တစ်ကိုယ်ရည်သန့်ရှင်းရေးတစ်ခုမှာ အရေးအကြီးဆုံးက ဘယ်ဟာလို့ထင်ပါသလဲ။ တစ်နေ့မစားရင် မနေနိုင်ကြတဲ့အတွက် အစားစားတဲ့နေရာမှာ အဓိက အရေးပါတဲ့ လက်သန့်ရှင်းရေးက အရေးအကြီးဆုံးပါ။ သန်ကောင်တွေရန်ကလည်း ကြောက်ရတယ်မလား။
လက်ကိုသန့်စင်တဲ့နေရာမှာ ရေနဲ့ဆပ်ပြာသုံးပြီး သန့်စင်နိုင်သလို ခုနောက်ပိုင်း ရေမရနိုင်တဲ့နေရာတွေမှာပါ သုံးလို့ရတဲ့ ရေမလို လက်သန့်ဆေးရည်တွေ ထွက်လာပါပြီ။
ရေမလိုလက်သန့်ဆေးရည်တွေက နေရာတိုင်းမှာ အလွယ်တကူ ဝယ်လို့ရနိုင်တဲ့အပြင် သုံးရတာလည်း လွယ်ကူတယ်မလား။ တစ်ချို့ဆို ရေနဲ့ဆပ်ပြာနဲ့တောင် မသုံးတော့ဘဲ ရေမလိုလက်သန့်ဆေးရည်တွေကိုပဲ လွယ်လွယ်သုံးလိုက်ကြတာတွေရှိပါတယ်။