတင်းဓာတ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေဟာ ပြင်ပကဝင်လာတဲ့ ရောဂါပိုးမွှားတွေကို စုပေါင်းတိုက်ထုတ်ကြတဲ့ စနစ်ဖြစ်ပါတယ်။  ခုခံအားစနစ် အားကောင်းနေတဲ့အချိန်မှာ ဘက်တီးရီးယား ၊ ကပ်ပါးကောင်၊ ဗိုင်းရပ်စ်တွေ စတဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ခြိမ်းခြောက်နိုင်တဲ့ ပိုးမွှားတွေကို တွေ့တဲ့အခါ ဒီပိုးမွှားတွေကို တုံ့ပြန်ဖျက်ဆီးဖို့အချက်ပေးပါတယ်။

ဘယ်လိုအခြအနေတွေက ခုခံအားကိုနည်းစေသလဲ

 ယျေဘုယျအားဖြင့် ခုခံအားစနစ်ဟာ သဘာဝအလျောက် အလုပ်ကောင်းကောင်းလုပ်ပြီး ဘာမှအထူးတလည်ပြုပြင်ပေးဖို့မလိုအပ်လှပါဘူး။ သို့ပေမယ့် အောက်ဖော်ပြပါ အခြေအနေမျိုးတွေမှာတော့ ခုခံအားကျဆင်းနေနိုင်ပါတယ်။

(၁) မွေးရာပါ ခုခံအားကျဆင်းတဲ့ အခြေအနေရှိခြင်း ၊ သူတို့ဟာ ငယ်စဉ်ကတည်းက ခုခံအားစနစ်ရဲ့ အချို့သော ဓာတ်တွေချို့တဲ့နေတဲ့အတွက် ခုခံအားကျဆင်းတတ်ပါတယ်။

 (၂) HIV၊ မီးလောင် ဆီပူလောင် ရေနွေးပူလောင်ခြင်း အာဟာရမပြည့်ဝခြင်း ကင်ဆာဆေးဝါးလို ဓာတုဗေဒကုထုံးခံယူနေရသူတွေ နဲ့ နာတာရှည်ရောဂါရှိသူတွေ

(၃) ပန်းနာရင်ကြပ်နဲ့ ဓာတ်မတည့်ရောဂါရှိသူတွေ

(၄) ကိုယ့်ခုခံအားစနစ်ကို ကိုယ်ပြန်တိုက်တဲ့ရောဂါရှိသူတွေ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊ အမျိူးအစားတစ်ဆီးချိူရောဂါနဲ့ multiple sclerosis လို့ခေါ်တဲ့ ရောဂါတွေရှိသူတွေမှာ ခုခံအားစနစ်ဟာ ရောဂါပိုးမွှားတွေကိုသာမက ကိုယ်တွင်းစနစ်တွေကိုမှားယွင်းပြီး ပြန်တိုက်တတ်တဲ့အတွက် ခုခံအားကျတတ်ပါတယ်။

 Life style နဲ့ ခုခံအားစနစ်  ဘယ်လို ဆက်စပ်သလဲ

ခုခံအားစနစ်တစ်ခုလုံးကောင်းကောင်းအလုပ်လုပ်ဖို့ဆိုရင် ဟန်ချက်ညီတဲ့ မျှခြေတစ်ခုရှိဖို့အရေးကြီးပါတယ်။ သုတေသနပြုသူတွေတွေဟာ ခုခံအားစနစ်နဲ့ ဘဝနေထိုင်တဲ့ ပုံစံဟာ အများကြီးဆက်စပ်နေတယ်လို့ ဖော်ပြကြပါတယ်။ အောက်ဖော်ပြပါနည်းလမ်းတွေဟာ ခုခံအားစနစ်ကို အရှိန်မြှင့်ပေးနိုင်ပါတယ်။

(၁) ဟင်းသီးဟင်းရွက် သစ်သီးဝလံများများစားသုံးပေးခြင်း

(၂) ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း

(၃) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း

(၄) ဆေးလိပ်မသောက်ခြင်း

(၅) အရက်ကို အသင့်အတင့်သာသောက်ခြင်း

(၆) အိပ်ရေးဝဝအိပ်စက်ခြင်း

(၇) လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးခြင်းဖြင့် ရောဂါပိုးကူးစက်မှုကိုကာကွယ်ခြင်း

(၈) စိတ်ဖိစီးမှု လျော့ကျအောင်နေခြင်း

(၉) ယောဂဆော့ခြင်း တရာထိုင်ခြင်း

အစာစားသုံးမှုပုံစံနဲ့ ခုခံအားစနစ်

သင့်တင့်မျှတတဲ့ အစာအုပ်စုအစုံပါဝင်တဲ့ အစားအသောက်ပုံစံဟာ ခုခံအားစနစ်ကိုတကယ်ပဲ အထောက်အကူပြုပါတယ်။ ဗီတာမင် အေ စီ ဒီနဲ့ သတ္ထုဓာတ်တွေသောက်သုံးပေးခြင်းကလဲ ခုခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ ဥပမာအားဖြင့် ဇင့်ဓာတ်ချို့ယွင်းခြင်းဟာ နာတာရှည်ရောဂါတွေကိုဖြစ်စေတဲ့ အပြင် ခုခံအားနဲ့ပတ်သက်တဲ့ ရောင်ရမ်းမှူကို တုန့်ပြန်တဲ့နေရာမှာ ထိခိုက်စေတယ်လို့တွေ့ရှိထားပါတယ်။ ဗီတာမင် ဒီကို (သင့်တင့်တဲ့ ပမာဏ) ကိုယ်ဝန်ဆောင်စဉ်မှာ တိုက်ကျွေးတဲ့အခါ မွေးလာတဲ့ ကလေးမှာ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတွေ နဲ့ ပန်းနာရင်ကြပ်ဖြစ်ပွားမှူတွေကို  ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။

ခုခံအားတက်စေတဲ့အစားအသောက်တွေ

       (၁) ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေဟာ ရောင်ရမ်းမှု အဆင့်ကို မြန်ဆန်စေလို့ ရောဂါပိုးဝင်တဲ့အခါ တိုက်ထုတ်မှူကို မြန်စေပါတယ်။

       (၂) ဘလူးဘယ်ရီနဲ့ အနီရောင်စပျစ်သီးတွေဟာ CAMP gene ကိုမြင့်တက်စေခြင်းဖြင့် ခုခံအားစနစ်ကို ကူညီပေးပါတယ်။

       (၃) ငါးကြီးဆီ DHA ပါဝင်တဲ့ ငါးကြီးဆီဟာ B cell ရဲ့ လုပ်ငန်းဆောင်တာကိုကောင်းမွန်ေစပြီး ခုခံအားကို တိုးတက်စေပါတယ်။

       (၄)နနွင်းမှာတွေ့ရတဲ့ curcumin ဆိုတဲ့ ဓာတ်တစ်မျိူးဟာ ခုခံအားကောင်းဖို့ ကူညီပေးပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

21/07/2022

Dr. Seinn Moe Satt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

ကိုယ်ခံအားကောင်းစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်အချို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Seinn Moe Satt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။