backup og meta

ဇီယာရွက် ကပေးတဲ့ ကျန်းမာရေး

ဇီယာရွက် ကပေးတဲ့ ကျန်းမာရေး

ချောင်းတွေဆိုးနေတယ်။ လည်ချောင်းတွေနာတယ်၊ နှာခေါင်းတွေပိတ်တယ်။ နေရခက်ပေမယ့် ဆေးတော့မသောက်ချင်ဘူး၊ ဆိုတဲ့ helloဆရာဝန်ရဲ့ ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ နဲ့ နှာခေါင်းပိတ်တာတွေကို သက်သာစေနိုင်မယ့် သဘာဝကပေးတဲ့ ဆေးတစ်မျိုးအကြောင်း ပြောပြပေးပါရစေလား။ ဒါကတော့ ဇီယာရွက် ပါ။

ဇီယာရွက် (သို့မဟုတ်) ဆေးသောက်စရာမလိုဘဲ ချောင်းဆိုးပျောက်စေမယ့် သဘာဝဆေးနည်း

ငယ်ငယ်က ဖိုးဖိုးဖွားဖွားတွေ တိုက်လို့ သောက်မိကောင်း သောက်မိဖူးပါလိမ့်မယ်။ ဇီယာရွက်က တကယ်လည်း ဆေးဖက်ဝင်သလို ချောင်းဆိုးတာကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ်

အအေးမိတာကြောင့် လည်ချောင်းနာနေမယ်။ နှာစေးနှာပိတ်ဖြစ်နေမယ်၊ ချောင်းဆိုးနေမယ်ဆိုရင်တော့ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ဝါးစားပေးပါ။ ဒါမှမဟုတ် ရေနွေးဆူဆူထဲကို ထည့်ပြီးသောက်ပေးပါ။ ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းတလျှောက်မှာ ဘက်တီးရီးယားတွေရှိနေရင်လည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။

အဖျားသက်သာစေနိုင်တယ်

အအေးမိဖျားနာခံစားရတဲ့အခါမှာလည်း အဖျားသက်သာစေဖို့ ဇီယာရွက်ကို စားသုံးပေးလို့ရပါတယ်။ ဇီယာရွက်က  ကိုယ်ခံအားကောင်းစေနိုင်သလို ချွေကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အနာကျက်လည်းမြန်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တယ်

စိတ်ဖိစီးနေတာ၊ စိတ်ပူပန်မှုတွေများနေရင်လည်း ဇီယာရွက်ကို စားပေးလို့ရပါတယ်။ စိတ်ဖိစီးနေတာကို သက်သာစေဖို့အတွက် ရေနွေးဆူဆူထဲမှာ ရေစင်အောင်ဆေးထားတဲ့ ဇီယာရွက် ကို စိမ်ပြီး သောက်ပေးလို့ရပါတယ်။ စိတ်ကိုတည်ငြိမ်စေသလို ညတိုင်းလည်း အိပ်ပျော်စေမှာပါ။

အသားအရေကျန်းမာစေနိုင်တယ်

အရေပြား​ပြဿနာအတွက်လည်း ဇီယာရွက် ကို အသုံးပြုပေးလို့ရပါတယ်။ အရေပြားမျာ ပိုးကောင်ကိုက်ခံရတဲ့အခါ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ကြိတ်ခြေလို့ အုံပေးလို့ရပါတယ်။ အရေပြားမှာ နီမြန်းရောင်ရမ်းနေတာတွေ၊ ယားယံနေတာတွေရှိမယ်ဆိုရင်လည်း သက်သာစေမှာပါ။

ကင်ဆာကာကွယ်ပေးနိုင်တယ်

ဇီယာရွက်မှာ ဓာတ်တ်ုးဆန့်ကျင်အာနိသင်ပါဝငနေတာကြောင့် ကင်ဆာဆဲလ်တွေပွားတာကို တားဆီးပေးနိုင်သလို ခန္ဓာကိုယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ထိခိုက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ကျောက်ကပ် ကျန်းမာစေနိုင်တယ်

ဇီယာရွက်က ဆီးရွှင်စေနိုင်ပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဆီးကနေတဆင့် ဖယ်ရှားပေးနိုင်ပါတယ်။ ကိုယ်တွင်းမျာပိုနေတဲ့ အငန်ဓာတ်တွေ၊ အဆီဓာတ်တွေ၊ ရေဓာတ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်စေမှာပါ။

Irritable Bowel Syndrome (IBS) အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့ပြဿနာ ကိုသက်သာစေနိုင်တယ်

အစာအိမ်နာတာနဲ့ အစာခြေစနစ်ရောင်ရမ်းတာတွေကို သက်သာစေနိုင်သလို အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့ပြဿနာ (IBS) ခံစားနေရတာကိုလည်း သက်သာစေနိုင်ပါတယ်။ IBS ရှိနေမယ်ဆိုရင် ဇီယာရွက်ကို ရေစင်အောင်ဆေးလို့ ရေနွေးထဲစိမ်ပြီး သောက်ပေးပါ။

အဆစ်ရောင်တာကို သက်သာစေနိုင်တယ်

Omega-6 fatty acids ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆစ်ရောင်နာဖြစ်နိုင်ခြေကို နည်းစေနိုင်သလို ဖြစ်လာခဲ့ရင်လည်း အဆစ်နာတာကို သက်သာစေနိုင်ပါတယ်။ အရိုးပွရောဂါကို ကာကွယ်ဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။

အမြင်အာရုံကောင်းစေတယ်

ဗီတာမင် A ကြွယ်ဝစွာပါဝင်နေမှုကြောင့် အမြင်အာရုံကို အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ မျက်လုံးကြွက်သားတွေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်။

အရွက်ခပ်ထူထူလေးနံ့ အပေါ်မှာအမွှေးပါးလေးတွေ အုပ်ထားတဲ့ ဇီယာရွက်လေးက အခုလို ကျန်းမာရေးအကျိုးကျေးဇူးအများကြီးကို ပေးစွမ်းနိုင်တယ်ဆိုတော့ ရေနွေးလေးထဲစိမ်လို့ ဆေးဖြစ်ဝါးဖြစ်သောက်ကြည့်ဖို့ ပြောပါရစေနော်။

ဘာတွေ သတိထားရမလဲ

ဇီယာရွက်က ချောင်းဆိုး သက်သာစေသလို ဆေးဖက်ဝင်တာ မှန်ပေမယ့် အလွန်အကျွံ မသုံးဖို့တော့ လိုပါမယ်။ နောက်တစ်ခုက ဇီယာရွက်ကို အသုံးမပြုခင်မှာ ရေစင်အောင် ဆေးကြောဖို့ပါ။

ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေ ရောဂါအခံ တစ်ခုခု ရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

9 Amazing Benefits Of Indian Borage (Mexican Mint) https://www.organicfacts.net/health-benefits/herbs-and-spices/indian-borage-mexican-mint.html Accessed Date 23 December 2019

Health benefits of Indian Borage https://www.healthbenefitstimes.com/indian-borage/ Accessed Date 23 December 2019

ယခုပုံစံ

12/10/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျဉ်းမရွက် ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်

ပရန္နဝါရွက် ရဲ့ ဆေးဖက်ဝင်ပုံက


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement