backup og meta

နှလုံးသွေးလွှတ်ကြောရောဂါ၏ အခြားဖြစ်ပွားပုံ


Dr. Thant Zin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးသွေးလွှတ်ကြောရောဂါ၏ အခြားဖြစ်ပွားပုံ

    နှလုံးသွေးလွှတ်ကြောရောဂါဟာ အမျိုးသားတွေရော အမျိုးသမီးတွေပါ သေဆုံးမှုများတဲ့ ရောဂါဖြစ်ပါတယ်။ နှလုံးနဲ့ပတ်သက်နေတဲ့ ပြသနာတွေထဲမှာ အတွေ့ရအများဆုံး ဖြစ်ပါတယ်။

    နှလုံးသွေးလွှတ်ကြောရောဂါဆိုတာ

    နှလုံးရောဂါ

    – နှလုံးသွေးကြောရောဂါ

    – သွေးလွှတ်ကြောအတွင်းအနည်ထိုင်၍ကျဉ်းခြင်း

    – သွေးလွှတ်ကြောများကျဉ်းခြင်း

    – သွေးလွှတ်ကြောများမာခြင်း

    – သွေးကြောပိတ်၍ဖြစ်သော နှလုံးရောဂါ စတာတွေကို

    ဆိုလိုပါတယ်။

    အဓိပ္ပါယ်ဖွင့်ဆိုချက်

    နှလုံးသွေးလွှတ်ကြောကျဉ်းရခြင်းဟာ သွေးကြောထဲမှာ အနည်တွေစုပုံလာလို့ ဖြစ်ပါတယ်။ ဒီသွေးလွှတ်ကြောတွေဟာ နှလုံးကြွက်သားဆီကို အောက်ဆီဂျင်များတဲ့သွေးကို ပို့ပေးပါတယ်။ ဒီသွေးကြောထဲမှာ အနည်တွေစုပုံပြီး ကျဉ်းမြောင်းလာတတ်ပါတယ်။ တဖြည်းဖြည်း မာကြောလာတာ ပေါက်ထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ သွေးကြောကျဉ်းလာတဲ့အခါ နှလုံးဆီကို အောက်ဆီဂျင်ပို့ပေးနိုင်တာ လျော့နည်းလာပါတယ်။ သွေးကြောထဲက အနည်ဖတ်တွေပေါက်သွားရင် သေါးခဲဖြစ်ပေါ်တတ်ပါတယ်။ သွေးခဲကြီးရင် သွေးလျှောက်ခြင်းကို ပိတ်ဆို့နိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးလွှတ်ကြောဟာ မာကြောပြီးကျဉ်းမြောင်းလာပါတယ်။

    လက္ခဏာများ

    နှလုံးကြွက်သားကို အောက်ဆီဂျင်ပါတဲ့သွေးရောက်တာ နည်းသွားရင်၊ သွေးကြောပိတ်သွားရင် နှလုံးအောင့်တတ်ပါတယ်။ ရင်ဘတ်နေရာက အောင့်တာ၊ မသက်မသာဖြစ်တာမျိုး ကြုံရပါတယ်။ ရင်ခေါင်းထဲမှာ ညှစ်ဆုပ်ထားသလို ခံစားရပါတယ်။ နာကျင်မှုဟာ ပုခုံး၊ လက်မောင်း၊ လည်ပင်း၊ မေး၊ နောက်ကျောစတဲ့နေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။

    နှလုံးကြွက်သားကို အောက်ဆီဂျင်ပါတဲ့သွေးရောက်တာ နည်းသွားရင်၊ သွေးကြောပိတ်သွားရင် နှလုံးအောင့်တတ်ပါတယ်။ ရင်ဘတ်နေရာက အောင့်တာ၊ မသက်မသာဖြစ်တာမျိုး ကြုံရပါတယ်။ ရင်ခေါင်းထဲမှာ ညှစ်ဆုပ်ထားသလို ခံစားရပါတယ်။ နာကျင်မှုဟာ ပုခုံး၊ လက်မောင်း၊ လည်ပင်း၊ မေး၊ နောက်ကျောစတဲ့နေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ တခါတရံမှာ အစာမကြေလို့ ဗိုက်အောင့်တာနဲ့ တူတ်ပါတယ်။

    နှလုံးထိခိုက်မှုဟာလည်း နှလုံးကြွက်သားမှာ အောက်ဆီဂျင်ပါတဲ့သွေး ပြတ်တောက်သွားရင် ဖြစ်တတ်ပါတယ်။ သွေးပြန်မရတော့ရင် အဲဒီနှလုံးကြွက်သားဟာ အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် နှလုံးထိခိုက်မှုဟာ အရေးပေါ်ကုသရမယ့် ကျန်းမာရေးပြသနာဖြစ်ပါတယ်။

    နှလုံးသွေးကြောကျဉ်းခြင်းဟာ နှလုံးကြွက်သားတွေကို အားနည်းလာစေပြီး နှလုံးအလုပ်မလုပ်တော့တာ၊ နှလုံးခုန်မမှန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ နှလုံးအလုပ်မလုပ်ခြင်းဆိုတာ နှလုံးအနေနဲ့ ကိုယ်ခန္ဓါက လိုအပ်တဲ့သွေးပမာဏကို ညှစ်ထုတ်မပေးနိုင်တော့တာ ဖြစ်ပါတယ်။ နှလု့းခုန်မမှန်ခြင်းကတော့ နှလုံးခုန်တဲ့ စည်းချက်ဟာ ပုံမှန်မဖြစ်တော့တာကို ဆိုလိုပါတယ်။

    ရောဂါရှာဖွေခြင်း

    နှလုံးအထူးကုဆရာဝန်ဟာ သင်နဲ့သင့်မိသားစုရဲ့ ကျန်းမာရေးရာဇဝင်၊ ဖြစ်ပွားနိုင်ခြေ အကြောင်းရင်း၊ လက်တွေ့စမ်းသပ်ချက်၊ ဓါတ်ခွဲခန်းရလာဒ် စတာတွေကို မူတည်ပြီး ရောဂါရှာဖွေ အတည်ပြု ပါလိမ့်မယ်။ စမ်းသပ်ချက်တခုတည်းနဲ့ နှလုံးသွေးကြောကျဉ်းကြောင်း မပြောနိုင်ပါဘူး။ သင့်မှာ ဒီရောဂါရှိနေပြီလို့ ဆရာဝန်က ယူဆတဲ့အခါ အောက်ပါ စမ်းသပ်မှုတွေကို အကြံပြုပါလိမ့်မယ်။

    – အီးစီဂျီ

    – နှလုံးပုံရိပ်ဖော်စမ်းသပ်ခြင်း

    – ဖိအားစစ်ဆေးခြင်း

    – ရင်ဘတ်ဓါတ်မှန်

    – သွေးစစ်ခြင်း

    – နှလုံးသွေးကြောပုံရိပ်ဖော်၍ စစ်ဆေးခြင်း စတာတွေ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် နှလုံးသွေးကြောကျဉ်းခြင်း ဖြစ်ပွားနိုင်ခြေဟာ သင့်ဆီမှာ ဖြစ်ပွားနိုင်ခြေ အကြောင်းရင်း ဘယ်နှချက်ရှိလဲဆိုတာပေါ် မူတည်ပါတယ်။ နေထိုင်မှုပုံစံပြောင်းခြင်း၊ ဆေးဝါးကုသခြင်း၊ ဆေးကုသမှုလုပ်ငန်းစဉ်များ ခံယူခြင်း စတာတွေဟာ နှလုံးသွေးကြောရောဂါကိုရော တခြားဆက်စပ်နေတဲ့ ကျန်းမာရေးပြသနာတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement